Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဆူနာမီဒဏ်ခံ တွန်ဂါနိုင်ငံမှာ ထိခိုက်ပျက်စီးမှု ပမာဏကို တိုင်းတာဖို့ ခက်ခဲနေ

တွန်ဂါဟာ ကျွန်းငယ်ပေါင်း ၁၇၀၀ လောက်နဲ့ ဖွဲ့စည်းထားတဲ့ သမုဒ္ဒရာပိုင်းဇုန် ကျွန်းစုနိုင်ငံ တစ်ခုပါ။ ကျွန်းအများစုမှာ လူတွေ အခြေချ နေထိုင်တာမျိုး မဟုတ်ဘဲ ကျယ်ပြန့်တဲ့ ကမ်းရိုးတန်း၊ လှပတဲ့ သဲသောင်ပြင်တွေနဲ့ သဘာဝ ကမ်းခြေတွေ ပေါကြွယ်ဝတာကြောင့် ထင်ရှားတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

ပြင်းထန်တဲ့ ဆူနာမီလှိုင်း ရိုက်ခတ်မှုဒဏ်ကို ခံစားခဲ့ရတဲ့ ကျွန်းနိုင်ငံငယ်လေး တွန်ဂါမှာ ထိခိုက် ပျက်စီးမှုနဲ့ အသေအပျောက် ဘယ်လောက် ဆိုးသလဲ ဆိုတာကို သတင်းစုံစမ်းနိုင်ဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က တွန်ဂါရဲ့ မြို့တော် နူကူ အလိုဖာရဲ့ မြောက်ဖက် ၆၄ ကီလိုမီတာလောက် အကွာမှာ ရေအောက်မီးတောင်တစ်လုံး ပေါက်ကွဲခဲ့ပါတယ်။ ဟွန်ဂါတွန်ဂါ ဟွန်ဂါ ဟာဖိုင် မီးတောင် ပေါက်ကွဲတဲ့ အရှိန်က အရမ်းပြင်းပြီး ချော်ပြာတွေနဲ့ မီးခိုးလုံးတွေက ပစိဖိတ် သမုဒ္ဒရာ ရေပြင်အထက် ကီလိုမီတာ ၂၀ လောက် အကွာထိ ရောက်ရှိခဲ့ပါတယ်။

မီးတောင်ရဲ့ အရှိန်ကြောင့် အင်အား ပြင်းထန်တဲ့ ဆူနာမီ လှိုင်းလုံးတွေ ဖြစ်ပေါ်ခဲ့ပြီး တွန်ဂါ ကမ်းရိုးတန်းကို ဝင်ရောက် ရိုက်ခတ်ခဲ့ပါတယ်။ အမေရိကန်နဲ့ ဂျပန်တို့လို နိုင်ငံတွေမှာလည်း ၁ မီတာ အထက်လောက်ထိ မြင့်မားတဲ့ ဆူနာမီလှိုင်း ရိုက်ခတ်မှုတွေ ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ ကြိုတင် သတိပေးချက်တွေ ထုတ်ပြန်ပြီး ကမ်းခြေတဝိုက်မှာ နေထိုင်သူတွေကို ရွှေ့ပြောင်းပေးနိုင်ခဲ့တဲ့အတွက် အဲဒီနိုင်ငံတွေမှာ အသေအပျောက်တော့ မရှိခဲ့ပါဘူး။

တွန်ဂါကတော့ မီးတောင်ပေါက်ကွဲတဲ့ နေရာနဲ့ အရမ်းနီးကပ်တဲ့အတွက် ဆူနာမီလှိုင်းဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရတယ်လို့ ယုံကြည်ရပါတယ်။ ဒါပေမဲ့ လောလောဆယ် လျှပ်စစ်ဓာတ်အားနဲ့ ဖုန်းလိုင်း ပြတ်တောက်မှုတွေကြောင့် တွန်ဂါမှာ အခြေအနေ ဘယ်လိုရှိသ်လဲ ဆိုတာကို အတည်ပြုလို့ မရပါဘူး။ အင်တာနက် ချိတ်ဆက်မှုကလည်း အကန့်အသတ် ကြီးကြီးမားမား ကြုံနေရပါတယ်။

