Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ကိုဗစ်ရဲ့ မူလအစကို ဖော်ထုတ်ဖို့ ပညာရှင် အဖွဲ့သစ်တစ်ခု ဖွဲ့စည်းမယ့် WHO

ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ Sars-Cov-2 ကိုရိုနာ ဗိုင်းရပ်စ် အသစ်ကို ၂၀၁၉ ခုနှစ် နှောင်းပိုင်းလောက်က တရုတ်နိုင်ငံ အလယ်ပိုင်း၊ ဝူဟန်မြို့မှာ စတင် တွေ့ရှိခဲ့ပါတယ်။ ဒီဗိုင်းရပ်စ်ရဲ့ မူလအစကို စုံစမ်းဖို့ WHOရဲ့ အားထုတ်မှုတွေကို တရုတ် အစိုးရက အင်တင်တင်နဲ့ တားဆီးခဲ့ပါတယ်။

ကိုဗစ် ကပ်ရောဂါ အစပျိုးလာစေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ အရင်းအမြစ်ကို ဖော်ထုတ်ဖို့ အကြံပေး ပညာရှင် အဖွဲ့သစ်တစ်ခု ဖွဲ့စည်းသွားမယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ကြေညာခဲ့ပါတယ်။

ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ Sars-Cov-2 ကိုရိုနာ ဗိုင်းရပ်စ် အသစ်ကို ၂၀၁၉ ခုနှစ် နှောင်းပိုင်းလောက်က တရုတ်နိုင်ငံ အလယ်ပိုင်း၊ ဝူဟန်မြို့မှာ စတင် တွေ့ရှိခဲ့ပါတယ်။ ဒီဗိုင်းရပ်စ်ရဲ့ မူလအစကို စုံစမ်းဖို့ WHOရဲ့ အားထုတ်မှုတွေကို တရုတ် အစိုးရက အင်တင်တင်နဲ့ တားဆီးခဲ့ပါတယ်။

မနှစ်တုန်းက ဗိုင်းရပ်စ်ရဲ့ မူလအစကို လေ့လာဖို့ WHO စေလွှတ်တဲ့ နိုင်ငံတကာ ပညာရှင် ရှေ့ပြေးအဖွဲ့ကို တရုတ်က ပြည်ဝင်ခွင့် ပေးခဲ့ပေမယ့် နောက်ထပ် ပညာရှင်တွေကိုတော့ ထပ်အဝင်မခံတော့ပါဘူး။ လတ်တလောမှာ WHOက အသစ်ဖွဲ့စည်းဖို့ ရည်ရွယ်ထားတဲ့ အဖွဲ့ဟာ အမေရိကန်၊ တရုတ်နဲ့ နိုင်ငံပေါင်း နှစ်ဒါဇင်လောက်က ပညာရှင်တွေ ပါဝင်လာဖွယ် ရှိနေပါတယ်။

အဲဒီအဖွဲ့မှာ ဓာတ်ခွဲ ပညာရှင်တွေ၊ ကွင်းဆင်းစစ်ဆေးတဲ့ အရာရှိတွေ ပေါင်းစုံ ပါဝင်မှာပါ။ လောလောဆယ် WHOရဲ့ အကြံပေး ပညာရှင် အဖွဲ့ဝင် နေရာအတွက် လျှောက်ထားသူ ၇၀၀ ကျော်လောက် ရှိနေပြီလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ကိုဗစ်ရဲ့ မူလအစနဲ့ ပတ်သက်လို့ ထင်ကြေး သီအိုရီတွေ၊ နိုင်ငံရေး ရှုထောင့်က လိုရာဆွဲ ဝေဖန်မှုတွေကို ချေဖျက်ဖို့ဆိုရင် ဒီလို ပညာရှင် အဖွဲ့မျိုး ရှိနေခြင်းက အကောင်းဆုံး အခွင့်အလမ်းတစ်ရပ် ဖြစ်လိမ့်မယ်လို့ WHOရဲ့ လတ်တလော ဖြစ်ပွားနေဆဲ ကပ်ရောဂါများ တိုက်ဖျက်ရေးဌာန အကြီးအကဲ မာရီယာ ဗန်ခါကော့ဗ်က ပြောပါတယ်။

