Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိန္ဒိယ ပြည်နယ် တစ်ခုမှာ ကိုဗစ်ကြောင့် သေသူ ဦးရေကို လျှော့ပေါ့ကြေညာထားကြောင်း အာဏာပိုင်တွေ ဝန်ခံ

အိန္ဒိယက ပြည်နယ် တစ်ခုမှာ ကိုဗစ်ကပ်ရောဂါကြောင့် အမှန်တကယ် သေဆုံးသူ အရေအတွက်ကို လျှော့ပေါ့ ကြေညာထားခဲ့ကြောင်း အာဏာပိုင်တွေက ဝန်ခံခဲ့ပါတယ်။

နိုင်ငံ အနောက်ပိုင်းက ဂူဂျာရတ် ပြည်နယ်မှာ ကိုဗစ်ရောဂါ ပျံ့နှံ့ ဖြစ်ပွားမှုတွေကြောင့် သေဆုံးသူ ဦးရေဟာ တရားဝင် ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေထက် အများကြီး ပိုနိုင်ကြောင်း တရားရုံး မှတ်တမ်း တစ်ခုမှာ ဖော်ပြထားပါတယ်။ ဒေသတွင်း မီဒီယာတွေက ရင်ခွဲရုံတွေ၊ သုဿန်တွေကို ချိတ်ဆက် စုံစမ်းခဲ့တဲ့နောက် ကိုဗစ်ကြောင့် သေဆုံးသူ အရေအတွက်ဟာ ပြည်နယ် အစိုးရ ထုတ်ပြန်ထားတာထက် အများကြီး ပိုနိုင်ကြောင်း စတင် ဖော်ပြလာခဲ့ကြပါတယ်။

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီရဲ့ ဇာတိပြည်နယ်ဖြစ်တဲ့ ဂူဂျာရတ်မှာ ပြည်နယ် တရားရုံးချုပ်က ကိုဗစ်ကြောင့် သေဆုံးသူ ၂၂၅၅၇ ဦးရဲ့ မိသားစုဝင်တွေဆီက အကြောင်းကြားမှုတွေကို လက်ခံ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ၁၆၁၇၅ ခုကိုသာ တရားရုံးချုပ်က အသိအမှတ် ပြုပေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအချိန်ထိ ဂူဂျာရတ် ပြည်နယ် အစိုးရက ထုတ်ပြန်ထားတဲ့ သေဆုံးသူ ဦးရေဟာ ၁၀၀၉၉ ဦးသာ ရှိခဲ့ပါတယ်။

ဂူဂျာရတ်မှာ ကိုဗစ်ကြောင့် သေဆုံးမှုတွေအတွက် နစ်နာကြေး ၅၀၀၀၀ ရူပီး (ဒေါ်လာ ၆၆၀ ဝန်းကျင်) ပေးလေ့ ရှိတာကြောင့် ကိုဗစ်ကြောင့် သေတာ ဟုတ်မဟုတ် တရားရုံးရဲ့ စစ်ဆေး အတည်ပြုချက်က အရေးကြီးသလို ဖြစ်ပါတယ်။ အတိုက်အခံ အင်အားစုတွေကတော့ ဂူဂျာရတ်မှာ ရောဂါကြောင့် အမှန်တကယ် သေဆုံးသူ အရေအတွက်ဟာ တရားရုံးချုပ်မှာ ပြုစုထားတဲ့ စာရင်းထက် အများကြီး ပိုလိမ့်ဦးမယ်လို့ ဝေဖန် ပြောဆိုထားကြပါတယ်။

ဒီပြဿနာမျိုးဟာ ဂူဂျာရတ်ပြည်နယ် တစ်ခုတည်းမှာသာ မကဘဲ အိန္ဒိယ တစ်နိုင်ငံလုံးမှာ ရှိနေနိုင်တယ်လို့လည်း ဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။ လက်ရှိ အချိန်ထိ တရားဝင် စာရင်းတွေအရ အိန္ဒိယမှာ လူပေါင်း ၃၄.၇ သန်းလောက် ကိုဗစ်ရောဂါ ကူးစက်ခံရပြီး သေဆုံးသူ ၄ သိန်း ၈ သောင်းနီးပါး ရှိနေကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

BRICS စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ရဲ့ ထိပ်သီးညီလာခံ တက်ရောက်လာတဲ့ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေ အိန္ဒိယ နိုင်ငံမှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တော်မှာ လူနေ အဆောက်အအုံတစ်လုံး ပြိုကျခဲ့တာကြောင့် ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး နောက်ထပ် လူ ၅၀ လောက် အပျက်အစီးတွေအောက် ပိတ်မိနေတယ်လို့ ယုံကြည်ရပါတယ်။

သတင်း

အိန္ဒိယမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ဖို့ ပူးပေါင်းကြံစည်ခဲ့ကြောင်းစွပ်စွဲချက်နဲ့ အဖမ်းခံထားရတဲ့ နိုင်ငံခြားသား ၇ ဦးဟာမြန်မာနိုင်ငံမှာ အရပ်ဖက် လေယာဉ်တစ်စီးကို ဒရုန်းနဲ့ တိုက်ခိုက်တဲ့ လုပ်ရပ်မှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ အိန္ဒိယ အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီ (NIA)ကစွပ်စွဲပါတယ်။