Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်ဖြစ်နိုင်ခြေတွေကြောင့် ယူကရိန်းကို ပျံသန်းတဲ့ လေကြောင်း ခရီးစဉ်တွေ ဆိုင်းငံ့

စစ်ဖြစ်မယ့် အငွေ့အသက်တွေ ပိုမိုထင်ရှားလာတဲ့နောက် ယူကရိန်းကို ပျံသန်းမယ့် လေကြောင်းလိုင်း တချို့ဟာ ခရီးစဉ်တွေ ဆိုင်းငံ့လိုက်ကြောင်း ကြေညာခဲ့ကြပါတယ်။

တချို့ လေကြောင်း ခရီးစဉ်တွေဟာ NATO မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေဆီက ဖြစ်ကြပြီး ယူကရိန်းကို လက်နက်တွေ တင်ပို့ဖို့ ရည်ရွယ်ထားကြတာပါ။ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ရုရှားတပ်တွေဟာ ယူကရိန်းကို အချိန်မရွေး ဝင်ရောက် တိုက်ခိုက်နိုင်ခြေ ရှိနေကြောင်း ပြောကြားခဲ့တဲ့နောက် လုံခြုံရေးအရ လေကြောင်း ခရီးစဉ်တွေ ဆိုင်းငံ့ပြီး အခြေအနေကို ပြန်သုံးသပ်ဖို့ အကြောင်းဖန်လာခဲ့တာပါ။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ ဘိုင်ဒန်နဲ့ တစ်နာရီလောက် ဖုန်းဆက် ဆွေးနွေးခဲ့ပြီးတဲ့နောက် သူ့နိုင်ငံဟာ လုံခြုံ စိတ်ချရတဲ့ ကာကွယ်စောင့်ရှောက်မှုမျိုး အောက်မှာ ဆက်ရှိနေဆဲလို့ ပြောကြားခဲ့ပါတယ်။ ရုရှားဟာ ၂၀၁၄ တုန်းကလည်း ယူကရိန်းကို ကျူးကျော်ပြီး ခရိုင်းမီးယား ကျွန်းဆွယ်ကို သိမ်းယူခဲ့ဖူးပါတယ်။

ဘိုင်ဒန်က သူနဲ့ ဇီလန်စကီးတို့ဟာ ရုရှားရဲ့ ကျူးကျော်မှုကို သံတမန်ရေး အရရော၊ တခြား အရေးယူ ပိတ်ဆို့မှုတွေနဲ့ပါ တွန်းလှန်ဖို့ သဘောတူခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။ တစ်ဖက်မှာလည်း အခုဆိုရင် ယူကရိန်း နိုင်ငံ ပတ်ပတ်လည် နီးပါးကို ရုရှားစစ်သည် ၁ သိန်း ၃ သောင်းလောက် ဝန်းရံနေပြီး အချိန်မရွေး စစ်ပွဲ စတင်လာနိုင်တယ်လို့ ဘိုင်ဒန်က မှတ်ချက် ပေးခဲ့ပါတယ်။

မကြာသေးခင်က ရုရှားဟာ မဟာမိတ် ဘီလားရုစ် နိုင်ငံနဲ့ ပူးပေါင်းပြီး စစ်ရေး လေ့ကျင့်ခဲ့ကြသလို အမေရိကန်ရဲ့ စစ်ထောက်လှမ်းရေးတွေက ဒီလေ့ကျင့်မှုဟာ ကျူးကျော်စစ်အတွက် ပြင်ဆင်မှု အစိတ်အပိုင်း တစ်ရပ်အဖြစ် ရှုမြင်နေကြပါတယ်။

Public Service Announcement

Public Service Announcement

အခုဆိုရင် ယူကရိန်း ပိုင်နက်ရဲ့ မြောက်ပိုင်း၊ အရှေ့ဖက်၊ တောင်ပိုင်းတွေမှာ ရုရှား စစ်သည်တွေ အလုံးအရင်းနဲ့ ဖြန့်ကျက် တပ်စွဲထားကြပါပြီ။ လက်ရှိ အချိန်ထိတော့ ရုရှား အစိုးရက ယူကရိန်းကို ဝင်တိုက်ခိုက်မယ်ဆိုတဲ့ ထင်ကြေးတွေကို အစဉ်တစိုက် ငြင်းဆိုနေဆဲပါ။ ဒါပေမဲ့ အမေရိကန် စစ်ဘက် ထိပ်တန်း အရာရှိ တချို့ကတော့ စစ်ထောက်လှမ်းရေး သတင်းတွေကို ကိုးကားပြီး ပူတင်ဟာ ယူကရိန်းကို ကျူးကျော်ဖို့ ဆုံးဖြတ်ထားပြီး ဖြစ်နိုင်ကြောင်း ပြောဆိုထားကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။

နိုင်ငံတကာ

လောလောဆယ်တော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံဖို့ မဖြစ်နိုင်လောက်သေးကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က မှတ်ချက်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ မျက်နှာစုံညီ တွေ့ဆုံချင်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အတိအလင်း တောင်းဆိုလိုက်ပါတယ်။