နိုင်ငံရေး ရောနှောနေတဲ့ ဝေဖန် ထိုးနှက်မှုတွေကို မျက်ကွယ်ပြုပြီး ဘာတွေ ဖြစ်ခဲ့သလဲ၊ အမှန်တရားက ဘာလဲဆိုတာကို ဖော်ထုတ်ဖို့က ကပ်ရောဂါနဲ့ ပတ်သက်ပြီး အရေးအကြီးဆုံး လိုအပ်ချက် ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။ ပညာရှင် အဖွဲ့သစ်မှာ ဂေဟဗေဒဆိုင်ရာ ပညာရှင်တွေ၊ ဆေးပညာရှင်တွေ၊ ဗိုင်းရပ်စ်ဆိုင်ရာ ပညာရှင်တွေ၊ ကပ်ရောဂါ ကူးစက်မှုဆိုင်ရာ ပညာရှင်တွေ၊ တိရစ္ဆာန်ကတဆင့် ကူးစက်တဲ့ ရောဂါဗေဒဆိုင်ရာ ပညာရှင်တွေ၊ အစားအသောက် ဘေးကင်းရေး စိစစ်မှု ပညာရှင်တွေ၊ ဇီဝလုံခြုံရေး ပညာရှင်တွေ၊ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ပညာရှင်တွေ ပေါင်းစုံ ပါဝင်မယ်လို့ WHOရဲ့ ကြေညာချက်အရ သိရပါတယ်။

WHOရဲ့ ကနဦး စုံစမ်းမှုတွေအရ ကိုရိုနာ ဗိုင်းရပ်စ်ဟာ သဘာဝအတိုင်း ဖြစ်ပေါ် ကူးစက်လာတယ်လို့ ညွှန်ပြနေပေမယ့် ဝူဟန်မြို့၊ ဓာတ်ခွဲခန်းတွေကနေ မတော်တဆ ပျံ့နှံ့လာတာလည်း ဖြစ်နိုင်တယ်ဆိုတဲ့ ယူဆမှုတွေလည်း ရှိနေဆဲပါ။ WHOကတော့ ကပ်ရောဂါရဲ့ မူလအစကို မှန်မှန်ကန်ကန် ဖော်ထုတ်နိုင်မယ်ဆိုရင် အနာဂတ် ကပ်ရောဂါတွေ ဖြစ်ပေါ်နိုင်ခြေကို ကာကွယ် တားဆီးရာမှာလည်း အတွေ့အကြုံကောင်းတွေ ရရှိစေမယ်လို့ ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

▪︎စောချစ်သူဟာ နယ်စပ်ဒေသမှာ တရုတ် ကျားဖြန့် ဒုစရိုက် ဂိုဏ်းခေါင်းဆောင်တွေကို ဧည့်ဝတ်ကျေကျေ လက်ခံထားတဲ့ ကရင်BGF ခေါင်းဆောင် သုံးဦးထဲမှာ အပါအဝင် ဖြစ်ပါတယ်။ People’s Spring တရုတ်နိုင်ငံက ဒုစရိုက်ဂိုဏ်းတွေ အရှေ့တောင်အာရှကို ခြေဆန့်လာတဲ့အခါ မြန်မာနိုင်ငံဟာ ဦးစားပေး ရွေးချယ်ခံရတဲ့ အခြေစိုက် နယ်မြေတစ်ခုလိုမျိုး...

နိုင်ငံတကာ

အမေရိကန်၊ ဗြိတိန်နဲ့ ဩစတြေးလျတို့ ပါဝင်တဲ့ AUKUSဟာ ဩစတြေးလျ ရေတပ်ကို မဟာမိတ် နှစ်နိုင်ငံက ပူးပေါင်းပြီး နည်းပညာပိုင်း အဆင့်မြှင့်ပေးဖို့၊ ဒေသတွင်းမှာ တရုတ် လွှမ်းမိုးမှုကို တန်ပြန်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဒီဖြစ်ရပ်ရဲ့ အဓိက အကြောင်းတရား နှစ်ခုက မြေအောက်ရေတွေ အလွန်အကျွံ ထုတ်ယူ အသုံးပြုမှုကြောင့် မြေသားတောင့်ခံနိုင်မှု အားနည်းလာခြင်းနဲ့ အဆောက်အအုံတွေ ဆောက်လုပ်တဲ့ ထုထည် ပိုမိုကြီးမား လေးလံလာခြင်းတွေ ဖြစ်တယ်လို့ ပညာရှင်တွေက သုံးသပ်ထားပါတယ်။

သတင်း

KIA က ဖက်ဆစ်​တော်လှန်​ရေး​နေ့(မတ် ၂၇) တွင် ဗန်းမော်-လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီတပ်စခန်း ၇ခုကို စတင်ထိုးစစ်ဆင်ခဲ့ပြီး မတ် ၂၇ ရက်မှာ ဘန်​ရောင်၊ ရှန်တိုင်း ၊ လော့ဒန် စစ်တပ်စခန်း​များကိုသိမ်းပိုက်ခဲ့သည်။