Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဆန်တာကလော့စ် တကယ်မရှိဘူးလို့ ကလေးတွေကို ပြောမိလို့ ပြန်တောင်းပန်ရတဲ့ ဘုန်းတော်ကြီး

တက်ဂ်လီယာနိုက သူပြောခဲ့တဲ့ စကားတွေ အွန်လိုင်းမှာ အကြီးအကျယ် ပျံ့နှံ့သွားတဲ့နောက် Facebookကနေတဆင့် ပြန်တောင်းပန်ခဲ့ပါတယ်။ တောင်းပန်စာကိုတော့ သူ့ကိုယ်စား ပြန်ကြားရေး တာဝန်ခံ ဘုန်းတော်ကြီး အလက်ဇန္ဒရို ပါအိုလီနီက ရေးသားပေးခဲ့တာပါ။

ဆန်တာကလော့စ်ဆိုတာ တကယ်မရှိဘူးလို့ ကလေးတွေကို ပြောမိခဲ့တဲ့ အီတလီ ခရစ်ယာန် ဘုန်းတော်ကြီး တစ်ပါးဟာ သူ့စကားအတွက် ပြန်တောင်းပန်ခဲ့ရပါတယ်။

စစ္စလီက နီတိုမြို့၊ ဂိုဏ်းအုပ် ဘုန်းတော်ကြီး အန်တိုနီယို စတက်ဂ်လီယာနိုက အနုပညာ ပြပွဲတစ်ခုမှာ ကလေးတွေကို ခရစ္စမတ် ဖိုးဖိုးကြီးဆိုတာ တကယ်မရှိပါဘူးလို့ ပြောခဲ့တာပါ။ ဆန်တာ ကလော့စ်ဆိုတာ တကယ်မရှိကြောင်း၊ သူဝတ်ထားတဲ့ အနီရောင် ဝတ်စုံကလည်း Coca Colca ကုမ္ပဏီက ကြော်ငြာ ရည်ရွယ်ချက်နဲ့ တမင် ဖန်တီးထားတာဖြစ်ကြောင်း စတက်ဂ်လီယာနိုက ကလေးတွေကို နောက်သလို ပြောင်သလို ပြောဆိုသွားပါတယ်။

အီတလီ မီဒီယာတွေက စတက်ဂ်လီယာနိုဟာ သူတော်စင် နစ်ကိုလက်စ်ကို ဂုဏ်ပြုတဲ့ နေ့မှာ ဒီစကားတွေကို ပြောခဲ့တာလို့ ဖော်ပြကြပါတယ်။ သူတော်စင် နစ်ကိုလက်စ်ဟာ ရက်ရောပြီး ပေးကမ်း လှူဒါန်းမှုတွေကြောင့် ထင်ရှားပြီး ခရစ္စမတ် ဖိုးဖိုးကြီး ဆန်တာကလော့စ် ဆိုတဲ့ စိတ်ကူးယဉ် ဖန်တီးထားတဲ့ ပုဂ္ဂိုလ်ကြီးဟာ သူ့ရဲ့ လွှမ်းမိုးမှုတွေ အများကြီး ပါဝင်နေပါတယ်။

စတက်ဂ်လီယာနိုက သူပြောခဲ့တဲ့ စကားတွေ အွန်လိုင်းမှာ အကြီးအကျယ် ပျံ့နှံ့သွားတဲ့နောက် Facebookကနေတဆင့် ပြန်တောင်းပန်ခဲ့ပါတယ်။ တောင်းပန်စာကိုတော့ သူ့ကိုယ်စား ပြန်ကြားရေး တာဝန်ခံ ဘုန်းတော်ကြီး အလက်ဇန္ဒရို ပါအိုလီနီက ရေးသားပေးခဲ့တာပါ။

Public Service Announcement

Public Service Announcement

သူ့စကားတွေက ငယ်ရွယ်နုနယ်တဲ့ ကလေးတွေကို စိတ်ပျက်သွားစေတဲ့အတွက် စတက်ဂ်လီယာနိုက စိတ်မကောင်း ဖြစ်နေကြောင်း၊ ဒီလို ဖြစ်သွားစေဖို့ သူ့အနေနဲ့ မရည်ရွယ်ခဲ့ကြောင်း ပါအိုလီနီက ဖြေရှင်းထားပါတယ်။ အင်တာဗျူး တစ်ခုမှာတော့ စတက်ဂ်လီယာနိုက သူဟာ ကလေးတွေကို ဆန်တာကလော့စ် မရှိဘူး ဆိုတာမျိုး ပြောချင်တာထက် ဘယ်ဟာက အမှန်၊ ဘယ်ဟာက အမှားဆိုတာ သရုပ်ခွဲပြ လိုတာသာ ဖြစ်တယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။

ခရစ္စမတ်ရဲ့ ပြယုဂ်တစ်ခုလို့ ဆိုနိုင်တဲ့ ဆန်တာကလော့စ်ဟာ ဒဏ္ဍာရီလာ စိတ်ကူးယဉ် ဖန်တီးမှု တစ်ခုသာ ဖြစ်ပေမယ့် ကမ္ဘာတလွှားက ကလေးငယ် သန်းပေါင်းများစွာကတော့ ဆန်တာ တကယ် ရှိတယ်လို့ ယုံကြည်နေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက ထောက်ပို့လမ်းကြောင်းအဖြစ်အသုံးပြုနေသည့် ဗန်းမော်လေဆိပ်ကို KIA၊AAနှင့် PDF ပူးပေါင်းတပ်ဖွဲ့ကမတ်လ ၇ရက်တွင်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေယာဉ်‌‌​ပြေးလမ်းပျက်စီးခဲ့ပြီး မတ်လ ၈ရက်မှစ၍လေဆိပ်အား စစ်ကောင်စီကပိတ်ပစ်ခဲ့သည်။

သတင်း

စစ်​ကောင်စီဗုံးကြဲတိုက်ခိုက်မှု​ကြောင့်ထိခိုက်​သေဆုံးမှုအ​ခြေအ​နေကို ​ဒေသခံများ ၊​တော်လှန်​ရေးအဖွဲ့များ ၊စစ်​ဘေူ​ရှောင်အ​ရေး​ဆောင်ရွက်​ပေး​နေသူများထံ People's Spring ကဆက်သွယ်စုံစမ်း​နေဆဲဖြစ်ပြီး ​နောက်ဆက်တွဲသတင်းများကို ဆက်လက်​ဖော်ပြ​ပေးပါမည်။

နိုင်ငံတကာ

ဇန်နဝါရီ ၃၁ ရက်နေ့၊ သေဒဏ်စီရင်မှုနဲ့ ပတ်သက်ပြီး အာရုံစိုက်ခံရတဲ့ နောက်ထပ် ရှုထောင့် တစ်ခုကတော့ သေဒဏ်စီရင်တဲ့ နည်းလမ်းပါ။ တရုတ်မှာ သေစေလောက်တဲ့ ဆေးဝါးတွေကို ထိုးသွင်းပြီး ကွပ်မျက်တဲ့ နည်းလမ်းကို ကျင့်သုံးနေပါတယ်။

သတင်း

စစ်ကောင်စီက ၎င်းတို့၏ စစ်ခန်းများကိုကာကွယ်ရန် စခန်းဝန်းကျင်‌‌ နေရာများ၌ မြေမြုပ်မိုင်းများ ထောင်ထားသည်ဟု ရခိုင်လူမှုအဖွဲ့အစည်းအချို့က သတိပေးသည်။