Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားနဲ့ တင်းမာနေချိန် ယူကရိန်းကို အမေရိကန် လက်နက်တွေ ထောက်ပံ့ပေးပို့

အမေရိကန်အပြင် ဥရောပနဲ့ ဒေသတွင်း နိုင်ငံတချို့က တိုက်ခိုက်ရေး အထူးတပ်ဖွဲ့ဝင်တွေနဲ့ မရိန်းတပ်သားတွေကလည်း ယူကရိန်းမှာ လေ့ကျင့်ရေး ကဏ္ဍအတွက် လာရောက် ကူညီပေးနေတယ်လို့ သိရပါတယ်။

ရုရှားနဲ့ တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ယူကရိန်းကို အမေရိကန်က လက်နက်ငယ်တွေနဲ့ ကျည်ဆန်တွေ စတင် ပေးပို့ခဲ့ကြောင်း သိရပါတယ်။

အမေရိကန် အစိုးရဟာ ယူကရိန်းအတွက် ဒေါ်လာ သန်း ၆၀ ဖိုး ကာကွယ်ရေး အထောက်အပံ့တွေ ပေးပို့သွားမယ်လို့ ကတိပြုထားပြီး အခု သီတင်းပတ်မှာ ရောက်လာတဲ့ လက်နက်တွေဟာ အဲဒီ ကတိကဝတ်ရဲ့ အစိတ်အပိုင်း တစ်ရပ်လို့ ဆိုနိုင်ပါတယ်။

စက်တင်ဘာ ၁ ရက်က အိမ်ဖြူတော်မှာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံ ဆွေးနွေးပြီးတဲ့နောက် ဒီထောက်ပံ့မှုကို အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ခွင့်ပြုချက် ပေးခဲ့တာပါ။ နောက်နှစ်ဆန်းလောက်မှာ မော်တာ ပစ်ခတ်မှုတွေကို တန်ပြန် ထောက်လှမ်းနိုင်တဲ့ ရေဒါတွေ အပါအဝင် စစ်လက်နက် အသစ်တွေကို အမေရိကန်က ထပ်မံ ပေးပို့သွားမှာ ဖြစ်ပါတယ်။

အမေရိကန် စစ်တပ်ဟာ ယူကရိန်း တပ်ဖွဲ့ဝင်တွေကို လေ့ကျင့်ပေးနေပေမယ့် ရုရှားနဲ့ စစ်ဖြစ်လာရင် အမေရိကန် တပ်တွေ စေလွှတ်ပေးမှာ မဟုတ်ဘူးလို့တော့ ဘိုင်ဒန်က ပြောဆိုထားပါတယ်။ တစ်ဖက်မှာလည်း ယူကရိန်းနဲ့ နယ်စပ်နားမှာ ရုရှားတပ်တွေ အလုံးအရင်း စုရုံးနေတာကြောင့် ရုရှားရဲ့ ကျူးကျော်စစ်ပြုလာမယ့် အခြေအနေကို ယူကရိန်းရော၊ ဥရောပ အိမ်နီးချင်း နိုင်ငံတွေပါ စိုးရိမ်နေပါတယ်။

Public Service Announcement

Public Service Announcement

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကတော့ ရုရှားဟာ ယူကရိန်းကို စစ်ပြုဖို့ ဆန္ဒမရှိကြောင်း ငြင်းဆိုထားပြီး ယူကရိန်းဖက်ကသာ ရုရှားကို အကြိမ်ကြိမ် ရန်စနေတာလို့ စွပ်စွဲထားပါတယ်။ ရုရှား တပ်တွေဟာ ၂၀၁၄ တုန်းက ယူကရိန်းပိုင် ခရိုင်းမီးယား ကျွန်းဆွယ် ဒေသကို ဝင်ရောက် သိမ်းပိုက်ပြီး ဒီနေ့ထိ ဆက်လက် ထိန်းချုပ်ထားပါတယ်။ ဒါပေမဲ့ နောက်တစ်ကြိမ် ရုရှားနဲ့ စစ်ဖြစ်လာရင် အဲဒီတုန်းကထက် ပြင်းပြင်းထန်ထန် ခုခံသွားမယ်လို့ ယူကရိန်း စစ်ဘက်က ကြုံးဝါးထားပါတယ်။

အမေရိကန်နဲ့ အနောက်အုပ်စု မဟာမိတ် နိုင်ငံတွေဟာ ရုရှားရဲ့ လှုပ်ရှားမှုတွေကို စိုးရိမ်တကြီး စောင့်ကြည့်နေသလို ယူကရိန်းကို ကျူးကျော်စစ် မဆင်နွှဲဖို့ ပူတင်ကို အကြိမ်ကြိမ် သတိပေးနေပါတယ်။ အမေရိကန်ဟာ အခုနှစ်ထဲမှာ ယူကရိန်းအတွက် ကဏ္ဍပေါင်းစုံ ကာကွယ်ရေး အထောက်အပံ့ ဒေါ်လာ သန်း ၄၅၀ ဖိုးလောက်ထိ ပေးပို့ထားပြီးပြီလို့လည်း သိရပါတယ်။

နိုဝင်ဘာလတုန်းက ဖလော်ရီဒါ အခြေစိုက် အမျိုးသား လုံခြုံရေး အထူးတပ်ဖွဲ့ဝင် ၁၅၀ လောက်ဟာ ယူကရိန်းကို ရောက်ရှိခဲ့ပြီး ယူကရိန်း တပ်ဖွဲ့ဝင်တွေကို လေ့ကျင့်ပေးနေခဲ့ပါတယ်။ နောက်ထပ် အထူးတပ်ဖွဲ့ဝင်တွေလည်း ယူကရိန်းကို ထပ်ရောက်နေပေမယ့် လုံခြုံရေး အကြောင်းပြချက်ကြောင့် အရေအတွက်ကိုတော့ ပင်တဂွန် စစ်ဌာနချုပ်က မကြေညာခဲ့ပါဘူး။

အမေရိကန်အပြင် ဥရောပနဲ့ ဒေသတွင်း နိုင်ငံတချို့က တိုက်ခိုက်ရေး အထူးတပ်ဖွဲ့ဝင်တွေနဲ့ မရိန်းတပ်သားတွေကလည်း ယူကရိန်းမှာ လေ့ကျင့်ရေး ကဏ္ဍအတွက် လာရောက် ကူညီပေးနေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။

နိုင်ငံတကာ

ဆိုက်ဘေးရီးယား ဒေသမှာ လေ့ကျင့်ပျံသန်းနေရင်း ရုရှားရဲ့ မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးတစ်စီး ပျက်ကျခဲ့ကြောင်း သိရပါတယ်။