Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘိုင်ဒန်အပေါ် ကျေးဇူးရှိဖူးတဲ့ အာဖဂန် စကားပြန် အမေရိကန်မှာ ခိုလှုံခွင့်ရ

၂၀၀၈ ခုနှစ်တုန်းက၊ အထက်လွှတ်တော် အမတ် ဘဝမှာ ဘိုင်ဒန်ဟာ တခြား အမတ်တချို့နဲ့အတူ အာဖဂန်ကို သွားရောက်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက ဘိုင်ဒန်တို့ လိုက်ပါလာတဲ့ စစ်ရဟတ်ယာဉ်ဟာ နှင်းမုန်တိုင်း တစ်ခုနဲ့ တည့်တည့် တိုးခဲ့တာကြောင့် ရှေ့ဆက် မပျံနိုင်တော့ဘဲ နှင်းဖုံး တောင်ကြား တစ်နေရာမှာ ဆင်းသက်ခဲ့ရပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်အပေါ် ကျေးဇူး ရှိခဲ့ဖူးတဲ့ အာဖဂန် နစ္စတန် နိုင်ငံသား စကားပြန် တစ်ဦးဟာ အမေရိကန်မှာ ပြောင်းရွှေ့ ခိုလှုံခွင့် ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

၂၀၀၈ ခုနှစ်တုန်းက၊ အထက်လွှတ်တော် အမတ် ဘဝမှာ ဘိုင်ဒန်ဟာ တခြား အမတ်တချို့နဲ့အတူ အာဖဂန်ကို သွားရောက်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက ဘိုင်ဒန်တို့ လိုက်ပါလာတဲ့ စစ်ရဟတ်ယာဉ်ဟာ နှင်းမုန်တိုင်း တစ်ခုနဲ့ တည့်တည့် တိုးခဲ့တာကြောင့် ရှေ့ဆက် မပျံနိုင်တော့ဘဲ နှင်းဖုံး တောင်ကြား တစ်နေရာမှာ ဆင်းသက်ခဲ့ရပါတယ်။

ရဟတ်ယာဉ် ဆင်းတဲ့ နေရာဟာ လက်နက်ကိုင် စစ်သွေးကြွတွေ ချုံခို တိုက်ခိုက်လာနိုင်တဲ့ အန္တရာယ်လည်း ရှိနေတာကြောင့် လုံခြုံရေးအရ စိုးရိမ်စရာ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန် အစိုးရက စကားပြန်အဖြစ် ခန့်အပ်ထားတဲ့ အေမန် ခါလီလီနဲ့ တခြား ဒေသခံ အမှုထမ်းတွေက ဘိုင်ဒန်တို့ကို အန္တရာယ် ကင်းကင်းနဲ့ ခေါ်ထုတ်ပေးနိုင်ခဲ့ပါတယ်။

အခုတော့ ဘိုင်ဒန်က အမေရိကန် သမ္မတအဖြစ် ရွေးကောက် တင်မြှောက် ခံထားရပြီး သူ့ရဲ့ အမိန့်အရ အာဖဂန် အခြေစိုက် အမေရိကန် စစ်တပ်တွေလည်း ပြန်လည် ရုပ်သိမ်းသွားခဲ့ပြီ ဖြစ်ပါတယ်။ အကျိုးဆက်အရ အာဖဂန်မှာ တာလီဘန် စစ်သွေးကြွတွေက နိုင်ငံအာဏာကို ထိန်းချုပ်သွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တာလီဘန်တွေ လက်အောက်မှာ ဆက်နေရင် အမေရိကန်အတွက် အလုပ်လုပ်ပေးခဲ့တဲ့ ဒေသခံ ဝန်ထမ်းတွေ အန္တရာယ် ရှိလာနိုင်တာကြောင့် ပြည်ပနိုင်ငံတွေမှာ ခိုလှုံခွင့်ရဖို့ အရေးကြီးလာပါတယ်။ ခါလီလီကလည်း ဩဂုတ်လ ကတည်းက မိသားစုနဲ့အတူ အမေရိကန်ကို အထူးပြောင်းရွှေ့ ဗီဇာ လျှောက်ထားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ နောက်ဆုံးတော့ သူက ဖြစ်နိုင်သမျှ အဆက်အသွယ် လမ်းကြောင်းတွေကို သုံးပြီး သမ္မတ ဘိုင်ဒန်ဆီ အသနား ခံခဲ့ပါတယ်။

အခုအခါ ခါလီလီနဲ့ မိသားစုဟာ အာဖဂန်ကနေ ဘေးကင်းကင်းနဲ့ ထွက်ခွာလာပြီလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အောက်တိုဘာ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။ ခါလီလီတို့ မိသားစုကို အကူအညီ ပေးခဲ့တဲ့ လူပုဂ္ဂိုလ် တစ်ဦးချင်းစီကိုလည်း ကျေးဇူးတင်ကြောင်း အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ခါလီလီတို့အဖွဲ့ ကူညီလမ်းပြခဲ့တဲ့ထဲမှာ အမေရိကန် အထက်လွှတ်တော်အမတ် ချတ်ခ်ဟေဂယ်လ်နဲ့ ဂျွန်ကယ်ရီတို့လည်း ပါဝင်ခဲ့ပါတယ်။ အခုတော့ ခါလီလီဟာ တာလီဘန် အုပ်စိုးမှုကနေ လွတ်မြောက်အောင် တိမ်းရှောင်လာတဲ့ ထောင်သောင်းချီ များပြားတဲ့ အာဖဂန် နိုင်ငံသားတွေ စာရင်းမှာ ပါဝင်လာပါပြီ။

၂၀၀၈ ခုနှစ်နောက်ပိုင်း အာဖဂန် နိုင်ငံသား ၇ သောင်းလောက်ဟာ အမေရိကန်နဲ့ တခြား မဟာမိတ် နိုင်ငံတွေမှာ ပြောင်းရွှေ့ အခြေချခဲ့ပြီး ဖြစ်ကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။