Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆေးတစ်လုံး တစ်ဒေါ်လာတန် ကိုဗစ် ကာကွယ်ဆေး တစ်မျိုးကို အမေရိကန်မှာ စမ်းသပ်တီထွင်နေ

Corbevaxဟာ ကပ်ရောဂါ တိုက်ဖျက်ရေးမှာ ကြီးမားတဲ့ အလှည့်အပြောင်းတစ်ခု ဖြစ်လိမ့်မယ်လို့ ဝါရှင်တန်ဒီစီက ကွန်ဆော့တီယမ် တက္ကသိုလ်၊ ကမ္ဘာ့ကျန်းမာရေးဌာန အကြီးအကဲ ကိသ်မာတင်က ပြောပါတယ်။ ဒီဆေးဟာ ဆင်းရဲတဲ့ နိုင်ငံတွေမှာတောင် ကိုယ်တိုင် ထုတ်လုပ် ဖြန့်ချိနိုင်ပြီး စျေးသက်သာ၊ အာနိသင် ထက်မြက်၊ ဘေးအန္တရာယ် ကင်းရှင်းလိမ့်မယ်လို့ သူက ဆိုပါတယ်။

အိန္ဒိယ နိုင်ငံမှာ အရေးပေါ် သုံးစွဲခွင့် ပြုထားပြီဖြစ်တဲ့ စမ်းသပ်အဆင့် ကာကွယ်ဆေး တစ်မျိုးဟာ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ကိုဗစ်ကပ်ရောဂါ တိုက်ဖျက်ရေး ကဏ္ဍမှာ ကြီးမားတဲ့ ခြေလှမ်းသစ်တစ်ခု ဖြစ်လာဖွယ် ရှိနေပါတယ်။

အမေရိကန်က သုတေသီတွေ ဦးဆောင်ပြီး တီထွင်ထားတဲ့ ကာကွယ်ဆေးဟာ အာနိသင် ထက်မြက်ပြီး စရိတ်စက နည်းပါးတာကြောင့် ဝင်ငွေနည်းတဲ့ နိုင်ငံတွေကို ကျယ်ကျယ်ပြန့်ပြန့် တင်ပို့ ထောက်ပံ့နိုင်ဖို့ မျှော်လင့်နေပါတယ်။ ဒီကာကွယ်ဆေးကိုတော့ Corbevaxလို့ လောလောဆယ် နာမည်ပေးထားပါတယ်။ ဒီဇင်ဘာလတုန်းက Corbevaxကို အိန္ဒိယ နိုင်ငံမှာ လက်တွေ့ ထိုးနှံမှုတွေ စတင်ခွင့်ပြုခဲ့ပါတယ်။

Corbevaxဟာ ကပ်ရောဂါ တိုက်ဖျက်ရေးမှာ ကြီးမားတဲ့ အလှည့်အပြောင်းတစ်ခု ဖြစ်လိမ့်မယ်လို့ ဝါရှင်တန်ဒီစီက ကွန်ဆော့တီယမ် တက္ကသိုလ်၊ ကမ္ဘာ့ကျန်းမာရေးဌာန အကြီးအကဲ ကိသ်မာတင်က ပြောပါတယ်။ ဒီဆေးဟာ ဆင်းရဲတဲ့ နိုင်ငံတွေမှာတောင် ကိုယ်တိုင် ထုတ်လုပ် ဖြန့်ချိနိုင်ပြီး စျေးသက်သာ၊ အာနိသင် ထက်မြက်၊ ဘေးအန္တရာယ် ကင်းရှင်းလိမ့်မယ်လို့ သူက ဆိုပါတယ်။

Corbevaxရဲ့ အစပြုမှုဟာ ကိုဗစ်ရောဂါထက် သက်တမ်း အများကြီး ပိုစောခဲ့ပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခု နီးပါးလောက် ကတည်းက ဖြစ်ပါတယ်။ အဲဒီတုန်းက ဆားစ်ကပ်ရောဂါ ခြိမ်းခြောက်မှုတွေ စတင်လာတဲ့နောက် ဝါရှင်တန် အခြေစိုက် ဆေးသုတေသန ပညာရှင် နှစ်ဦးဖြစ်တဲ့ ပီတာဟိုးတက်ဇ်နဲ့ မာရီရာ အယ်လီနာတို့က ကာကွယ်ဆေး တီထွင်ဖို့ ကြိုးစားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ ၂၀၀၃ ခုနှစ်တုန်းက စတင်ခဲ့တဲ့ ဆားစ်ရောဂါဟာ ကာကွယ်ဆေးတွေ မတီထွင်ဖြစ်ခင်မှာပဲ ကူးစက် ပျံ့နှံ့မှုတွေ ရပ်တန့်သွားခဲ့ပါတယ်။ Corbevaxရဲ့ သုတေသနပြု လုပ်ငန်းတွေကလည်း ဆိုင်းငံ့ထားလိုက်ပါတယ်။ ဒါပေမဲ့ ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ Sars-Cov-2 ကိုရိုနာဗိုင်းရပ်စ် ထကြွလာတဲ့ အချိန်မှာတော့ Corbevax ပရောဂျက်ကို တက္ကဆက်စ်မှာ အခြေစိုက်ပြီး ပြန်အသက်သွင်းလာခဲ့တာပါ။

