Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ပါဝဲလ် ကိုဗစ်ကြောင့် ကွယ်လွန်

ပါဝဲလ်ဟာ စစ်သားပီသသူ၊ သဘောထား ပြတ်သားသူအဖြစ် လူသိများပြီး သူ့ရဲ့ လုပ်ရည်ကိုင်ရည်အတွက် ချီးကျူး လေးစား ခံခဲ့ရပါတယ်။ တစ်ဖက်မှာလည်း အမေရိကန် ဆင်နွှဲခဲ့တဲ့ အီရတ်စစ်ပွဲအပေါ် တစ်ယူသန် ထောက်ခံခဲ့သူအဖြစ် အငြင်းပွားစရာ ပုံရိပ်တွေ ကျန်နေခဲ့ပါတယ်။

အမေရိကန်ရဲ့ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ကောလင်းပါဝဲလ်ဟာ ကိုဗစ်ရောဂါ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကြောင့် ကွယ်လွန်သွားခဲ့ပါတယ်။

ပါဝဲလ်ဟာ သမိုင်းတလျှောက် ပထမဆုံး လူမည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် မှတ်တမ်း ဝင်ခဲ့ဖူးပါတယ်။ သူဟာ သမ္မတ ဂျော့ဂျ်ဘုရှ် လက်ထက်၊ ၂၀၀၁ ခုနှစ်မှာ နိုင်ငံခြားရေး ဝန်ကြီး ရာထူး ခန့်အပ် ခံခဲ့ရတာ ဖြစ်ပါတယ်။ ပါဝဲလ်ဟာ စစ်မှုထမ်းခဲ့ချိန်ကလည်း အမေရိကန် စစ်တပ်ရဲ့ ကြယ်လေးပွင့် ဗိုလ်ချုပ်ကြီး ရာထူးအထိ တာဝန်ယူခဲ့ဖူးပါတယ်။

သူကွယ်လွန်ချိန်မှာ အသက် ၈၄ နှစ် ရှိနေပါပြီ။ ပါဝဲလ်ဟာ ကာကွယ်ဆေးနှစ်ကြိမ် အပြည့် ထိုးထားပြီး ဖြစ်ပေမယ့် ကပ်ရောဂါရဲ့ ထိုးနှက်မှုကိုတော့ မတွန်းလှန်နိုင်ခဲ့ရှာပါဘူး။ သူကွယ်လွန်သွားတဲ့ သတင်းကို အောက်တိုဘာ ၁၈ ရက်မှာ မိသားစုက အတည်ပြု ထုတ်ပြန်ပါတယ်။

ပါဝဲလ်ဟာ စစ်သားပီသသူ၊ သဘောထား ပြတ်သားသူအဖြစ် လူသိများပြီး သူ့ရဲ့ လုပ်ရည်ကိုင်ရည်အတွက် ချီးကျူး လေးစား ခံခဲ့ရပါတယ်။ တစ်ဖက်မှာလည်း အမေရိကန် ဆင်နွှဲခဲ့တဲ့ အီရတ်စစ်ပွဲအပေါ် တစ်ယူသန် ထောက်ခံခဲ့သူအဖြစ် အငြင်းပွားစရာ ပုံရိပ်တွေ ကျန်နေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လေးစားစရာ၊ ချစ်ခင်စရာ ခင်ပွန်းတစ်ဦး၊ ဖခင်တစ်ဦး၊ အဖိုးတစ်ဦးနဲ့ အမေရိကန်ရဲ့ ဂုဏ်ယူစရာ နိုင်ငံသားတစ်ဦးကို ဆုံးရှုံးလိုက်ရပြီလို့ မိသားစုရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ပါဝဲလ်ဟာ အရင်ကတည်းက သွေးကင်ဆာတစ်မျိုး စွဲကပ် ခံစားခဲ့ရပြီး ကျန်းမာရေး ပြဿနာတွေ ရှိခဲ့ပါတယ်။ ကိုဗစ် ဖြစ်လိုက်တဲ့အခါ အခြေအနေတွေ ပိုဆိုးသွားတာလို့ ဆရာဝန်တွေက ယုံကြည်နေပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ပါဝဲလ်ဟာ သူခင်မင်ရတဲ့ မိတ်ဆွေကောင်း တစ်ဦးလို့ ညွှန်းဆိုခဲ့ပြီး ပါဝဲလ်ဟာ စစ်သူရဲကောင်း တစ်ဦးအနေနဲ့ရော၊ သံတမန် တစ်ယောက် အနေနဲ့ပါ ခြွင်းချက်မရှိ အမြင့်မားဆုံး အရည်အသွေးတွေ ပြသသွားခဲ့တယ်လို့ ချီးကျူးသွားပါတယ်။

ပါဝဲလ်ရဲ့ နိုင်ငံခြားရေး ဝန်ကြီး တာဝန်ကို ဆက်ခံပြီး အဲဒီရာထူးမှာ ပထမဆုံး ခန့်အပ် ခံရတဲ့ လူမည်း အမျိုးသမီး ဖြစ်ခဲ့သူ ကွန်ဒိုလီဇာရိုက်စ်ကလည်း ပါဝဲလ်ဟာ ခမ်းနားထည်ဝါတဲ့ မှတ်တမ်းတွေ ချန်ထားခဲ့ပြီး အမေရိကန်အပေါ် အထူးတလည် အလုပ်အကျွေး ပြုခဲ့သူ တစ်ယောက်လို့ ပြောပါတယ်။ လက်ရှိ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ကတော့ ပါဝဲလ်ဟာ ပါဝဲလ်ဟာ အမေရိကန်ရဲ့ အိပ်မက်တွေအတွက် အောင်ပွဲတစ်ခုလို့ ညွှန်းဆိုသွားပါတယ်။

အမေရိကန်က လူမှုကွန်ရက် မီဒီယာတွေမှာတော့ ပါဝဲလ်အတွက် လွမ်းမောဂုဏ်ပြုကြောင်း ရေးသားမှုတွေ အများအပြား တွေ့မြင်နေရပါတယ်။ လူမည်းတစ်ဦး အနေနဲ့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးတာဝန်ကို ပထမဆုံးအကြိမ် ထမ်းဆောင်ခွင့် ရခဲ့တဲ့ လက်ရှိဝန်ကြီး လွိုက်ဒ် အော်စတင်ကလည်း ပါဝဲလ်ဟာ သူ့အတွက် ရှေ့ဆောင်လမ်းပြ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး အစားထိုးမရတဲ့ ဆုံးရှုံးမှုမျိုးလို့ ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။