Connect with us

Hi, what are you looking for?

နိုင်ငံတကာ

Quarantine ဝင်ရလို့ ကျမ်းသစ္စာ ကျိန်ဆိုပွဲနဲ့ လွဲခဲ့တဲ့ မလေးရှား ဝန်ကြီးချုပ်သစ်

သူနဲ့ အနီးကပ် ထိတွေ့ခဲ့သူ တစ်ဦးဟာ Covid-19 ရောဂါ ဖြစ်ပွားနေကြောင်း ဆေးစစ် တွေ့ရှိခဲ့တဲ့နောက် ကျန်းမာရေး ဌာနရဲ့ စည်းမျဉ်းတွေနဲ့အညီ Quarantine ဝင်သွားမယ်လို့ အစ္စမေးလ်က ပြောပါတယ်။

မလေးရှား ဝန်ကြီးချုပ်သစ် အစ္စမေးလ် ဆာဘရီ ယာကော့ဘ်ဟာ Quarantine ဝင်နေရတဲ့အတွက် ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားနဲ့ လွဲချော်သွားခဲ့ပါတယ်။

သူနဲ့ အနီးကပ် ထိတွေ့ခဲ့သူ တစ်ဦးဟာ Covid-19 ရောဂါ ဖြစ်ပွားနေကြောင်း ဆေးစစ် တွေ့ရှိခဲ့တဲ့နောက် ကျန်းမာရေး ဌာနရဲ့ စည်းမျဉ်းတွေနဲ့အညီ Quarantine ဝင်သွားမယ်လို့ အစ္စမေးလ်က ပြောပါတယ်။ ဒါကြောင့်လည်း ဩဂုတ် ၃၀ မှာ ကျင်းပမယ့် အစိုးရသစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲကို အစ္စမေးလ် မတက်ရောက် ဖြစ်တော့ပါဘူး။

ဝန်ကြီးတွေနဲ့ ဒုတိယ ဝန်ကြီးတွေက မလေးရှားဘုရင် အယ်လ်ဆူလ်တန် အက်ဘ်ဒူလာ ရီယာတူဒင် အယ်လ်မူစတာဖာ ဘီလာရှားဟ် ရှေ့မှောက် ကျမ်းသစ္စာ ကျိန်ဆိုကြမှာ ဖြစ်ပေမယ့် ဝန်ကြီးချုပ်တော့ အခမ်းအနား မတက်ဖြစ်ဘူးလို့ အစ္စမေးလ်ရဲ့ ရုံးအဖွဲ့က ကြေညာပါတယ်။

ပူထရာဂျာယားမှာ ဩဂုတ် ၃၁ ရက်ကျရင် ပြုလုပ်မယ့် အမျိုးသားနေ့ အခမ်းအနားကိုလည်း ဝန်ကြီးချုပ်က လွဲချော်မှာဖြစ်ပြီး အွန်လိုင်းကသာ ချိတ်ဆက် ပါဝင်ဖို့ စီစဉ်ထားပါတယ်။ အစောပိုင်း သတင်းတွေအရ ဒုတိယ ဝန်ကြီးချုပ် မိုဟာမက် အလာမင်လည်း ရောဂါစွဲကပ်နေလို့ ကျမ်းသစ္စာ ကျိန်ဆိုပွဲနဲ့ လွဲချော်မယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

အစ္စမေးလ်ရဲ့ အစိုးရ အဖွဲ့သစ်မှာ ဝန်ကြီး ၃၁ ဦးနဲ့ ဒုတိယ ဝန်ကြီး ၃၈ ဦး ပါဝင်ပါတယ်။ မလေးရှားဟာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေ ဆက်တိုက် ကြုံနေရပြီး ဝန်ကြီးချုပ် ၃ ဆက် ပြောင်းခဲ့ပါတယ်။ အစ္စမေးလ်ကတော့ သူ့အစိုးရ လက်ထက်မှာ နိုင်ငံရေး အင်အားစုတွေကို ပြန်လည် ရင်ကြားစေ့ဖို့ ကြိုးစားသွားမှာဖြစ်ကြောင်း ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာဆီ ဒုက္ခသည်တွေ ပြန်ပို့နေတာကို ရပ်တန့်ဖို့မလေးရှားအစိုးရကိုကုလသမဂ္ဂ (UN)ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ပညာရှင်တစ်ဦးလည်းဖြစ် ၊မြန်မာနိုင်ငံဆိုင်ရာ လူအခွင့်အရေး အခြေအနေ အထူးအစီရင်ခံစာကို တင်သွင်းရသူလည်းဖြစ်တဲ့ ကယ်လီအီးကာရီကတောင်းဆိုလိုက်ပါတယ်။

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ဟာ အောက်တိုဘာလထဲမှာ မလေးရှားနိုင်ငံကို သွားရောက်ဖွယ် ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်လာ​ကြောင်းရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

ထောင်နဲ့ချီတဲ့ ရွှေ့ပြောင်း ဒုက္ခသည်တွေကိုမလေးရှားက မြန်မာနိုင်ငံဆီ ပြန်ပို့နေတာနဲ့ ပတ်သက်လို့စိုးရိမ်ကြောင်းကုလသမဂ္ဂ (UN)ကပြောကြားပါတယ်။

သတင်း

ကြိုတင်ကြေညာထားတဲ့အတိုင်းရွှေ့ပြောင်းဒုက္ခသည်ဦးရေ ၁,၅၀၀ လောက်ကိုမြန်မာဆီပြန်ပို့တဲ့အစီအစဉ်ကို မလေးရှားက ဒီနေ့ (စက်တင်ဘာ ၂၉ ရက်) မှာ စတင် အကောင်အထည် ဖော်နေပြီ ဖြစ်ပါတယ်။

Trending

Facebook