Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြို့တော် ကဘူးလ်ကလွဲလို့ အာဖဂန်ရဲ့ အဓိက မြို့ကြီးအားလုံးကို တာလီဘန်တွေ သိမ်းပိုက်

သမ္မတ အက်ရှ်ရက်ဖ် ဂါနီဟာ လက်ရှိ အခြေအနေတွေကြောင့် နိုင်ငံရဲ့ စစ်ဦးစီးချုပ်ကိုပါ ရာထူးကနေ ထုတ်ပယ်ခဲ့ပြီး ဖြစ်ပါတယ်။

မြို့တော် ကဘူးလ်ကလွဲလို့ အာဖဂန် နစ္စတန် နိုင်ငံရဲ့ အဓိက မြို့ကြီးအားလုံး တာလီဘန် စစ်သွေးကြွတွေ လက်အောက် ကျရောက်သွားပြီ ဖြစ်ပါတယ်။

အမေရိကန်နဲ့ မဟာမိတ် နိုင်ငံ စစ်တပ်တွေ အာဖဂန်ကနေ ပြန်လည် ရုပ်သိမ်းသွားချိန် ကတည်းက တာလီဘန်တွေဟာ အာဖဂန် အစိုးရ တပ်တွေအပေါ် စစ်ရေး အသာစီး ရလာခဲ့ပါတယ်။ အမေရိကန် စစ်ဗိုလ်ချုပ်တွေက တာလီဘန်တွေ အနေနဲ့ ရက်ပေါင်း ၉၀ အတွင်း အာဖဂန် တစ်နိုင်ငံလုံးကို သိမ်းပိုက်သွားနိုင်တယ်လို့ ဝန်ခံထားခဲ့ပြီး လက်ရှိ နှုန်းကတော့ အဲဒီ ခန့်မှန်းချက်ထက် ပိုမြန်နေတဲ့ သဘောပါပဲ။

ဩဂုတ် ၁၄ ရက်မှာ နိုင်ငံ အရှေ့ပိုင်းက ဂျာလာလာဘတ်မြို့ကို တာလီဘန်တွေက သိမ်းယူခဲ့ပါတယ်။ အဲဒီ မတိုင်ခင်တုန်းကလည်း နိုင်ငံမြောက်ပိုင်း မာဇာအီ ရှာရစ်ဖ်မြို့က အစိုးရ တပ်တွေ ဆုတ်ခွာခဲ့ရပါတယ်။

သမ္မတ အက်ရှ်ရက်ဖ် ဂါနီဟာ လက်ရှိ အခြေအနေတွေကြောင့် နိုင်ငံရဲ့ စစ်ဦးစီးချုပ်ကိုပါ ရာထူးကနေ ထုတ်ပယ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ သူကိုယ်တိုင်ပါ ရာထူးက နုတ်ထွက်ပေးဖို့ ဖိအားပေးမှုတွေနဲ့ ကြုံလာရပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိ အခြေအနေမှာတော့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ထောင်နဲ့ချီ များပြားတဲ့ စစ်သည်တွေ ကဘူးလ်မြို့ကို စေလွှတ်ပြီး သံအရာရှိတွေ အန္တရာယ်ကင်းကင်း ထွက်ခွာနိုင်ရေး အပူတပြင်း ဆောင်ရွက်နေကြတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို သောကြာနေ့၊ ဇွန်လ ၁၉ ရက်မှာ အလုံးစုံ ပြန်ဖွင့်နိုင်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

အတွေးအမြင်

အမေရိကန်နိုင်ငံရေးအခင်းအကျင်းမှာ ၂၀၂၆ ခုနှစ်အလယ်သက်တမ်းရွေးကောက်ပွဲကို မျက်စိကျလာနေချိန်မှာ သမ္မတဒေါ်နယ်ထရမ့်အတွက် စိုးရိမ်စရာအချက်တစ်ခု ထင်ထင်ရှားရှားပေါ်လာနေပါတယ်။ အဲဒါကတော့ နှစ်ပေါင်းများစွာ သူ့ရဲ့ နိုင်ငံရေးအင်အား အခြေခံအဖြစ် ရပ်တည်ခဲ့တဲ့ အလုပ်သမားတန်းစား လူဖြူ မဲဆန္ဒရှင်တွေကြားမှာ စီးပွားရေးအပေါ် ယုံကြည်မှု လျော့နည်းလာခြင်းပါ။