Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိန္ဒိယနဲ့ နီပေါမှာ ရေကြီးလို့ သေဆုံးသူ ၂၀၀ ကျော်ရှိလာ

နီပေါ မိုးလေဝသ ဦးစီးဌာနကတော့ အခုသီတင်းပတ်ကုန်မှာ နိုင်ငံအနှံ့က မိုးရွာသွန်းမှုတွေ၊ ဆီးနှင်းကျဆင်းမှုတွေ တဖြည်းဖြည်း လျော့ပါးလာမယ်လို့ ခန့်မှန်း ကြေညာသွားပါတယ်။

အိန္ဒိယနဲ့ နီပေါ နိုင်ငံတွေမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး ရေကြီးမှုတွေကြောင့် သေဆုံးသူ ၂၀၀ ကျော်ထိ များပြားလာကြောင်း သိရပါတယ်။

အောက်တိုဘာ ၂၂ ရက်မှာတော့ နီပေါမှာ ရေကြီးမှုတွေ၊ မြေပြိုမှုတွေ ထပ်မံဖြစ်ပွားပြီး အသေအပျောက် ၁၀၄ ဦးထိ ရှိလာပါတယ်။ အဲဒီ မတိုင်ခင် ၂ ရက်ကတည်းက သဘာဝ ဘေးအန္တရာယ်ကြောင့် သေဆုံးမှု သတင်းတွေ ကြားသိနေခဲ့ရတာလို့ ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ဖာနင်ဒရာ မာနီ ဖိုခါရဲလ်က ပြောပါတယ်။

နီပေါနိုင်ငံ အနှံ့အပြားမှာ ရေဘေးသင့်နေသလို အိန္ဒိယက ကီရာလာနဲ့ အူတက်ရာခန် ပြည်နယ်တွေမှာလည်း ရေကြီးမှုတွေကြောင့် လူပေါင်း ရာနဲ့ချီ သေဆုံးနေပါတယ်။ ပြီးတော့ အာရှတောင်ပိုင်း နှစ်နိုင်ငံလုံးမှာ ရေလွှမ်းမိုးမှုတွေ အတောအတွင်း ပျောက်ဆုံးနေသူ ဒါဇင်ပေါင်း အတော်များများ ရှိနေတယ်လို့လည်း သိရပါတယ်။

အူတက်ရာခန် ပြည်နယ်မှာ ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်မှုတွေ ပြီးစီးလုနီးပါး ဖြစ်နေပေမယ့် ကီရာလာမှာတော့ ရေမြုပ်ဧရိယာတွေမှာ ပိတ်မိနေသူတွေကို ဖြန့်ကျက် ရှာဖွေနေဆဲပါ။ ပြီးတော့ အိန္ဒိယ စစ်တပ်ရဲ့ ရဟတ်ယာဉ်တွေကိုလည်း ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ပူးပေါင်းဖို့ စေလွှတ်ထားပါတယ်။

Public Service Announcement

Public Service Announcement

နီပေါနဲ့ အိန္ဒိယ နှစ်နိုင်ငံစလုံးမှာ အောက်တိုဘာ ၂၂ ရက်ကစလို့ မိုးနည်းနည်း လျော့လာပေမယ့် ရေကြီးပြီး တင်ကျန်ခဲ့တဲ့ အမှိုက်သရိုက်တွေက လမ်းတွေပေါ် ပိတ်ဆို့နေလို့ ကူးသန်းသွားလာရေး ခက်ခဲနေဆဲပါ။ အိန္ဒိယမှာတော့ အီလမ်ခရိုင်က ရေကြီးမှုကြောင့် အသေအပျောက် အများဆုံး ဖြစ်နေပြီး ခရိုင်တစ်ခုတည်းမှာတင် လူ ၄၀ နီးပါး အသက်ဆုံးရှုံးခဲ့ပါတယ်။

နီပေါ မိုးလေဝသ ဦးစီးဌာနကတော့ အခုသီတင်းပတ်ကုန်မှာ နိုင်ငံအနှံ့က မိုးရွာသွန်းမှုတွေ၊ ဆီးနှင်းကျဆင်းမှုတွေ တဖြည်းဖြည်း လျော့ပါးလာမယ်လို့ ခန့်မှန်း ကြေညာသွားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက် ကုန်းမြင့်ဒေသနဲ့ ထိစပ်ရာ နယ်မြေတွေမှာ ရုတ်တရက် ဖြစ်ပွားခဲ့တဲ့ တောင်ပေါ် ရေကြီးမှုအတွင်း ပျောက်ဆုံးနေသူ အရေအတွက်ကို နီပေါအာဏာပိုင်တွေက ၁၀၀၀ ဝန်းကျင်လောက် တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

BRICS စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ရဲ့ ထိပ်သီးညီလာခံ တက်ရောက်လာတဲ့ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေ အိန္ဒိယ နိုင်ငံမှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့်နဲ့ နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုကြီးအတွင်း သေဆုံး၊ ပျောက်ဆုံးခဲ့သူတွေအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းကြေကွဲမှု နေ့တစ်နေ့ကို နီပေါ အစိုးရက သတ်မှတ်ခဲ့ပါတယ်။