Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရိုမေးနီးယားက ရုရှားသံရုံးကို ကားနဲ့ဝင်တိုက်မှု ဖြစ်ပွား

စစ်ပွဲ စတင်ချိန် ကတည်းက ရိုမေးနီးယားဟာ ယူကရိန်းကနေ တိမ်းရှောင်လာတဲ့ စစ်ပြေး ဒုက္ခသည် ၆ သိန်း ၂ သောင်းကျော်လောက်ကို ဝင်ရောက်ခွင့် ပေးခဲ့ပြီး ၈ သောင်းကျော်လောက်ကို နေရာထိုင်ခင်း စီစဉ်ပေးထားကြောင်း သိရပါတယ်။

ရိုမေးနီးယား နိုင်ငံမှာ ရုရှားသံရုံးကို ကားနဲ့ ဝင်တိုက်တဲ့ ဖြစ်စဉ်တစ်ခု ပေါ်ပေါက်ခဲ့ကြောင်း သိရပါတယ်။

ဧပြီလ ၆ ရက် မနက်ပိုင်းက ဘူခါရက်စ် မြို့တော်မှာရှိတဲ့ သံရုံးရဲ့ ဂိတ်တံခါးကို ကားတစ်စီးက အရှိန်နဲ့ ဝင်တိုက်ခဲ့ကြောင်း ရဲတွေက ပြောပါတယ်။ ဖြစ်စဉ်မှာ ယာဉ်မောင်းဖြစ်သူ အသက်ဆုံးရှုံးသွားပြီး သံရုံး ဝန်ထမ်းတွေ အထိအခိုက် မရှိခဲ့ပါဘူး။

လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယို တစ်ခုမှာတော့ ကားရှေ့ပိုင်း စက်ခန်းမှာ လောင်ကျွမ်းနေတဲ့ မီးတွေကို မီးသတ်ဝန်ထမ်းတွေက ငြှိမ်းသတ်ဖို့ ကြိုးစားနေပုံတွေ တွေ့ခဲ့ရပါတယ်။ သံရုံးကို ကားနဲ့ တိုက်ခဲ့တာဟာ ရည်ရွယ်ချက် ရှိရှိ လုပ်တာလား၊ မတော်တဆလား ဆိုတာ မသဲကွဲသေးကြောင်း ရဲတွေက ဆိုပါတယ်။

ပြည်တွင်း မီဒီယာတွေကတော့ ဒီတိုက်ခိုက်မှုဟာ ယူကရိန်းကို ရုရှားက ကျူးကျော်စစ် ဆင်နွှဲခဲ့တဲ့အပေါ် ဆန့်ကျင်ကြောင်း ပြသတဲ့ လုပ်ရပ် တစ်ခုလည်း ဖြစ်နိုင်ကြောင်း ဖော်ပြနေကြပါတယ်။

Public Service Announcement

Public Service Announcement

ရိုမေးနီးယားဟာ နိုင်ငံတကာ စည်းမျဉ်းတွေကို ချိုးဖောက်မှုအတွက် ရုရှား သံအရာရှိ ၁၀ ဦးကို ပြည်နှင်ဒဏ် ပေးသွားမယ်လို့ ကြေညာထားပါတယ်။ ဥရောပ နိုင်ငံ တော်တော်များများက ရုရှားကို သံတမန်ရေး နည်းလမ်းအရ ဖိအားပေး အရေးယူနေတဲ့ ကိစ္စမှာ ရိုမေးနီးယား အစိုးရကလည်း ပူးပေါင်းမယ့် သဘောပါ။

စစ်ပွဲ စတင်ချိန် ကတည်းက ရိုမေးနီးယားဟာ ယူကရိန်းကနေ တိမ်းရှောင်လာတဲ့ စစ်ပြေး ဒုက္ခသည် ၆ သိန်း ၂ သောင်းကျော်လောက်ကို ဝင်ရောက်ခွင့် ပေးခဲ့ပြီး ၈ သောင်းကျော်လောက်ကို နေရာထိုင်ခင်း စီစဉ်ပေးထားကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှာ ပလုံလောက်တဲ့ တွန်းလှည်းကို ကားဝင်တိုက်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးငယ်တစ်ဦး ဒဏ်ရာရရှိတယ်လို့ သွားရောက်ကူညီခဲ့တဲ့ လူမှူကူညီရေးအဖွဲ့တာဝန်ရှိသူကအသိပေးထားပါတယ်

နိုင်ငံတကာ

ရုရှားဒရုန်း ပျက်ကျလို့ ရိုမေးနီးယားမှာ အဆောက်အအုံ မီးလောင်ပြီး လူ ၂ ဦး ဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး NATO စစ်မဟာမိတ် အဖွဲ့က ရုရှားကို ပြင်းပြင်းထန်ထန် ဝေဖန် ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

ရိုမေးနီးယားနိုင်ငံ ပိုင်နက်ထဲက လူနေတိုက် တစ်လုံးပေါ်ကို ရုရှားဒရုန်း ပျက်ကျပြီး မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

နိုင်ငံတကာ

ရိုမေးနီးယားဟာ နယ်သာလန်ဆီက F-16 တိုက်လေယာဉ် ၁၈ စီးကို ငွေသား ၁ ယူရိုနဲ့ ဝယ်ယူခဲ့ကြောင်း သိရပါတယ်။