ဒီကာကွယ်ဆေးကို Protein Subunit နည်းပညာနဲ့ တီထွင်ထားပါတယ်။ ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားတွေမှာ ဖွဲ့စည်းပါဝင်တဲ့ ပရိုတိန်းတွေကို ခန္ဓာကိုယ်ထဲ ထည့်သွင်းပြီး ကိုယ်ခံအား Antibody ထုတ်လုပ်အောင် လှုံ့ဆော်ပေးတဲ့ နည်းလမ်းမျိုးဖြစ်ပြီး ရောဂါတော့ မဖြစ်ပါဘူး။ အသည်းရောင် အသားဝါ ဘီပိုး ကာကွယ်ဆေးလို ဆေးတွေမှာ ဒီနည်းပညာကို အသုံးပြုထားတယ်လို့ ဟိုးတက်ဇ်က ရှင်းပြပါတယ်။

ကနဦး လေ့လာမှုတွေအရ Corbevaxဟာ လက်တွေ့ အစွမ်းထက်ပြီး ဘေးထွက်ဆိုးကျိုး နည်းပါးတယ်လို့လည်း သိရှိရပါတယ်။ ဒီဆေးဟာ မူရင်း Sars-Cov-2 ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ၉၀ ရာခိုင်နှုန်းထိ ကာကွယ်နိုင်ပြီး Deltaမျိုးကွဲ ကူးစက်နိုင်ခြေကို ၈၀ ရာခိုင်နှုန်းလောက်ထိ တားဆီးနိုင်ပါတယ်။ Omicronနဲ့ ပတ်သက်လို့တော့ ဆက်လက် လေ့လာနေဆဲ ဖြစ်ပါတယ်။

အခု ကာကွယ်ဆေးရဲ့ အဓိက အားသာချက်ကတော့ စျေးသက်သာတာ ဖြစ်ပါတယ်။ Pfizerနဲ့ Modernaတို့က ထုတ်လုပ်တဲ့ mRNA နည်းပညာသုံး ကာကွယ်ဆေးတွေ၊ Johnson & Johnsonက ထုတ်လုပ်တဲ့ Viral Vector နည်းပညာ အခြေပြု ကာကွယ်ဆေးတွေနဲ့ ယှဉ်လိုက်ရင် စျေးက အရမ်းသက်သာလိမ့်မယ်လို့ ဟိုးတက်ဇ်က မှတ်ချက် ပေးခဲ့ပါတယ်။

ဆေးတစ်လုံးကို တစ်ဒေါ်လာ၊ တစ်ဒေါ်လာခွဲလောက်နဲ့တောင် ရောင်းချနိုင်မယ်လို့ မျှော်လင့်ကြောင်း၊ ဒီထက် စျေးသက်သာတဲ့ ကိုဗစ် ကာကွယ်ဆေးလည်း မရှိနိုင်လောက်တော့ကြောင်း သူက ဆိုပါတယ်။ သုတေသီတွေကတော့ ကနဦး စမ်းသပ်မှု ရလဒ်တွေကို ကြည့်ပြီး Corbevaxဟာ သေချာပေါက် အောင်မြင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။ အိန္ဒိယမှာ ဆန္ဒအလျောက် အစမ်းသပ်ခံသူ ၃၀၀၀ လောက်ကို ဆေးထိုးပေးခဲ့ပြီး အခြေအနေကောင်းတွေ ပိုင်ဆိုင်နေပါတယ်။

ဟိုးတက်ဇ်ကတော့ သူတို့ရဲ့ဆေးဟာ နည်းပညာ အဟောင်းကို အခြေပြုထားတယ် ဆိုပေမယ့် တန်ဖိုးရှိပြီး ကမ္ဘာ့လူသားတွေအတွက် အကျိုးကျေးဇူး ဖြစ်ထွန်းစေမယ်လို့ ယုံကြည်ကြောင်း ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။