Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်တပ် အာဏာသိမ်းမှုတွေ များပြားလာတဲ့အပေါ် အာဖရိက ခေါင်းဆောင်တွေ ဆွေးနွေး

မှတ်တမ်းတွေအရ ၁၉၆၀ ပြည့်လွန်နှစ်တွေကနေ ၁၉၇၀ ပြည့်နှစ်လောက်အတွင်း အာဖရိကမှာ စစ်တပ် အာဏာသိမ်းမှုတွေ အမြင့်ဆုံး အတိုင်းအတာထိ ရောက်ရှိခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၉၀ ပြည့်လွန်နှစ် နောက်ပိုင်း ကာလတွေမှာတော့ အာဏာသိမ်းမှုတွေ တစ်စထက်တစ်စ လျော့ပါးလာခဲ့ကြောင်း သိရပါတယ်။

ဒေသတွင်းမှာ စစ်တပ် အာဏာသိမ်းမှုတွေ ထူပြောလာခြင်းက အခုနှစ် အာဖရိက သမဂ္ဂ ထိပ်တန်း ညီလာခံရဲ့ အဓိက အကျဆုံး ဆွေးနွေးတဲ့ အကြောင်းအရာ ဖြစ်လာပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း အာဖရိက နိုင်ငံတွေမှာ စစ်တပ်က အာဏာသိမ်းမှု ၅ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ လောလောလတ်လတ် အနေနဲ့ မာလီ၊ ဘာကီနာဖာဆို နိုင်ငံတွေမှာလည်း စစ်တပ် အာဏာသိမ်းမှုတွေ ပေါ်ပေါက်ထားပါတယ်။

ပြီးခဲ့တဲ့ အပတ်ကတော့ ဂီနီယာ-ဘစ်ဆော နိုင်ငံမှာ သမ္မတကို လုပ်ကြံပြီး အာဏာသိမ်းဖို့ အားထုတ်မှုတစ်ခု ဖြစ်ခဲ့ပါသေးတယ်။ အဲဒီ ဖြစ်စဉ်မှာ ဘေးကင်းခဲ့တဲ့ သမ္မတ ကိုယ်တိုင်ကတော့ အာဏာသိမ်းဖို့ ကြိုးစားတာဟာ မူးယစ်မှောင်ခို ဂိုဏ်းတွေရဲ့ လက်ချက်လို့ ပြစ်တင်ခဲ့ပါတယ်။

အခုဆိုရင် အာဏာသိမ်းမှု ဖြစ်ခဲ့တဲ့ နိုင်ငံတချို့မှာ အစွန်းရောက် အစ္စလာမ်မစ် အကြမ်းဖက် အဖွဲ့တွေကလည်း ပိုမို လှုပ်ရှားလာတာကြောင့် အာဖရိက ဒေသကြီး တစ်ခုလုံးရဲ့ လုံခြုံမှုကိုပါ ခြိမ်းခြောက်လာနေပါတယ်။ အာဖရိကမှာ အရင်တုန်းကတော့ စစ်တပ် အာဏာသိမ်းတဲ့ ကိစ္စတွေက ကြားနေ၊ မြင်နေကျ အခြေအနေလို့တောင် ပြောလို့ရပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း အာဖရိက နိုင်ငံတွေမှာ ရွေးကောက်ပွဲ ဒီမိုကရေစီစနစ် ပိုမို ထွန်းကားလာပြီး ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းပေးတာမျိုးတွေ အားကောင်းလာခဲ့ပါတယ်။ ဒီအခြေအနေတွေက ၂၀၂၁ ကစလို့ ခေတ်နောက်ပြန် ဆွဲသလို လမ်းကြောင်းဆီ ဦးတည်လာခဲ့တာပါ။