Public Service Announcement

Public Service Announcement

မီးတောင်ပေါက်ကွဲတဲ့ နေရာတဝိုက်ကို လေယာဉ်စေလွှတ်ပြီး ထောက်လှမ်း လေ့လာခဲ့တဲ့ နယူးဇီလန် အစိုးရတော့ တွန်ဂါရဲ့ အနောက်ဖက် တွန်ဂါတာပူ ကမ်းရိုးတန်း တဝိုက်မှာ ဆိုးဆိုးရွားရွား ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ ကနဦး သတင်းရထားကြောင်း ပြောပါတယ်။ အဲဒီနေရာဟာ လှပတဲ့ အပန်းဖြေ ကမ်းခြေတွေ ရှိတာကြောင့် ခရီးသွား ဧည့်သည်တွေ သွားရောက် လည်ပတ်လေ့ ရှိပါတယ်။

တွန်ဂါရဲ့ နာမည်ကျော် ကမ်းခြေတစ်ခုဖြစ်တဲ့ ဟာတာဖူ အပန်းဖြေ စခန်းကတော့ ဆူနာမီဒဏ်ကြောင့် လုံးဝဥဿုံ ပျက်စီးသွားကြောင်း သိရပါတယ်။ မီးတောင်ပေါက်ကွဲပြီးတဲ့နောက် မရှေးမနှောင်းမှာပဲ ဆူနာမီ ရေလှိုင်းတွေ ရောက်ရှိလာလို့ အသက်လု ပြေးလွှားခဲ့ရကြောင်း ဒေသခံ မိသားစု တချို့က ဆိုပါတယ်။ ပြေးမလွတ်ဘဲ ပျောက်ဆုံးသွားသူ ဦးရေကတော့ ခန့်မှန်းဖို့ မလွယ်သေးပါဘူး။

တွန်ဂါဟာ ကျွန်းငယ်ပေါင်း ၁၇၀၀ လောက်နဲ့ ဖွဲ့စည်းထားတဲ့ သမုဒ္ဒရာပိုင်းဇုန် ကျွန်းစုနိုင်ငံ တစ်ခုပါ။ ကျွန်းအများစုမှာ လူတွေ အခြေချ နေထိုင်တာမျိုး မဟုတ်ဘဲ ကျယ်ပြန့်တဲ့ ကမ်းရိုးတန်း၊ လှပတဲ့ သဲသောင်ပြင်တွေနဲ့ သဘာဝ ကမ်းခြေတွေ ပေါကြွယ်ဝတာကြောင့် ထင်ရှားတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကျွန်းစုနိုင်ငံ ဖိလစ်ပိုင်ဟာ ပစိဖိတ် မီးကွင်းဒေသလို့ ခေါ်ဝေါ်တဲ့ ရေအောက် မီးတောင်ရပ်ဝန်းနဲ့ ဆက်စပ် တည်ရှိနေပြီး ငလျင်လှုပ်ခတ်မှုတွေနဲ့ မကြာခဏ ကြုံတွေ့ရလေ့ ရှိပါတယ်။

သတင်း

ထိခိုက်ပျက်စီးမှု ရှိခဲ့တဲ့ ဘုရားတွေကတော့ ထီးလိုမင်းလိုဘုရား ၊ သဗ္ဗညုဘုရား၊ဓမ္မရာဇကဘုရားကြီး၊အာနန္ဒာအုတ်ကျောင်းမုခ်ဦး၊ပုထိုးသားများဘုရားစတဲ့ ရှေးဟောင်းဘုရား တွေဖြစ်တယ်လို့သိရပါတယ်။

ဗီဒီယို

ကျေးလက်ဒေသဆန်တဲ့ ချီရှန်မြို့နယ်ကို ဗဟိုပြုခဲ့တဲ့ ငလျင်ဟာ မြေမျက်နှာပြင်အောက် ၁၀ ကီလိုမီတာ အနက်လောက်ဆီ ဦးတည်ခဲ့ပါတယ်။ မြေတိမ်ငလျင် အမျိုးအစား ဖြစ်တာကြောင့် မြေပေါ်မှာ သက်ရောက်မှုက ပိုပြင်းထန်ပါတယ်။

News

ငလျင် ဒဏ်ကြောင့် အဆောက်အဦးတွေလှုပ်ရမ်းသွားသလို ဆူနာမီသတိပေးချက်တွေ ထုတ်ပြန်ထားတယ်လို့သိရပါတယ်။