Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အမေရိကန်မှာ လေဆင်နှာမောင်းတွေ တိုက်ခတ်လို့ သေဆုံးသူ ၈၀ ကျော်ထိ မြင့်တက်လာ

အီလီနွိုက်စ် ပြည်နယ်မှာလည်း လေဆင်နှာမောင်းတွေကြောင့် Amazon ကုမ္ပဏီရဲ့ ကုန်လှောင်ရုံတစ်ခု ပြိုကျပြီး ၆ ဦးထက်မနည်း သေဆုံးခဲ့ပါသေးတယ်။ နောက်ထပ် ပျောက်ဆုံးနေသူ အရေအတွက် ဘယ်လောက် ရှိသလဲဆိုတာ စုံစမ်းနေဆဲလို့ ရဲတွေက ပြောပါတယ်။

လူ ၈၀ ကျော် အသက်ဆုံးရှုံးခဲ့တဲ့ လေဆင်နှာမောင်း တိုက်ခတ်မှုတွေအပြီး အမေရိကန်မှာ အသက်ရှင် ကျန်ရစ်သူတွေကို ကယ်ဆယ်ရေး အဖွဲ့တွေက အပူတပြင်း လိုက်လံ ရှာဖွေနေပါတယ်။

ဒီဇင်ဘာ ၁၀ ရက်က အမေရိကန်ရဲ့ ပြည်နယ် ၆ ခုမှာ မုန်တိုင်း ရာသီဥတုတွေနဲ့အတူ လေဆင်နှာမောင်း စုစုပေါင်း ၃၀ လောက် ပေါ်ပေါက်လာခဲ့ပါတယ်။ လေဆင်နှာမောင်းတွေကြောင့် ထိခိုက် ပျက်စီးမှုတွေ အများအပြား ဖြစ်ပေါ်ခဲ့ပြီး ကန်တက်ကီ ပြည်နယ်ကတော့ အဆိုးဆုံး အခြေအနေတွေ ကြုံတွေ့ခဲ့ရပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ကန်တက်ကီ ပြည်နယ်မှာ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ် အခြေအနေ သတ်မှတ် ကြေညာထားလိုက်ပါတယ်။ လက်ရှိ အချိန်ထိ လေဆင်နှာမောင်းတွေကြောင့် သေဆုံးသူ ၈၃ ဦးထက်မနည်း ရှိနေပြီး နောက်ထပ် ပျောက်ဆုံးနေသူတွေလည်း ဒါဇင်နဲ့ချီ များပြားနေပါတယ်။

ကန်တက်ကီ ပြည်နယ် တစ်ခုတည်းမှာတော့ လူ ၇၀ ကျော် သေဆုံးထားပြီး ၁၀၀ ကျော်ထိ မြင့်တက်လာမယ်လို့ ခန့်မှန်းထားပါတယ်။ ကန်တက်ကီ လွှတ်တော်အမတ် ဂျိမ်းစ်ကမ်မာဟာ ကယ်ဆယ်ရေး အဖွဲ့တွေနဲ့အတူ ပါဝင် လုပ်အားပေးနေပြီး လေဆင်နှာမောင်းကြောင့် ပျက်စီးမှုတွေဟာ သူ့တစ်သက်မှာ တွေ့ဖူးသမျှ အဆိုးဆုံး သဘာဝ ဘေးအန္တရာယ် ပုံရိပ်တစ်ခု ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ကန်တက်ကီပြည်နယ်၊ မေဖီးလ်မြို့မှာ ဖယောင်းတိုင် စက်ရုံတစ်ခု ပြိုကျခဲ့ရာမှာ လူပေါင်း ၆၀ ကျော် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ ကန်တက်ကီ ပြည်နယ် အုပ်ချုပ်ရေးမှူး အန်ဒီ ဘီရှီရာက အဲဒီနေရာကို ကိုယ်တိုင် သွားရောက် စစ်ဆေးခဲ့ပြီးတဲ့နောက် အသက်ရှင် ကျန်ရစ်သူတွေ ထပ်တွေ့ဖို့ မဖြစ်နိုင်သလောက်ပဲလို့ ဝန်ခံခဲ့ပါတယ်။

အီလီနွိုက်စ် ပြည်နယ်မှာလည်း လေဆင်နှာမောင်းတွေကြောင့် Amazon ကုမ္ပဏီရဲ့ ကုန်လှောင်ရုံတစ်ခု ပြိုကျပြီး ၆ ဦးထက်မနည်း သေဆုံးခဲ့ပါသေးတယ်။ နောက်ထပ် ပျောက်ဆုံးနေသူ အရေအတွက် ဘယ်လောက် ရှိသလဲဆိုတာ စုံစမ်းနေဆဲလို့ ရဲတွေက ပြောပါတယ်။

သမ္မတ ဘိုင်ဒန်ဟာ အရေးပေါ် အခြေအနေ ကြေညာရေး အမိန့်ကို ချက်ချင်း လက်မှတ် ရေးထိုးပေးခဲ့ပြီး ဗဟို အစိုးရရဲ့ ထောက်ပံ့ရေး ရန်ပုံငွေတွေကို ကန်တက်ကီ ပြည်နယ်ဆီ ပို့ဆောင်ပေးဖို့ ခွင့်ပြုခဲ့ပါတယ်။ လေဆင်နှာမောင်းတွေကြောင့် လူ့အသက် အိုးအိမ်တွေ ဆုံးရှုံးရတဲ့ ကိစ္စဟာ တကယ့် ကြေကွဲစရာ ဖြစ်ရပ်ဆိုးမျိုးလို့ ဘိုင်ဒန်က ဆိုပါတယ်။

ဒါ့အပြင် အမေရိကန် ဗဟိုအစိုးရ လက်အောက်ခံ အရေးပေါ် အခြေအနေ တုံ့ပြန် ကိုင်တွယ်ရေးဌာနတွေက ပညာရှင် အဖွဲ့တွေလည်း လေဆင်နှာမောင်းဒဏ် အဆိုးဆုံး ခံရတဲ့ ပြည်နယ်တွေဆီ သွားရောက်နေကြပြီလို့ ဘိုင်ဒန်က ပြောကြားခဲ့ပါတယ်။

လေဆင်နှာမောင်းတွေ တိုက်ခတ်ပြီး ၂ ရက်လောက် ကြာလာတဲ့ထိ ကန်တက်ကီက တချို့ မြို့ရွာတွေမှာ လျှပ်စစ်မီးတွေ ပြတ်တောက်နေဆဲလို့လည်း သိရှိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။