Public Service Announcement

Public Service Announcement

အီသီယိုးပီးယားနိုင်ငံ၊ အက်ဒစ်ဘာဘာမြို့မှာ ကျင်းပခဲ့တဲ့ အာဖရိက သမဂ္ဂ အစည်းအဝေးမှာတော့ အာဏာသိမ်းမှုတွေဟာ လှိုင်းအသစ် တစ်ခုလို တကျော့ပြန် အားကောင်းလာနိုင်ကြောင်း နိုင်ငံ ခေါင်းဆောင်တွေက ပြောပါတယ်။ အဲဒီ မတိုင်ခင် ကတည်းက ဂါနာ သမ္မတ နာနာ အကူဖို အက်ဒိုက မာလီမှာ ဖြစ်ပွားတဲ့ အာဏာသိမ်းမှုဟာ ကူးစက်ရောဂါ တစ်ခု ဖြစ်လာနိုင်တယ်လို့ မှတ်ချက်ပေးခဲ့ပြီး အနောက် အာဖရိက အိမ်နီးချင်း နိုင်ငံတွေရဲ့ စစ်တပ် အကြီးအကဲတွေ အနေနဲ့ ဒီမိုကရေစီကို လေးစားကြဖို့ တိုက်တွန်းခဲ့ပါတယ်။

အာဖရိက သမဂ္ဂ အစည်းအဝေး တက်ရောက်ခဲ့တဲ့ နိုင်ငံခေါင်းဆောင်တိုင်းက စစ်တပ် အာဏာသိမ်းမှုတွေကို ခြွင်းချက်မရှိ ရှုတ်ချကြောင်း ပူးတွဲ ကြေညာပြီး ဒီလုပ်ရပ်တွေဟာ တရားမဝင်တဲ့ အစိုးရ အပြောင်းအလဲသာ ဖြစ်တယ်လို့ သဘောတူခဲ့ကြောင်း သမဂ္ဂရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကောင်စီ အကြီးအကဲ ဘန်ကိုလီ အဒီယိုရီက ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် စစ်အစိုးရတွေကို သည်းခံ ဆက်ဆံနေစရာ အကြောင်း မရှိဘူးလို့လည်း သူက သတိပေးခဲ့ပါတယ်။

မှတ်တမ်းတွေအရ ၁၉၆၀ ပြည့်လွန်နှစ်တွေကနေ ၁၉၇၀ ပြည့်နှစ်လောက်အတွင်း အာဖရိကမှာ စစ်တပ် အာဏာသိမ်းမှုတွေ အမြင့်ဆုံး အတိုင်းအတာထိ ရောက်ရှိခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၉၀ ပြည့်လွန်နှစ် နောက်ပိုင်း ကာလတွေမှာတော့ အာဏာသိမ်းမှုတွေ တစ်စထက်တစ်စ လျော့ပါးလာခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ထိုးစစ်ဆင်လာတဲ့ စစ်တပ် အသေခံဒရုန်းတွေနဲ့တိုက်ခိုက်ခံရပြီး အထိနာနေတယ်လို့ AIF Myanmarတပ်ဖွဲ့ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ (၆၀)ကျော်အရွယ် သက်ကြီးရွယ်အို ၃ဦး သေဆုံးကာ ကလေးငယ် ၂ဦး အပါအဝင် ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

မိုးမိတ်မြို့ရောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ကားဝယ်စီးဖို့ ဒေသခံတွေဆီ ငွေတောင်းပြီး ဝယ်ခိုင်းနေလို့ အိမ်ထောင်စုအလိုက် ငွေစုပေးနေရတယ်လို့ မြို့ခံအချို့က ပြောပါတယ်။

သတင်း

စစ်တပ်က အာဏာသိမ်းခဲ့လို့ တိုင်းပြည်အတွင်း နိုင်ငံရေး ရှုပ်ထွေးမှုတွေ အကျပ်အတည်းတွေ ထပ်မံ ပေါ်ပေါက်လာရခြင်းဖြစ်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောပါတယ်။

Facebook