Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ် ကာကွယ်ဆေး အလုံး ၃ သန်းလောက်ကို မြောက်ကိုရီးယား ငြင်းဆို

မြောက်ကိုရီးယား အစိုးရဟာ ပြည်တွင်းမှာ Covid-19 ရောဂါ ကူးစက်မှုတွေ ရှိနေတယ်လို့ ထုတ်ပြန်တာမျိုး လုံးဝ မရှိသေးပါဘူး။ ဒါပေမဲ့ မြောက်ကိုရီးယားမှာလည်း ကပ်ရောဂါ ဂယက်ကို ခံစားနေရပြီလို့ နိုင်ငံတကာရေးရာ လေ့လာသူတွေက ခိုင်ခိုင်မာမာ ယုံကြည်နေပါတယ်။

တရုတ်နိုင်ငံက ထုတ်လုပ်တဲ့ Covid-19 ကာကွယ်ဆေး အလုံးရေ ၃ သန်း ဝန်းကျင်လောက်ကို မြောက်ကိုရီယားက လက်ခံဖို့ ငြင်းဆိုလိုက်ပါတယ်။

ယူနီဆက်ဖ် အဖွဲ့ကြီးက ကမ္ဘာ့နိုင်ငံတွေကို ကာကွယ်ဆေးတွေ ဖြန့်ဝေပေးနေတဲ့ အစီအမံအရ အထီးကျန် ကွန်မြူနစ် နိုင်ငံအတွက်လည်း ကာကွယ်ရေး အလုံးရေ ၃ သန်းလောက် ပေးပို့ဖို့ စီစဉ်ခဲ့တာပါ။ ဒါပေမဲ့ တရုတ်ကုမ္ပဏီ Sinovacက ထုတ်လုပ်တဲ့ ဆေးတွေကို မြောက်ကိုရီးယားက လက်မခံဘဲ လိုအပ်နေတဲ့ နိုင်ငံတွေဆီသာ ဝေမျှပေးလိုက်ပါလို့ အကြောင်းပြန်ခဲ့ကြောင်း ယူနီဆက်ဖ်က ပြောပါတယ်။

မြောက်ကိုရီးယား အစိုးရဟာ ပြည်တွင်းမှာ Covid-19 ရောဂါ ကူးစက်မှုတွေ ရှိနေတယ်လို့ ထုတ်ပြန်တာမျိုး လုံးဝ မရှိသေးပါဘူး။ ဒါပေမဲ့ မြောက်ကိုရီးယားမှာလည်း ကပ်ရောဂါ ဂယက်ကို ခံစားနေရပြီလို့ နိုင်ငံတကာရေးရာ လေ့လာသူတွေက ခိုင်ခိုင်မာမာ ယုံကြည်နေပါတယ်။

Sinovacရဲ့ ကာကွယ်ဆေးတွေကို ငြင်းလိုက်တယ် ဆိုတာကလည်း မြောက်ကိုရီးယားမှာ မလိုအပ်တာကြောင့် မဟုတ်ဘဲ တရုတ်မှာ ထုတ်လုပ်တဲ့ ဆေးတွေရဲ့ အာနိသင်ကို မယုံကြည်လို့ ဖြစ်နိုင်ကြောင်း သုံးသပ်မှုတွေ ထွက်ပေါ်နေပါတယ်။ မြောက်ကိုရီးယားဟာ ရုရှားက ထုတ်လုပ်တဲ့ Sputnik-V ကာကွယ်ဆေးတွေကို တင်သွင်းဖို့တော့ စိတ်ဝင်စားနေဟန် ရှိပါတယ်။

Public Service Announcement

Public Service Announcement

ယူနီဆက်ဖ်ဟာ ဝင်ငွေနည်းပါးတဲ့ နိုင်ငံတွေဆီ ကာကွယ်ဆေးတွေ ကူညီ ဖြန့်ဝေပေးမယ့် COVAX စီမံကိန်း အစိတ်အပိုင်း အနေနဲ့ မြောက်ကိုရီးယားဆီ Sinovacရဲ့ ကာကွယ်ဆေးတွေ ပေးပို့ဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားဟာ ဇူလိုင်လတုန်းကလည်း ဘေးထွက်ဆိုးကျိုးတွေ စိုးရိမ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ AstraZeneca ကုမ္ပဏီထုတ် ကာကွယ်ဆေးတွေ တင်သွင်းခွင့်ကို ငြင်းဆိုခဲ့ဖူးပါတယ်။

COVAX စီမံကိန်းမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းတွေကတော့ မြောက်ကိုရီးယား ပြည်သူတွေအတွက် ကာကွယ်ဆေးတွေ ထောက်ပံ့ ပေးပို့နိုင်ဖို့ ဆက်လက် ညှိနှိုင်း ကြိုးစားနေဆဲလို့ ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ချင်မင်းဆက်အပေါ် ဝေဖန်ပြစ်တင်မှုများက ကွန်မြူနစ်ပါတီကို အဘယ်ကြောင့် ထိတ်လန့်စေသနည်း

နိုင်ငံတကာ

ရေကြီးရာကနေ မြောက်ကိုရီးယားဖက်ကနေ မျောပါလာတယ်လို့ ယုံကြည်ရတဲ့ မြေမြှုပ်မိုင်းတွေကို တောင်ကိုရီးယားက လိုက်လံ သိမ်းဆည်း ဖယ်ရှားနေရပါတယ်။

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။