Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပြင်သစ်မှာ တွေ့တဲ့ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ် စိုးရိမ်စရာ မရှိသေးဘူးလို့ WHOပြော

Omicronတုန်းက တောင်အာဖရိကမှာ စတွေ့ပြီး ရက်ပိုင်းအတွင်း ကူးစက်နှုန်းက ကြောက်ခမန်းလိလိ တိုးလာခဲ့ကြောင်း၊ ဒီလို သွင်ပြင်လက္ခဏာမျိုး IHUမှာတော့ မတွေ့ရကြောင်း ပြင်သစ် ဆေးသုတေသန ပညာရှင်တွေက ဆိုပါတယ်။

ပြင်သစ်နိုင်ငံ တောင်ပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်တစ်ခု တွေ့ရှိထားပေမယ့် စိုးရိမ်ရတဲ့ အခြေအနေတော့ မဟုတ်သေးဘူးလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ထုတ်ပြန်ခဲ့ပါတယ်။

ကိုဗစ်ရောဂါ စွဲကပ်စေတဲ့ Sars-Cov-2 ကိုရိုနာဗိုင်းရပ်စ်ဟာ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း မျိုးဗီဇ ဆင့်ကဲပြောင်းလဲမှုတွေ ဆက်တိုက် ဖြစ်ပေါ်နေခဲ့ပါတယ်။ လောလောဆယ်မှာတော့ Deltaနဲ့ Omicron မျိုးကွဲ ကိုရိုနာ ဗိုင်းရပ်စ်တွေဟာ ကမ္ဘာတလွှားမှာ ပျံ့နှံ့ ကူးစက်မှု အများဆုံးအဖြစ် ရှိနေပါတယ်။ အထူးသဖြင့် တောင်အာဖရိကမှာ စတင် တွေ့ရှိခဲ့တဲ့ Omicronဟာ ကြုံဖူးသမျှ ကူးစက်နှုန်း အမြန်ဆုံး ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတစ်ခုလို့ သတ်မှတ် ခံလာရပါတယ်။

အခုလောလောဆယ် ပြင်သစ်မှာ ထပ်တွေ့တဲ့ မျိုးကွဲသစ်ကိုတော့ IHUလို့ WHOက ယာယီနာမည် ပေးထားပါတယ်။ ဒီဗိုင်းရပ်စ်အသစ်ကို နိုဝင်ဘာလလောက် ကတည်းက စတင် ထောက်လှမ်းမိခဲ့တယ်လို့ ယူဆရပြီး လက်ရှိ အချိန်ထိ လူ ၁၂ ဦးထက် မနည်းကို ကူးစက်ခဲ့ပြီးပါပြီ။ WHOက IHUရဲ့ အနေအထားကို စောင့်ကြည့်နေပြီး Omicronတို့၊ Deltaတို့လို အရမ်းစိုးရိမ်ရတဲ့ မျိုးကွဲအဆင့် ရောက်မလာသေးဘူးလို့ ဆိုပါတယ်။ ကိုရိုနာ ဗိုင်းရပ်စ်တွေမှာ လွှမ်းမိုးနိုင်စွမ်း အားကောင်းတဲ့ မျိုးကွဲက ကြီးစိုးသွားပြီး တခြားမျိုးကွဲတွေကတော့ ပျက်ပြယ်သွားတတ်ပါတယ်။

Omicronတုန်းက တောင်အာဖရိကမှာ စတွေ့ပြီး ရက်ပိုင်းအတွင်း ကူးစက်နှုန်းက ကြောက်ခမန်းလိလိ တိုးလာခဲ့ကြောင်း၊ ဒီလို သွင်ပြင်လက္ခဏာမျိုး IHUမှာတော့ မတွေ့ရကြောင်း ပြင်သစ် ဆေးသုတေသန ပညာရှင်တွေက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

Sars-Cov-2 ကိုရိုနာ ဗိုင်းရပ်စ်ရဲ့ မျိုးဗီဇ ဆင့်ကဲပြောင်းလဲမှု မြန်ဆန်လွန်းပြီး မျိုးကွဲတွေ မကြာခဏ ထွက်ပေါ်လာတတ်တဲ့ သဘော သဘာဝဟာ ကာကွယ်ဆေး ကုမ္ပဏီကြီးတွေအတွက် အကြီးမားဆုံး စိန်ခေါ်မှု တစ်ခုလည်း ဖြစ်နေပါတယ်။ Omicronဆိုရင် ကာကွယ်ဆေး အများစုရဲ့ စွမ်းဆောင်ရည်ကို သိသိသာသာ ကျဆင်းသွားအောင် ရှောင်လွှဲနိုင်စွမ်း ရှိလာကြောင်း တွေ့ရှိထားပါတယ်။

သိပ္ပံပညာရှင်တွေဟာ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲအားလုံးရဲ့ ကူးစက်မှုကို ဟန့်တား ထိန်းချုပ်နိုင်မယ့် ကာကွယ်ဆေး အသစ်တစ်မျိုး တီထွင်နိုင်ဖို့ ကြိုးစား ကြံဆနေပါတယ်။ ဒီကိစ္စဟာ အခြေအနေကောင်းတွေ ပိုင်ဆိုင်နေပြီ ဆိုပေမယ့် သုတေသန လုပ်ငန်းတွေက ကနဦး အဆင့်မှာသာ ရှိနေသေးကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြည်တွင်း ဘောလုံးကလပ်ရဲ့ ဥရောပ ချန်ပီယံဆု ဆွတ်ခူးမှုကို လွန်လွန်ကဲကဲ အောင်ပွဲခံကြရာက ပြင်သစ်နိုင်ငံမှာ လူပေါင်း ၄၀၀ ကျော် အဖမ်းခံခဲ့ရပါတယ်။

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံဟာ စစ်ရေးပဋိပက္ခနဲ့ ကူးစက်ရောဂါဆိုး တပြိုင်နက် ထိုးနှက်တဲ့ဒဏ်ကို ကြုံတွေ့နေရပြီလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောကြားခဲ့ပါတယ်။

သတင်း

မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဥရောပသမဂ္ဂရဲ့ပိတ်ဆို့မှုကို ချိုးဖောက်ခဲ့တယ်လို့ သံသယရှိတဲ့ Thales ကုမ္ပဏီကို စုံစမ်းစစ်ဆေး အရေးယူဖို့ ပြင်သစ်အာဏာပိုင်တွေကို Justice For Myanmarက တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

ကွန်ဂို နိုင်ငံမှာ ဖြစ်ပွားနေတဲ့ အီဘိုလာ ရောဂါဟာ ကူးစက်နှုန်း အရရော၊ ကူးစက်မှု အတိုင်းအတာတွေ အရပါ အရမ်းစိုးရိမ်စရာ အခြေအနေမျိုးလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ရဲ့ အကြီးအကဲက ပြောကြားခဲ့ပါတယ်။