Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ခဲနဲ့ အပေါက်ခံရတဲ့ ကနေဒါ ဝန်ကြီးချုပ်

ထရူဒူက လာမယ့် ဩဂုတ်လလယ်မှာ ရွေးကောက်ပွဲကို အချိန်စော ကျင်းပမယ်လို့ ကြေညာထားပါတယ်။ ဒီရွေးကောက်ပွဲမှာ သူဦးဆောင်နေတဲ့ လက်ဝဲယိမ်း လစ်ဘရယ်လ် ပါတီက သောင်ပြိုကမ်းပြို အနိုင်ရမယ်လို့လည်း ထရူဒူက မျှော်လင့်နေပါတယ်။

ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင် ထရူဒူဟာ ခဲလုံးတွေနဲ့ ပစ်ပေါက်ပြီး ရန်ပြုတိုက်ခိုက် ခံခဲ့ရကြောင်း သိရပါတယ်။

မဲဆွယ်ခရီးစဉ် တစ်ခုကနေ အပြန်မှာ ဆန္ဒပြသူတွေက ထရူဒူကို ခဲတွေနဲ့ လှမ်းပေါက်ခဲ့ကြတာ ဖြစ်ပါတယ်။ ခဲလုံး အရွယ်အစားက သိပ်မကြီးသလို ဝန်ကြီးချုပ်လည်း ဒဏ်ရာ မရခဲ့ပါဘူး။ ဒါပေမဲ့ ဒီအတွေ့အကြုံက ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတဲ့ ထရူဒူအတွက် စိတ်ပျက်စရာ ဖြစ်စေခဲ့ပါတယ်။

ထရူဒူက လာမယ့် ဩဂုတ်လလယ်မှာ ရွေးကောက်ပွဲကို အချိန်စော ကျင်းပမယ်လို့ ကြေညာထားပါတယ်။ ဒီရွေးကောက်ပွဲမှာ သူဦးဆောင်နေတဲ့ လက်ဝဲယိမ်း လစ်ဘရယ်လ် ပါတီက သောင်ပြိုကမ်းပြို အနိုင်ရမယ်လို့လည်း ထရူဒူက မျှော်လင့်နေပါတယ်။

စက်တင်ဘာ ၆ ရက်က ထရူဒူဟာ ခဲနဲ့ အပေါက်ခံရသလို အဲဒီမတိုင်ခင် တစ်ပတ်မှာလည်း မဲဆွယ် မိန့်ခွန်းပြောမယ့် အစီအစဉ်ကို ဆန္ဒပြသူတွေ ဒေါသတကြီး လာရောက် စုဝေးခဲ့တာကြောင့် ပွဲပျက်ခဲ့ပါသေးတယ်။

Public Service Announcement

Public Service Announcement

အတိုက်အခံ ကွန်ဆာဗေးတစ် ပါတီခေါင်းဆောင် အီရင် အိုတူလီကတော့ ဝန်ကြီးချုပ်ကို ခဲနဲ့ပေါက်ကြတဲ့ လုပ်ရပ်အပေါ် ဝေဖန် ရှုတ်ချသွားခဲ့ပါတယ်။ နိုင်ငံရေးကို အကြောင်းပြုပြီး ကိုယ်ထိလက်ရောက် ရန်လို တိုက်ခိုက်တာမျိုးတွေကို ဘယ်လို နည်းနဲ့မှ လက်ခံနိုင်စရာ အကြောင်းမရှိဘူးလို့ အိုတူလီက ဆိုပါတယ်။

ထရူဒူဟာ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် အရွယ်ရောက်ပြီးတဲ့ နိုင်ငံသားအားလုံး ကာကွယ်ဆေး မဖြစ်မနေ ထိုးဖို့ လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောကြားထားပါတယ်။ ပြီးခဲ့တဲ့ လကလည်း ကနေဒါ ဗဟိုအစိုးရ လက်အောက်ခံ ဝန်ထမ်းအားလုံး အောက်တိုဘာ လမကုန်ခင် ကာကွယ်ဆေး မထိုးရင် အလုပ်က ထုတ်ပယ်ခံရမယ်ဆိုတဲ့ ညွှန်ကြားချက် ထွက်ရှိခဲ့ပါတယ်။ ကနေဒါဟာ ကမ္ဘာပေါ်မှာ Covid-19 ကာကွယ်ဆေး ထိုးနှံနိုင်စွမ်း အမြင့်ဆုံး နိုင်ငံတွေထဲမှာ ပါဝင်တယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံးစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ရုရှားမောင်နှမအသတ်ခံရမှုဟာကွင်းဆက်လူသတ်မှုအသွင် ဆောင်လာတဲ့နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တခြားခရီးစဉ်တစ်ခုကနေအချိန်စောပြန်လာပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

နိုင်ငံတကာ

ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီ နုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲ တစ်ခုမှာ ပါဝင်ခဲ့တဲ့နောက် အိန္ဒိယ အတိုက်အခံ ခေါင်းဆောင် ရာဟူလ်ဂန္ဒီကို ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ပါတယ်။

နိုင်ငံတကာ

ကနေဒါဆီကနေ တင်သွင်းတဲ့ ကုန်စည်အမျိုးအစား အများအပြားအပေါ် တန်ဖိုးရဲ့ ၅၀ ရာခိုင်နှုန်းထိ အခွန်တိုးမြှင့် စည်းကြပ်ဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညွှန်ကြားလိုက်ပါတယ်။

နိုင်ငံတကာ

ပြည်သူအားလုံးအတွက် ရပ်တည်ပေးတဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်လာဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ဗြိတိန် ဝန်ကြီးချုပ် အလောင်းအလျာ အန်ဒီ ဘန်ဟမ်က ပြောကြားခဲ့ပါတယ်။