Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရားဝင် နာမည်အသစ် ပြောင်းလဲတော့မယ့် ဘန်ကောက်မြို့တော်

နာမည် ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ ဆွေးနွေး တိုင်ပင်ဖို့လည်း အစိုးရက ထိုင်းတော်ဝင် ပြန်တမ်းအဖွဲ့ကို အကြံပြုထားကြောင်း သိရပါတယ်။

ထိုင်းနိုင်ငံရဲ့ မြို့တော်ကို တရားဝင် နာမည်အသစ် သတ်မှတ်ကြောင်း ထိုင်းဘုရင့်နန်းတော်က အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။

ဘန်ကောက်မြို့ရဲ့ တရားဝင် နာမည်အသစ်ဟာ ခရွန်သပ်မဟာနက်ခွန် ဖြစ်လာလိမ့်မယ်လို့ ထိုင်းတော်ဝင် ပြန်တမ်းအဖွဲ့က ဖေဖော်ဝါရီ ၁၆ ရက်မှာ ကြေညာပါတယ်။ ဒါပေမဲ့ ဘန်ကောက်ဆိုတဲ့ နာမည်ဟောင်း အသုံးပြုမှုကိုလည်း ဆက်လက် အသိအမှတ် ပြုထားမှာပါ။

နိုင်ငံရဲ့ မြို့နဲ့ ဒေသတချို့၊ စက်မှုဇုန်တွေကို နာမည်သစ်တွေ သတ်မှတ်ဖို့ ထိုင်းတော်ဝင် ပြန်တမ်းအဖွဲ့က မူကြမ်း အဆိုတင်သွင်းခဲ့ပြီး ထိုင်းအစိုးရက ဖေဖော်ဝါရီ ၁၅ ရက်မှာ အသိအမှတ်ပြု လက်ခံခဲ့ကြောင်း ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ခဲ့ပါတယ်။

ဘန်ကောက်ကို ခရွန်သပ်မဟာနက်ခွန်လို့ တရားဝင် နာမည်သတ်မှတ်မှုဟာ ကော်မတီတွေဖွဲ့ပြီး အပြီးသတ် အတည်ပြု ဆောင်ရွက်ရမယ့် အဆင့်တချို့တော့ ကျန်နေဆဲပါ။ အဲဒီ ကိစ္စတွေ ပြီးပြတ်ရင်တော့ မြို့တော်ရဲ့ နာမည်က ပြောင်းသွားပြီး ဘန်ကောက် ဆိုတာက နာမည်ဟောင်း ဖြစ်လာပါမယ်။

Public Service Announcement

Public Service Announcement

နာမည် ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ ဆွေးနွေး တိုင်ပင်ဖို့လည်း အစိုးရက ထိုင်းတော်ဝင် ပြန်တမ်းအဖွဲ့ကို အကြံပြုထားကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မိုးပျံရထားလမ်း တစ်နေရာမှာ မီးလောင်မှု ဖြစ်ပွားရာက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြေးဆွဲနေတဲ့ MRT ရထားခရီးစဉ် တချို့ကို ဆိုင်းငံ့ခဲ့ရပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။