Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆန်တာကလော့စ် တကယ်မရှိဘူးလို့ ကလေးတွေကို ပြောမိလို့ ပြန်တောင်းပန်ရတဲ့ ဘုန်းတော်ကြီး

တက်ဂ်လီယာနိုက သူပြောခဲ့တဲ့ စကားတွေ အွန်လိုင်းမှာ အကြီးအကျယ် ပျံ့နှံ့သွားတဲ့နောက် Facebookကနေတဆင့် ပြန်တောင်းပန်ခဲ့ပါတယ်။ တောင်းပန်စာကိုတော့ သူ့ကိုယ်စား ပြန်ကြားရေး တာဝန်ခံ ဘုန်းတော်ကြီး အလက်ဇန္ဒရို ပါအိုလီနီက ရေးသားပေးခဲ့တာပါ။

ဆန်တာကလော့စ်ဆိုတာ တကယ်မရှိဘူးလို့ ကလေးတွေကို ပြောမိခဲ့တဲ့ အီတလီ ခရစ်ယာန် ဘုန်းတော်ကြီး တစ်ပါးဟာ သူ့စကားအတွက် ပြန်တောင်းပန်ခဲ့ရပါတယ်။

စစ္စလီက နီတိုမြို့၊ ဂိုဏ်းအုပ် ဘုန်းတော်ကြီး အန်တိုနီယို စတက်ဂ်လီယာနိုက အနုပညာ ပြပွဲတစ်ခုမှာ ကလေးတွေကို ခရစ္စမတ် ဖိုးဖိုးကြီးဆိုတာ တကယ်မရှိပါဘူးလို့ ပြောခဲ့တာပါ။ ဆန်တာ ကလော့စ်ဆိုတာ တကယ်မရှိကြောင်း၊ သူဝတ်ထားတဲ့ အနီရောင် ဝတ်စုံကလည်း Coca Colca ကုမ္ပဏီက ကြော်ငြာ ရည်ရွယ်ချက်နဲ့ တမင် ဖန်တီးထားတာဖြစ်ကြောင်း စတက်ဂ်လီယာနိုက ကလေးတွေကို နောက်သလို ပြောင်သလို ပြောဆိုသွားပါတယ်။

အီတလီ မီဒီယာတွေက စတက်ဂ်လီယာနိုဟာ သူတော်စင် နစ်ကိုလက်စ်ကို ဂုဏ်ပြုတဲ့ နေ့မှာ ဒီစကားတွေကို ပြောခဲ့တာလို့ ဖော်ပြကြပါတယ်။ သူတော်စင် နစ်ကိုလက်စ်ဟာ ရက်ရောပြီး ပေးကမ်း လှူဒါန်းမှုတွေကြောင့် ထင်ရှားပြီး ခရစ္စမတ် ဖိုးဖိုးကြီး ဆန်တာကလော့စ် ဆိုတဲ့ စိတ်ကူးယဉ် ဖန်တီးထားတဲ့ ပုဂ္ဂိုလ်ကြီးဟာ သူ့ရဲ့ လွှမ်းမိုးမှုတွေ အများကြီး ပါဝင်နေပါတယ်။

စတက်ဂ်လီယာနိုက သူပြောခဲ့တဲ့ စကားတွေ အွန်လိုင်းမှာ အကြီးအကျယ် ပျံ့နှံ့သွားတဲ့နောက် Facebookကနေတဆင့် ပြန်တောင်းပန်ခဲ့ပါတယ်။ တောင်းပန်စာကိုတော့ သူ့ကိုယ်စား ပြန်ကြားရေး တာဝန်ခံ ဘုန်းတော်ကြီး အလက်ဇန္ဒရို ပါအိုလီနီက ရေးသားပေးခဲ့တာပါ။

Public Service Announcement

Public Service Announcement

သူ့စကားတွေက ငယ်ရွယ်နုနယ်တဲ့ ကလေးတွေကို စိတ်ပျက်သွားစေတဲ့အတွက် စတက်ဂ်လီယာနိုက စိတ်မကောင်း ဖြစ်နေကြောင်း၊ ဒီလို ဖြစ်သွားစေဖို့ သူ့အနေနဲ့ မရည်ရွယ်ခဲ့ကြောင်း ပါအိုလီနီက ဖြေရှင်းထားပါတယ်။ အင်တာဗျူး တစ်ခုမှာတော့ စတက်ဂ်လီယာနိုက သူဟာ ကလေးတွေကို ဆန်တာကလော့စ် မရှိဘူး ဆိုတာမျိုး ပြောချင်တာထက် ဘယ်ဟာက အမှန်၊ ဘယ်ဟာက အမှားဆိုတာ သရုပ်ခွဲပြ လိုတာသာ ဖြစ်တယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။

ခရစ္စမတ်ရဲ့ ပြယုဂ်တစ်ခုလို့ ဆိုနိုင်တဲ့ ဆန်တာကလော့စ်ဟာ ဒဏ္ဍာရီလာ စိတ်ကူးယဉ် ဖန်တီးမှု တစ်ခုသာ ဖြစ်ပေမယ့် ကမ္ဘာတလွှားက ကလေးငယ် သန်းပေါင်းများစွာကတော့ ဆန်တာ တကယ် ရှိတယ်လို့ ယုံကြည်နေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။

နိုင်ငံတကာ

ကလေးငယ်တွေကို လူမှုကွန်ရက် မီဒီယာတွေနဲ့ ထိတွေ့ခွင့်ကနေ တစ်ဆင့်ချင်းစီ ကန့်သတ် ပိတ်ပင်သွားဖို့ ဥရောပ သမဂ္ဂ (EU)က စီစဉ်နေပါတယ်။

နိုင်ငံတကာ

ဗင်နီဇွဲလား နိုင်ငံမှာ အတွဲလိုက် လှုပ်ရှားသွားခဲ့တဲ့ ငလျင်ကြီးတွေအပြီး အပျက်အစီးပုံအောက်မှာ ၆ ရက်ကြာ ပိတ်မိနေတဲ့ ၃ နှစ်သား ကလေးငယ် တစ်ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပါတယ်။