Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် တပ်တွေ ရှိနေတဲ့ ကဘူးလ် လေဆိပ်ကို ဒုံးကျည် ငါးစင်းနဲ့ ပစ်ခတ်ခံရ

ဩဂုတ် ၃၀ မနက်ပိုင်းက ဟာမစ်ကာဇိုင်း လေဆိပ်ကို ဦးတည်ပြီး ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ အမေရိကန် အာဏာပိုင်တွေက ပြောပါတယ်။

အာဖဂန် နစ္စတန်နိုင်ငံ၊ ကဘူးလ်မြို့တော်က အမေရိကန် စစ်တပ်တွေ အခြေစိုက် နေရာယူထားတဲ့ လေဆိပ်ထဲကို ဒုံးကျည် ငါးစင်းထက်မနည်း ပစ်ခတ် တိုက်ခိုက်တာ ကြုံခဲ့ရကြောင်း သိရပါတယ်။

ဩဂုတ် ၃၀ မနက်ပိုင်းက ဟာမစ်ကာဇိုင်း လေဆိပ်ကို ဦးတည်ပြီး ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ အမေရိကန် အာဏာပိုင်တွေက ပြောပါတယ်။ လေဆိပ်မှာ တပ်ဆင်ထားတဲ့ C-RAM ဒုံးကျည် ကာကွယ်ရေး စနစ်က ကျူးကျော်ဝင်ရောက်လာတဲ့ ဒုံးကျည်တွေကို တုံ့ပြန်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

လေဆိပ်ကို တိုက်ခိုက် ခံရမှုမှာ အသေအပျောက် သတင်းတွေတော့ မကြားခဲ့ရပါဘူး။ ကဘူးလ် အခြေစိုက် အမေရိကန် သံရုံးက လေဆိပ်ကို နောက်ထပ် အကြမ်းဖက် တိုက်ခိုက်မှုတွေ ရှိလာနိုင်တယ်လို့ သတိပေးထားပြီး မကြာခင်မှာပဲ ဒုံးကျည်နဲ့ အပစ်ခံခဲ့ရတာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း လေဆိပ်နားမှာ ဗုံးပေါက်ကွဲမှုတွေကြောင့် အမေရိကန် စစ်သည် ၁၃ ဦး အပါအဝင် လူပေါင်း ၁၇၀ ကျော် သေဆုံးခဲ့ပါတယ်။ ကဘူးလ်ကို တာလီဘန် စစ်သွေးကြွတွေက ပြန်လည် ထိန်းချုပ်လိုက်တဲ့နောက် အာဖဂန်မှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေနဲ့ လုံခြုံရေး စိုးရိမ်ရသူတွေကို လေယာဉ်တွေနဲ့ အရေးပေါ် ရွှေ့ပြောင်းပေးဖို့ အမေရိကန် စစ်တပ်က တာဝန်ယူထားတာပါ။

Public Service Announcement

Public Service Announcement

လေဆိပ်ကို ဒုံးကျည်နဲ့ လှမ်းပစ်တာဟာ အာဖဂန် အခြေစိုက် အိုင်အက်စ် အဖွဲ့ခွဲ အိုင်ဆစ်ကေရဲ့ လက်ချက် ဖြစ်နိုင်တယ်လို့ ယူဆရပေမယ့် အတည်ပြုလို့တော့ မရသေးပါဘူး။ အိုင်ဆစ်ကေဟာ လေဆိပ် ဗုံးခွဲမှုကို ကျူးလွန်ခဲ့တဲ့ အကြမ်းဖက် အဖွဲ့ပါ။ ပြီးတော့ အာဖဂန်မှာ တာလီဘန်တွေရဲ့ ပြိုင်ဘက်အဖြစ် ရပ်တည်နေပါတယ်။

ကနဦး စုံစမ်းမှုတွေအရ အိမ်စီးကား တစ်စီးပေါ်မှာ ပစ်စင်တင်ပြီး ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တာလို့ ယုံကြည်ရကြောင်း သိရပါတယ်။ အဲဒီကားကတော့ မီးလောင် ပျက်စီးနေတာကို တွေ့ရပါတယ်။ နောက်ပိုင်းမှာ တာလီဘန် လက်နက်ကိုင်တွေ ရောက်လာပြီး အခင်းဖြစ်ရာ နေရာတဝိုက်ကို ပိတ်ဆို့ထားပြီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အမေရိကန်ဟာ လေဆိပ် ဗုံးခွဲမှု အပြီးမှာ အိုင်ဆစ်ကေ အဖွဲ့ကို လေကြောင်းကနေ လက်တုံ့ပြန် တိုက်ခိုက်နေပါတယ်။ ဩဂုတ် ၂၉ ရက်က အမေရိကန်ရဲ့ ဒရုန်းနဲ့ တိုက်ခိုက်မှု တစ်ခုမှာ ကလေး ၆ ဦး အပါအဝင် လူ ၉ ဦး သေဆုံးခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်နေပေမယ့် အမေရိကန် စစ်ဘက်ကတော့ အရပ်သားတွေ အသေအပျောက် ရှိတယ်ဆိုတဲ့ အထောက်အထား မတွေ့ကြောင်း ငြင်းဆိုထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။