Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အာဏာလွန်ဆွဲမှုတွေ ရပ်ကြဖို့ နိုင်ငံရေး ပါတီတွေကို မလေးရှား ဝန်ကြီးချုပ်သစ် တောင်းဆို

နိုင်ငံရေး မတည်မငြိမ် ဖြစ်စေတဲ့ အာဏာလွန်ဆွဲမှုတွေ ရပ်တန်းကရပ်ပြီး အမျိုးသား ရင်ကြားစေ့ရေးကို ပီပီပြင်ပြင် ဆောင်ရွက်ဖို့ မလေးရှား ဝန်ကြီးချုပ်သစ်က တောင်းဆိုခဲ့ပါတယ်။

အစ္စမေးလ် ဆာဘရီ ယာကော့ဘ်ဟာ ဩဂုတ် ၂၂ ရက်က မလေးရှား ဝန်ကြီးချုပ်သစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။ သူဟာ မလေးရှားမှာ ၁၈ လအတွင်း ၃ ယောက်မြောက် ပြောင်းလဲသွားတဲ့ ဝန်ကြီးချုပ်လည်း ဖြစ်ပါတယ်။ မလေးရှားဟာ ပြိုင်ဘက် နိုင်ငံရေး အင်အားစုတွေကြား အားပြိုင်မှုတွေကြောင့် တည်ငြိမ်တဲ့ အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ဖို့ ရုန်းကန်ရတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ပြီးခဲ့တဲ့ အစိုးရနှစ်ဆက် ပြုတ်ကျသွားတာဟာလည်း နောက်ကွယ်က နိုင်ငံရေး ဖိအားပေးမှုတွေကြောင့် ဖြစ်ပါတယ်။ အစ္စမေးလ်က အမြင်ကွဲပြားမှုတွေကို သေချာ မဖော်ထုတ်နိုင်သ၍ အချင်းချင်း စည်းလုံးဖို့ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။ ပြည်တွင်းမှာ နိုင်ငံရေး ပဋိပက္ခတွေ ဖြစ်ပေါ်နေတဲ့ အခြေအနေတိုင်းကို နားလည် သဘောပေါက်ကြောင်း၊ ဒါပေမဲ့ အခုအချိန်မှာတော့ အားလုံး စုပေါင်းပြီး နိုင်ငံရေး ပြန်လည် တည်ငြိမ်မှုကို ဆောင်ကြဉ်းဖို့ အရေးကြီးကြောင်း၊ နိုင်ငံရေး ပါတီတွေ အချင်းချင်း ပူးပေါင်း ဆောင်ရွက်တာတွေ လိုအပ်ကြောင်း ဝန်ကြီးချုပ်က ဆိုပါတယ်။

ရာထူးက နုတ်ထွက်ခဲ့တဲ့ မူယစ်ဒင် ယာဆင်ရဲ့ ဝန်ကြီးချုပ် နေရာကို အစ္စမေးလ်က ဆက်ခံမယ်လို့ မလေးရှား ဘုရင်က ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ကြေညာခဲ့ပါတယ်။ မလေးရှား လွှတ်တော်မှာ အမတ်ပေါင်း ၂၂၀ ရှိတဲ့အနက် ၁၁၄ ဦးက အစ္စမေးလ်ကို ထောက်ခံ မဲပေးခဲ့ကြပါတယ်။

အစ္စမေးလ် ဝန်ကြီးချုပ် ဖြစ်သွားတာဟာ မလေးရှား အတိုက်အခံခေါင်းဆောင် အန်ဝါ အီဘရာဟင် အတွက်တော့ ကြီးမားတဲ့ ထိုးနှက်ချက် တစ်ခုပဲ ဖြစ်ပါတယ်။ သူဟာ ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်ရဲ့ နေရာမှာ ဆက်ခံဖို့ သဘောတူညီမှု ရယူထားခဲ့ပေမယ့် လက်တွေ့ ဖြစ်မြောက်မလာဘဲ လက်ရှိ အချိန်ထိ အတိုက်အခံ အနေနဲ့သာ ဆက်ရှိနေပါတယ်။ ၂၀၂၀ ပြည့်နှစ် အစောပိုင်းမှာတော့ မဟာသီယာက ဝန်ကြီးချုပ် ရာထူးက နုတ်ထွက်ခဲ့ပြီး အဲဒီအချိန်ကစလို့ ပြည်တွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေ ဆက်တိုက် ပေါ်ပေါက်နေခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

UFC ဖလိုင်းဝိတ်တန်း ချန်ပီယံ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်ဟာ ငယ်စဥ်က ပညာသင်ခဲ့တဲ့မလေးရှားနိုင်ငံက ချင်းဒုက္ခသည်များဆိုင်ရာ လူထုအခြေပြုကျောင်း (Chin Community Schools) ကို ၁၃ နှစ်အကြာ သွားရောက်လည်ပတ်ခဲ့ပါတယ်။

သတင်း

Chin Refugee Committee ရဲ့ ၂၅ နှစ်ပြည့်ပွဲမှာ ဖျော်ဖြေတင်ဆက်ပေးမယ့် အဆိုတော် ဖြူဖြူကျော်သိန်းက မလေးရှားနိုင်ငံကို မေ ၂၄ ရက်မှာ ရောက်ရှိလာပါပြီ။

သတင်း

စစ်အာဏာသိမ်းမှုကြောင့် သံတမန်ဆက်ဆံရေး ဖယ်ကြဥ်ခံရအပြီး ငါးနှစ်အကြာမှာ မလေးရှားအစိုးရနဲ့ နေပြည်တော်တို့အကြား ဆက်ဆံရေးတွေ ပြန်လည်ကောင်းမွန်လာဖို့ လုပ်ဆောင်နေကြပြီလို့ မလေးရှားအစိုးရပိုင် Bernama က ဖော်ပြပါတယ်။

သတင်း

UFC ချန်ပီယံ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်နဲ့ အဆိုတော် ဖြူဖြူကျော်သိန်းတို့ မလေးရှားနိုင်ငံမှာ ကျင်းပမယ့် Chin Refugee Committee (CRC)အသင်းရဲ့ ၂၅ နှစ်မြောက် ငွေရတုအခမ်းအနားကို တက်ရောက်ပြီး ပရိသတ်တွေနဲ့ တွေ့ဆုံမယ် လို့ CRC က ထုတ်ပြန်ပါတယ်။