Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂျပန်မှာ ကုန်တင်သင်္ဘော နှစ်ပိုင်းကျိုးပြီး ရေနံယိုစိမ့်မှုတွေဖြစ်ပွား

ဂျပန်နိုင်ငံ ကမ်းလွန်မှာ ကုန်တင်သင်္ဘောကြီးတစ်စီး နှစ်ပိုင်းကျိုးသွားပြီး ရေနံယိုစိမ့်မှုတွေ ဖြစ်ပွားနေကြောင်း သိရပါတယ်။

ပနားမား နိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ Crimson Polaris သင်္ဘောဟာ ဂျပန်မြောက်ပိုင်း၊ ဟာချီနိုဟီ ဆိပ်ကမ်းကို ဦးတည် ခုတ်မောင်းနေရင်း ဩဂုတ် ၁၁ ရက်မှာ သောင်တင်သွားခဲ့ပါတယ်။ နောက်တော့ သောင်တင်ရာက လွတ်မြောက်အောင် ရုန်းထွက်နိုင်ခဲ့ပေမယ့် ရာသီဥတု ဆိုးရွားမှုနဲ့ တခြားထိခိုက်မှုတွေကြောင့် ကိုယ်ထည် နှစ်ပိုင်း ကျိုးသွားခဲ့တာလို့ ကမ်းခြေစောင့် တပ်ဖွဲ့က ပြောပါတယ်။

သင်္ဘောပေါ်မှာ တရုတ်နဲ့ ဖိလစ်ပိုင် နိုင်ငံသား အမှုထမ်း ၂၁ ဦး လိုက်ပါလာပြီး အားလုံးကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။ တန်ချိန်လေးသောင်းနီးပါးရှိတဲ့ သင်္ဘောကြီးဟာ ရေနံတွေ တင်ဆောင်လာတာကြောင့် ကိုယ်ထည် ကျိုးပျက်ချိန်မှာ ပင်လယ်ထဲ ရေနံတွေ ယိုစိမ့်ကုန်တာပါ။ အခင်းဖြစ်တဲ့ နေရာတဝိုက်မှာ ၁၅ မိုင်လောက်ရှည်တဲ့ ဆီကွက်ကြီးကို ဝေဟင်ကနေ တွေ့မြင်နိုင်ပါတယ်။

အာဏာပိုင်တွေက အဲဒီ ယိုစိမ့်မှုကို ထိန်းချုပ်ဖို့ ကြိုးစားနေပေမယ့် လက်ရှိ အချိန်ထိတော့ အခက်အခဲ ပေါင်းစုံနဲ့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ အဲဒီနေရာ တဝိုက်ကို တခြားသင်္ဘောတွေ ရောက်မလာဖို့အတွက် ကမ်းခြေစောင့် တပ်တွေက လမ်းကြောင်းရှင်းနေပါတယ်။

ရေနံ ယိုစိမ့်မှုတွေကို ထိန်းချုပ်နိုင်ရင်တော့ နှစ်ပိုင်းကျိုးနေတဲ့ သင်္ဘောကြီးကို ဆယ်ယူ ဖယ်ရှားဖို့ လုပ်ငန်း စတင်လာဖွယ် ရှိကြောင်းလည်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်ရဲ့ လက်နက်ပြန်လည် တပ်ဆင်နေမှုအတွက် စစ်ရေးအရ ရွေးချယ်စရာ အစီအမံ အသစ်တွေကို ပြင်ဆင်သွားမယ်လို့ မြောက်ကိုရီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

နိုင်ငံတကာ

ဂျပန် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြောင်း သေဆုံးသူ အရေအတွက်ဟာ ၁၃ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။