Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရေငုပ်သင်္ဘော အခြေစိုက် ဟိုက်ပါဆောနစ် ဒုံးကျည်အသစ် ရုရှားစမ်းသပ်

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ နိုင်ငံရဲ့ ဟိုက်ပါ ဆောနစ် လက်နက်နည်းပညာ အဆင့်မြှင့်တင်မှုတွေကို ဂုဏ်ယူ ဝါကြွားလေ့ ရှိပါတယ်။ ဟိုက်ပါဆောနစ် လက်နက်တွေဟာ အရမ်းမြင့်မားတဲ့ မြန်နှုန်းမျိုးနဲ့ ပျံသန်းနိုင်ပြီး ကြားဖြတ် ဟန့်တားဖို့လည်း မဖြစ်နိုင်သလောက် ခက်ခဲပါတယ်။

ရေငုပ်သင်္ဘော အခြေစိုက် ဟိုက်ပါဆောနစ် ဒုံးကျည် အမျိုးအစားသစ် တစ်ခုကို ပထမဆုံးအကြိမ် အောင်အောင်မြင်မြင် စမ်းသပ် ပစ်လွှတ်နိုင်ခဲ့ကြောင်း ရုရှား စစ်တပ်က အတည်ပြုခဲ့ပါတယ်။

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ နိုင်ငံရဲ့ ဟိုက်ပါ ဆောနစ် လက်နက်နည်းပညာ အဆင့်မြှင့်တင်မှုတွေကို ဂုဏ်ယူ ဝါကြွားလေ့ ရှိပါတယ်။ ဟိုက်ပါဆောနစ် လက်နက်တွေဟာ အရမ်းမြင့်မားတဲ့ မြန်နှုန်းမျိုးနဲ့ ပျံသန်းနိုင်ပြီး ကြားဖြတ် ဟန့်တားဖို့လည်း မဖြစ်နိုင်သလောက် ခက်ခဲပါတယ်။

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက Tsirkon အမျိုးအစား ဒုံးကျည်ကို ရေငုပ်သင်္ဘော တစ်စီးပေါ်ကနေ အခုသီတင်းပတ် အစောပိုင်းမှာ အောင်အောင်မြင်မြင် ပစ်လွှတ်နိုင်ခဲ့ကြောင်း ပြောပါတယ်။ အဲဒီ ဒုံးကျည် အမျိုးအစားကို ဇူလိုင်လတုန်းကလည်း စစ်သင်္ဘော တစ်စီးပေါ်ကနေ စမ်းသပ် ပစ်ခတ်ခဲ့ဖူးပါတယ်။ ဒါကြောင့် Tsirkon ဒုံးကျည်ဟာ ရေပေါ်ရေအောက်ကနေ အခြေစိုက် ပစ်ခတ်နိုင်တဲ့ စွယ်စုံသုံး မဟာဗျူဟာ လက်နက်တစ်ခုအဖြစ် ပိုပြီး ရုပ်လုံးပေါ်လာပါတယ်။

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန် ပြသပြီး Quality လျှော့ချထားတဲ့ ဗီဒီယို တစ်ခုထဲမှာတော့ ဒုံးကျည်ဟာ ရေငုပ်သင်္ဘောကနေ ထောင်လိုက် ထိုးတက်ပြီး ညအမှောင်ယံမှာ တောက်ပ လင်းထိန်လာတာကို တွေ့နိုင်ပါတယ်။ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော တစ်စီးပေါ်ကနေ ဒီဒုံးကျည်ကို အခြေစိုက် ပစ်ခတ်နိုင်တာဟာ စစ်ရေး နည်းပညာ အောင်မြင်မှု တစ်ရပ်လို့ ဆိုနိုင်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာပါတယ်။

Public Service Announcement

Public Service Announcement

အနောက်နိုင်ငံတွေက လက်နက်ရေးရာ ကျွမ်းကျင်ပါရဂူ တချို့ကတော့ ရုရှားရဲ့ လက်နက် အသစ်ဟာ နည်းပညာပိုင်း ဘယ်လောက် အဆင့်မြင့်မလဲ ဆိုတဲ့အပေါ် မေးခွန်းထုတ် လေ့လာနေပါတယ်။ ဒုံးကျည်ရဲ့ မြန်နှုန်း၊ လမ်းကြောင်းပြောင်း ရွေ့လျားနိုင်စွမ်း၊ အမြင့်ပျံသန်းမှုတွေကတော့ ကြားဖြတ် ပစ်ချဖို့ ခဲယဉ်းတဲ့ ဟိုက်ပါဆောနစ် အမျိုးအစား ဖြစ်လိမ့်မယ်လို့ အသိအမှတ် ပြုထားကြပါတယ်။

ဟိုက်ပါဆောနစ် ဒုံးကျည်တွေ ပိုင်ဆိုင်လာရေးဟာ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေရဲ့ လက်နက်နည်းပညာ ပြိုင်ဆိုင်မှု နယ်ပယ်အသစ်တစ်ခု ဖြစ်လာနေပါတယ်။ ပူတင်က ရုရှားဟာ ဟိုက်ပါဆောနစ် လက်နက် အသစ်တွေ အမှန်တကယ် တပ်ဆင်နိုင်တော့မယ့် လမ်းကြောင်းပေါ် ရောက်နေပြီလို့ ၂၀၁၈ ခုနှစ် ကတည်းက ကြွေးကြော်ဖူးပါတယ်။ အဲဒီ ဒုံးကျည်တွေဟာ ကမ္ဘာပေါ်က ဘယ်ပစ်မှတ်ကိုမဆို ချေမှုန်းနိုင်ပြီး အမေရိကန်ရဲ့ နာမည်ကျော် ဒုံးကျည် ကာကွယ်ရေး စနစ်တွေကိုပါ ကျော်လွှားနိုင်မယ်လို့လည်း ရုရှား စစ်ဘက် အရာရှိတွေက ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

Facebook