Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကာကွယ်ဆေး ၁၂ လုံး ထိုးပြီးပေမယ့် ထပ်ထိုးချင်နေသေးတဲ့ အိန္ဒိယ အဖိုးအို

အိန္ဒိယမှာ အရွယ်ရောက်ပြီးသူ ဦးရေရဲ့ ၄၅ ရာခိုင်နှုန်းဟာ ဆေး ၂ လုံး အပြည့် ထိုးနှံထားပြီး ဖြစ်ကြောင်း ဂျွန်ဟော့ပ်ကင်းစ် သုတေသန တက္ကသိုလ် စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

အိန္ဒိယ နိုင်ငံက အဖိုးအို တစ်ဦးဟာ ကိုဗစ် ကာကွယ်ဆေး ၁၂ လုံး ထိုးပြီးပေမယ့် မတင်းတိမ်နိုင်သေးဘဲ နောက်ထပ် ဆေးထပ်ထိုးဖို့ စဉ်းစားနေကြောင်း သိရပါတယ်။

ဘီဟာ ပြည်နယ်မှာ နေထိုင်ပြီး အသက် ၈၅ နှစ် ရှိပြီဖြစ်တဲ့ စာပို့ဝန်ထမ်းဟောင်း ဘရမ်ဒီရို မန်ဒဲလ်က သူဟာ နိုင်ငံသား စိစစ်ရေး ကတ်ပြားပြပြီး ဆေးထိုးခဲ့တာ ၉ လုံးရှိတယ်လို့ ပြောပြပါတယ်။ နောက်ထပ် ဆေး ၃ လုံးကိုတော့ သူ့ဇနီးရဲ့ ဖုန်းနံပါတ်နဲ့ မဲပေးကတ်လို ပစ္စည်းတွေကို အသုံးပြု၊ မှတ်ပုံတင်ပြီး ထိုးနှံနိုင်ခဲ့တာလို့ ဆိုပါတယ်။

ပထမဆုံး ကာကွယ်ဆေး တစ်လုံးကိုတော့ ပြီးခဲ့တဲ့နှစ်၊ ဖေဖော်ဝါရီလမှာ ထိုးခွင့် ရခဲ့တယ်လို့ မန်ဒဲလ်က New York Times သတင်းစာကို ပြောပါတယ်။ ကာကွယ်ဆေး ထိုးပြီးတဲ့ နောက်ပိုင်းမှာ သူ့ကျန်းမာရေးက ပိုကောင်းလာတယ်လို့ ခံစားရကြောင်း၊ ခါးနာတဲ့ ဝေဒနာလည်း အတော်လေး သက်သာလာကြောင်း၊ အစာပိုစားလာနိုင်ပြီး အားလည်း ပိုဖြစ်လာကြောင်း မန်ဒဲလ်က ပြောပါတယ်။ သူက နောက်ထပ် ကာကွယ်ဆေးတွေ ထပ်ထိုးဖို့ အမြဲတမ်း အခွင့်အလမ်း စောင့်နေကြောင်း၊ သူ့ကို ဘယ်သူမှလည်း ဆေးထိုးပြီးကြောင်း မှတ်မှတ်ထင်ထင် ရှိမှာ မဟုတ်ကြောင်းလည်း ပြောခဲ့ပါသေးတယ်။

ကိုဗစ် ကာကွယ်ဆေးတွေဟာ ကပ်ရောဂါကို တားဆီးနိုင်တာအပြင် တခြား မသက်ဆိုင်တဲ့ ကျန်းမာရေး ကဏ္ဍတွေမှာပါ ကောင်းကျိုး ဖြစ်ထွန်းနိုင်တယ်ဆိုတဲ့ သိပ္ပံနည်းကျ အထောက်အထားမျိုး မတွေ့ရသေးပါဘူး။ ဒါပေမဲ့ မန်ဒဲလ်ကတော့ ကာကွယ်ဆေး ထိုးတာဟာ သူ့ရဲ့ ကျန်းမာရေးအတွက် ဘက်ပေါင်းစုံ ကောင်းကျိုး ဖြစ်ထွန်းတယ်လို့ အခိုင်အမာ ယုံကြည်နေပါတယ်။

Public Service Announcement

Public Service Announcement

ဒီသတင်းကို ကြားမိတဲ့နောက် မက်ဒါပူရ ခရိုင် ကျန်းမာရေး ဌာနမှူး ဒေါက်တာ အမာရန်ဒရာ နာရာယန်း ရှာဟီက သူကိုယ်တိုင် မန်ဒဲလ်နဲ့ စကားသွားပြောခဲ့တယ်လို့ ဆိုပါတယ်။ အင်တာနက် ချိတ်ဆက်မှုမှာ နှေးကွေးတဲ့ ပြဿနာတွေက ဆေးထိုးထားသူ စာရင်းကို တင်တဲ့အခါ ကြန့်ကြာနေပြီး မန်ဒဲလ်နာမည် စာရင်းမရောက်သေးလို့ အခုလို အကြိမ်ကြိမ် ဆေးထိုးခွင့် ရနေတာ ဖြစ်နိုင်တယ်လို့ ရှာဟီက မှတ်ချက် ပေးပါတယ်။

လောလောဆယ်တော့ တာဝန်ရှိသူတွေက လူတစ်ယောက်တည်း ဆေးတွေ အများကြီး ထိုးခွင့်ရနေတဲ့ လစ်ဟာမှုနဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ လတ်တလော အချိန်ထိတော့ မန်ဒဲလ်ဟာ နေရာ ၄ ခု ခွဲပြီး အနည်းဆုံး ဆေး ၈ လုံး ထိုးထားတယ်ဆိုတာကို အတည်ပြု တွေ့ရှိထားပြီးပါပြီ။ တစ်ကြိမ်မှာဆိုရင် မိနစ် ၃၀ ပဲခြားပြီး ဆေး ၂ လုံး ထိုးသွားခဲ့တယ်လို့လည်း သိရပါတယ်။

အိန္ဒိယမှာ အရွယ်ရောက်ပြီးသူ ဦးရေရဲ့ ၄၅ ရာခိုင်နှုန်းဟာ ဆေး ၂ လုံး အပြည့် ထိုးနှံထားပြီး ဖြစ်ကြောင်း ဂျွန်ဟော့ပ်ကင်းစ် သုတေသန တက္ကသိုလ် စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံမှာ ဉာဏ်ရည်တု နည်းပညာ (AI)ကို လေ့ကျင့်ပေးတဲ့ အလုပ်က ပိုမိုကျယ်ပြန့်လာနေပါတယ်။ နောင်တစ်ချိန်မှာ AIဟာ သူတို့ရဲ့ အလုပ်နေရာတွေကို အစားထိုး ယူသွားမလား ဆိုတာကို စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း AI လေ့ကျင့်ရေး ဝန်ထမ်းတွေကတော့ အဲဒီ နည်းပညာသစ်ကို နည်းလမ်းမျိုးစုံနဲ့ လေ့ကျင့်...

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံသားတွေပါတဲ့ ရေနံတင် သင်္ဘောကို အမေရိကန်က တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ အမေရိကန် သံအရာရှိကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။