Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

တရားဝင် နာမည်အသစ် ပြောင်းလဲတော့မယ့် ဘန်ကောက်မြို့တော်

နာမည် ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ ဆွေးနွေး တိုင်ပင်ဖို့လည်း အစိုးရက ထိုင်းတော်ဝင် ပြန်တမ်းအဖွဲ့ကို အကြံပြုထားကြောင်း သိရပါတယ်။

ထိုင်းနိုင်ငံရဲ့ မြို့တော်ကို တရားဝင် နာမည်အသစ် သတ်မှတ်ကြောင်း ထိုင်းဘုရင့်နန်းတော်က အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။

ဘန်ကောက်မြို့ရဲ့ တရားဝင် နာမည်အသစ်ဟာ ခရွန်သပ်မဟာနက်ခွန် ဖြစ်လာလိမ့်မယ်လို့ ထိုင်းတော်ဝင် ပြန်တမ်းအဖွဲ့က ဖေဖော်ဝါရီ ၁၆ ရက်မှာ ကြေညာပါတယ်။ ဒါပေမဲ့ ဘန်ကောက်ဆိုတဲ့ နာမည်ဟောင်း အသုံးပြုမှုကိုလည်း ဆက်လက် အသိအမှတ် ပြုထားမှာပါ။

နိုင်ငံရဲ့ မြို့နဲ့ ဒေသတချို့၊ စက်မှုဇုန်တွေကို နာမည်သစ်တွေ သတ်မှတ်ဖို့ ထိုင်းတော်ဝင် ပြန်တမ်းအဖွဲ့က မူကြမ်း အဆိုတင်သွင်းခဲ့ပြီး ထိုင်းအစိုးရက ဖေဖော်ဝါရီ ၁၅ ရက်မှာ အသိအမှတ်ပြု လက်ခံခဲ့ကြောင်း ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ခဲ့ပါတယ်။

ဘန်ကောက်ကို ခရွန်သပ်မဟာနက်ခွန်လို့ တရားဝင် နာမည်သတ်မှတ်မှုဟာ ကော်မတီတွေဖွဲ့ပြီး အပြီးသတ် အတည်ပြု ဆောင်ရွက်ရမယ့် အဆင့်တချို့တော့ ကျန်နေဆဲပါ။ အဲဒီ ကိစ္စတွေ ပြီးပြတ်ရင်တော့ မြို့တော်ရဲ့ နာမည်က ပြောင်းသွားပြီး ဘန်ကောက် ဆိုတာက နာမည်ဟောင်း ဖြစ်လာပါမယ်။

Public Service Announcement

Public Service Announcement

နာမည် ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ ဆွေးနွေး တိုင်ပင်ဖို့လည်း အစိုးရက ထိုင်းတော်ဝင် ပြန်တမ်းအဖွဲ့ကို အကြံပြုထားကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြ၀တီ၌ နောက်ဆုံးကျန်နေသည့် ခမရ(၂၇၅)ကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (K.N.D.O)၊ နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ (PDF)တို့မှ ယနေ့မနက်အစော၌ အပြီး သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာ

မြန်မာနိုင်ငံက စည်းလုံးတဲ့၊ ငြိမ်းချမ်းတဲ့၊ သာယာဝပြောတဲ့ အခြေအနေမျိုး ရပ်တည်နိုင်ရင် အကျိုးအမြတ် အရရှိဆုံးက ထိုင်းနိုင်ငံ ဖြစ်လာမယ်လို့လည်း ဆရက်သာက ပြောကြားသွားပါတယ်။

သတင်း

စက်ရုံအလုပ်ရှင်က လုပ်သားနစ်နာကြေးအပြည့်အဝဖြေရှင်းမပေး၍ စက်ရုံလုပ်သားများက စုဝေးဆောင်းဆိုမှု ယမန်နေ့ညက ပြုလုပ်ခဲ့ကြသည်။

နိုင်ငံတကာ

ရှေ့နေဖြစ်သူက စွပ်စွဲထားရာမှာ Kasikornဘဏ်ရဲ့ ငွေစာရင်း တစ်ခုကို အသုံးပြုပြီး လာဘ်ငွေ ပေးချေခဲ့တယ်လို့ ပါရှိပေမယ့် TJAက အဲဒီဘဏ်မှာ ဘယ်တုန်းကမှ ငွေစာရင်း ဖွင့်မထားဘူးလို့ ဆိုပါတယ်။