Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းမှာ မွေးမြူထားတဲ့ ကျားကောင်ရေ ၇၀ ကျော် ဗိုင်းရပ်စ်ကြောင့် သေဆုံး

ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ ကူးစက်မြန် ဗိုင်းရပ်စ်ကြောင့်လို့ ယူဆရတဲ့ ကျားကောင်ရေ ၇၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။

ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ ကူးစက်မြန် ဗိုင်းရပ်စ်ကြောင့်လို့ ယူဆရတဲ့ ကျားကောင်ရေ ၇၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။

လူသားတွေ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ ကျားတွေထဲက ၇၂ ကောင်ဟာ အခု သီတင်းပတ်ထဲမှာ သေဆုံးခဲ့ကြောင်း၊ အဓိက အကြောင်းရင်းက ပြင်းထန်ပြီး ကူးစက်နှုန်း မြန်ဆန်တဲ့ ဗိုင်းရပ်ကြောင့်လို့ ယုံကြည်ရပြီး အခြေအနေကို ထိန်းသိမ်းနိုင်ဖို့ အပူတပြင်း ကြိုးစားနေကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

အခုအခါမှာတော့ ကျားတွေကို ထိန်းသိမ်းထားတဲ့ လှောင်အိမ်တွေမှာ ပိုးသတ်ဆေးဖြန်းတာ၊ ကျန်ရှိနေသေးတဲ့ ကျားတွေကို ကာကွယ်ဆေး ထိုးပေးတာတွေကို အလျင်အမြန် လုပ်ဆောင်ဖို့ စီစဉ်နေပါတယ်။

ကျားတွေ အများအပြား သေဆုံးတာဟာ ဗိုင်းရပ်စ်ကြောင့်လို့ သတ်မှတ်ထားပေမယ့် ဘယ်ဗိုင်းရပ်စ် အမျိုးအစားကြောင့်လဲ ဆိုတာကိုတော့ ဆက်လက် စုံစမ်းနေဆဲပါ။ ချင်းမိုင်မှာရှိတဲ့ အစိုးရ အမှတ် ၅ နယ်မြေ မွေးမြူရေးဌာနကတော့ canine distemper ဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် ကျားတွေ သေဆုံးတယ်လို့ ယူဆနေပြီး တိရစ္ဆာန်ဆေးကု ဆရာဝန်တွေကတော့ mycoplasm ဘက်တီးရီးယား ကူးစက်မှုတွေကြောင့်လည်း ကျားတချို့ အသက်ဆုံးရှုံးခဲ့ကြောင်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

အစောပိုင်းတုန်းကတော့ ထိုင်းစိုက်ပျိုးရေး ဝန်ကြီးဌာန လက်အောက်ခံ မွေးမြူရေးဌာန ညွှန်ကြားရေးမှူးချုပ် ဆုမ်ချန် ရတ်တာနာမွန်ကလာနွန်ကတော့ ပြဿနာရဲ့ အဓိက လက်သည်ဟာ feline panleukopenia ဗိုင်းရပ်စ်ကြောင့် ဖြစ်တယ်လို့ မှတ်ချက်ပေးထားပါတယ်။

ဖျားနာနေတဲ့ ကျားတစ်ကောင်ကို စောင့်ရှောက် ကုသပေးရတာက ကြောင်လေး၊ ခွေးလေးတွေကို စောင့်ရှောက်ပေးရတာနဲ့ အရမ်း ခြားနားကြောင်း၊ ကြောင်တွေ ခွေးတွေ ဆိုတာက လူတွေနဲ့ အနေနီးပြီး ရောဂါလက္ခဏာတွေ ပြသလာတာနဲ့ ချက်ချင်း အနီးကပ် ကုသပေးလို့ ရကြောင်း၊ ဒါပေမဲ့ ကျားတွေ ဆိုတာက လူတွေနဲ့ နီးနီးနေတာ မဟုတ်ကြောင်း၊ ဒါကြောင့် ကျားတွေ နေမကောင်းဘူးဆိုတာ သတိထားမိရင် ရောဂါက ကျွမ်းနေတာမျိုး ဖြစ်နိုင်ကြောင်း သူက ဆိုပါတယ်။

လက်ရှိမှာတော့ ချင်းမိုင်ရဲ့ ခရိုင်နှစ်ခုဖြစ်တဲ့ မယ်ရင်မ်နဲ့ မယ်ထာအန်တို့မှာ ကူးစက်မှုတွေ ထောက်လှမ်း တွေ့ရှိထားပြီး အခြေအနေတွေ ပိုကျယ်ပြန့်မလာအောင် တာဝန်ရှိသူတွေက အပူတပြင်း ကြိုးစားနေကြပါတယ်။

ဖေဖော်ဝါရီ ၈ ရက်နေ့ကစလို့ ဒါဇင်နဲ့ချီ များပြားတဲ့ ကျားတွေမှာ နာမကျန်းမှု လက္ခဏာတွေ စတင်ပြသလာတာ ဖြစ်ပါတယ်။ ချင်းမိုင်မှာ ရှိနေတဲ့ Tiger Kingdomကိုလည်း ကျားတွေ သေဆုံးတဲ့ ဖြစ်စဉ်အပြီး ယာယီ ပိတ်ထားရပါတယ်။

ကြောင်ကြီးမျိုးနွယ်ဝင်ဖြစ်ပြီး ရှားပါးတဲ့ သတ္တဝါတွေ အစုလိုက် သေဆုံးမှုဟာ အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတွေမှာ နှစ်အနည်းငယ်အတွင်း ဒုတိယအကြိမ် ကြုံတွေ့လာခြင်းလည်း ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် ဩဂုတ်ကနေ အောက်တိုဘာလ အတွင်းမှာလည်း ဗီယက်နမ် တောင်ပိုင်းမှာ ကြက်ငှက်တုပ်ကွေး ကူးစက်ခံရပြီး ကျား ၄၇ ကောင်နဲ့ ကျားသစ် ၃ ကောင် သေဆုံးခဲ့ကြောင်း သိရပါတယ်။

ကိုးကား: Guardian
ဓာတ်ပုံ – Getty Images

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။