Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သဘာဝဘေး ကြုံနေချိန် အပန်းဖြေ ခရီးထွက်နေခဲ့မိတာကြောင့် ဂျာမန် အစိုးရ ဝန်ကြီးတစ်ဦး နုတ်ထွက်ရ

သူဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ မတိုင်ခင်၊ ရှော့ဇ်ရဲ့ အစိုးရ အဖွဲ့နဲ့ မပူးပေါင်းခင်က ရိုင်းလန်း-ပါလီတီနိတ် ပြည်နယ်ရဲ့ ဒုတိယ ဝန်ကြီးချုပ်နဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးအဖြစ် တာဝန် ယူနေခဲ့ပါတယ်။ မနှစ်က ဇူလိုင်လမှာ အဲဒီပြည်နယ်ဟာ ဆိုးဆိုးရွားရွား ရေကြီးမှုတွေနဲ့ ကြုံတွေ့ခဲ့ပြီး လူပေါင်း ၁၄၀ နီးပါး သေဆုံးခဲ့ပါတယ်။

နိုင်ငံမှာ သဘာဝ ဘေးအန္တရာယ် ကြုံနေတဲ့အချိန် အပန်းဖြေခရီး ထွက်နေခဲ့တဲ့ ကိစ္စကြောင့် ဂျာမန် အစိုးရ အဖွဲ့ဝင် ဝန်ကြီးတစ်ဦး ရာထူးက နုတ်ထွက်ခဲ့ရပါတယ်။

အန်းစပိုင်ဂယ်လ်က သူဟာ အမျိုးသမီးနဲ့ ကလေးများရေးရာ ဝန်ကြီးအဖြစ်က နုတ်ထွက်စာ တင်လိုက်ပြီလို့ ဧပြီ ၁၁ ရက်မှာ အတည်ပြု ပြောကြားသွားပါတယ်။ သူဟာ ပြီးခဲ့တဲ့နှစ်၊ ပြည်နယ် အစိုးရအဖွဲ့ အရာရှိ ဘဝတုန်းက ဂျာမနီမှာ လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့တဲ့ ရေကြီးမှုတွေ ဖြစ်ပွားနေချိန်အတွင်း အပန်းဖြေ အပျော်ခရီး ထွက်နေခဲ့ကြောင်း ပေါ်ပေါက်လာတဲ့နောက် ဝေဖန်မှုတွေ အကြီးအကျယ် ခံခဲ့ရပါတယ်။

သူဟာ နိုင်ငံရေး ဖိအားတွေနဲ့ ရင်ဆိုင်နေရကြောင်း၊ လက်ရှိ အခြေအနေတွေအရ ဝန်ကြီးရာထူးကနေ နုတ်ထွက်ခြင်းက အားလုံးအတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။ ဂျာမနီ အဓိပတိ အိုလက်ဖ်ရှော့ဇ် ဦးဆောင်တဲ့ အစိုးရသစ် လက်ထက်မှာတော့ စပိုင်ဂယ်လ်ဟာ ရာထူးက နုတ်ထွက်ရတဲ့ ပထမဆုံး ဝန်ကြီး ဖြစ်လာပါတယ်။

သူဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ မတိုင်ခင်၊ ရှော့ဇ်ရဲ့ အစိုးရ အဖွဲ့နဲ့ မပူးပေါင်းခင်က ရိုင်းလန်း-ပါလီတီနိတ် ပြည်နယ်ရဲ့ ဒုတိယ ဝန်ကြီးချုပ်နဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးအဖြစ် တာဝန် ယူနေခဲ့ပါတယ်။ မနှစ်က ဇူလိုင်လမှာ အဲဒီပြည်နယ်ဟာ ဆိုးဆိုးရွားရွား ရေကြီးမှုတွေနဲ့ ကြုံတွေ့ခဲ့ပြီး လူပေါင်း ၁၄၀ နီးပါး သေဆုံးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လူ့အသက်တွေ ဆုံးရှုံးမှုနဲ့ ပတ်သက်လို့ ပြည်နယ် အစိုးရ အဖွဲ့ရဲ့ စီမံကိုင်တွယ်မှုတွေအပေါ် ဝေဖန် မေးခွန်းထုတ်မှုတွေ အဲဒီအချိန် ကတည်းက ရှိခဲ့ပါတယ်။ အခုတော့ ရေဘေးကြုံနေတဲ့ အချိန်တုန်းက စပိုင်ဂယ်လ်ဟာ မိသားစုနဲ့အတူ ပြင်သစ်ကို သီတင်းလေးပတ်ကြာ အလည်အပတ် ခရီး သွားရောက်နေခဲ့ကြောင်း ဖော်ထုတ် တွေ့ရှိလာတဲ့နောက် ပြည်သူတွေရဲ့ အမျက်ဒေါသနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ စပိုင်ဂယ်လ်က ဒီကိစ္စတွေနဲ့ ပတ်သက်လို့ သူ့အနေနဲ့ ဘယ်လိုမှ လက်လှမ်းမမီနိုင်ခဲ့ဘူးလို့ ကာကွယ် ပြောဆိုခဲ့ပေမယ့် လုံလောက်တဲ့ ဖြေရှင်းမှုတော့ မဖြစ်ခဲ့ပါဘူး။

စပိုင်ဂယ်လ်နဲ့ အလားတူပဲ တခြားပြည်နယ် တစ်ခုက သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးတစ်ဦးကလည်း ရေကြီးနေတဲ့ အချိန်မှာ အပန်းဖြေ ခရီးစဉ်ကို ခဏလောက်ပဲ ဆိုင်းငံ့ပြီး မဖျက်သိမ်းခဲ့တာ ဖော်ထုတ် တွေ့ရှိတဲ့နောက် ရာထူးက နုတ်ထွက်ခဲ့ရပြီး ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

တကယ်တော့ ဒီစာက အိမ်နီးချင်းကောင်းပီပီ ထိုင်းနိုင်ငံကို ကြိုတင်သတိပေးနိုင်ဖို့ အထူးပြုရေးတဲ့စာပါ။လက်မ တင်လေးဖြစ်ဖြစ်၊ လက်တစ်လုံးအလိုဖြစ်ဖြစ် ကြိုပြီးအသိပေးနိုင်၊ သတိပေးနိုင်ရင် ဆုံးရှုံးနစ်နာမှုဘေးကနေ ရှောင်လွှဲနိုင်မယ် မဟုတ်လား။

သတင်း

မိုးတွင်းကာလ ရေဘေးဆက်တိုက်ရင်ဆိုင်နေရတဲ့ ဖားကန့်မှာ ဇူလိုင်လ ၁၉ရက်ကစတဲ့ ရေ ဘေးကြောင့် လမ်းနဲ့အိမ် ပျက်စီးမှုတွေများပြားခဲ့ပြီး ဒေသခံတွေအခက်အခဲကြုံတွေ့နေပါတယ်။

ဆောင်းပါး

စားနပ်ရိက္ခာ၊ဆေးဝါးအပါအဝင် ကုန်စည်ဝင်ပေါက်မှန်သမျှ ပိတ်ဆို့ခံထားရလို့ စစ်ဘေးရှောင်သိန်းချီ ငတ်မွတ် ခေါင်းပါးပြီး ပြည်သူတွေအကြပ်အတည်းကြုံနေကြရတဲ့ ရခိုင်ပြည်နယ်မှာဇူလိုင်လဆန်းပိုင်းမှာဆိုးရွားတဲ့ ရေဘေးကိုထပ်မံရင်ဆိုင်ခဲ့ရပါတယ်။

သတင်း

ရက္ခိုင်ပြည်အတွင်း သဘာ၀ဘေးကြုံနေရချိန် စစ်တပ်က ပြည်သူတွေအပေါ် အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေတာကို ကောင်းစွာ မှတ်တမ်းတင်ထားပြီး ပြင်းထန်စွာ ရှုတ်ချကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။