Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အိန္ဒိယက ဘာသာရေး လှည့်လည်ပွဲမှာ ဓာတ်လိုက်ပြီး လူ ၁၁ ဦးထက်မနည်း သေဆုံး

တမီလ်နာဒူ ရဲတပ်ဖွဲ့က အခုဖြစ်စဉ်ကို အမှုဖွင့်ပြီး စုံစမ်း စစ်ဆေးမှုတွေ စတင်နေပါတယ်။ ဘာသာရေး စီတန်း လှည့်လည်ပွဲမှာ အသုံးပြုတဲ့ လှည်းကို ဓာတ်အားပေးနေတဲ့ မီးစက်ဟာ လမ်းကွေ့ တစ်နေရာမှာ မတော်တဆ ညပ်နေခဲ့ပါတယ်။ ဒီအခြေအနေကို ပြန်ပြင်ဆင်နေချိန်မှာ လှည်းက ဗို့အားမြင့် ဓာတ်ကြိုးနဲ့ ထိမိခဲ့တာလို့ မျက်မြင်တွေက ပြောပြပါတယ်။

အိန္ဒိယ နိုင်ငံက ဘာသာရေး စီတန်းလှည့်လည်ပွဲ တစ်ခုမှာ ဓာတ်လိုက်ကြရာက လူ ၁၁ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

အိန္ဒိယတောင်ပိုင်း၊ တမီလ်နာဒူ ပြည်နယ်၊ သန်ဂျာဗွာမြို့က ဘာသာရေးဆိုင်ရာ စီတန်းလှည့်လည်ပွဲမှာ အသုံးပြုတဲ့ လှည်းတစ်စီးက ဗို့အား အရမ်းများတဲ့ ဓာတ်ကြိုးနဲ့ တိုက်မိခဲ့တာလို့ ရဲတွေက ပြောပါတယ်။ ဧပြီလ ၂၇ ရက်က ဖြစ်စဉ်ကြောင့် သေဆုံးသူတွေထဲမှာ ကလေး ၂ ဦးလည်း ပါဝင်ခဲ့ပါတယ်။ ပြီးတော့ အခြေအနေ ဆိုးရွားသူတွေ အပါအဝင် ဒဏ်ရာရသူ ၁၅ ဦးထက်မနည်း ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

တမီလ်နာဒူ ရဲတပ်ဖွဲ့က အခုဖြစ်စဉ်ကို အမှုဖွင့်ပြီး စုံစမ်း စစ်ဆေးမှုတွေ စတင်နေပါတယ်။ ဘာသာရေး စီတန်း လှည့်လည်ပွဲမှာ အသုံးပြုတဲ့ လှည်းကို ဓာတ်အားပေးနေတဲ့ မီးစက်ဟာ လမ်းကွေ့ တစ်နေရာမှာ မတော်တဆ ညပ်နေခဲ့ပါတယ်။ ဒီအခြေအနေကို ပြန်ပြင်ဆင်နေချိန်မှာ လှည်းက ဗို့အားမြင့် ဓာတ်ကြိုးနဲ့ ထိမိခဲ့တာလို့ မျက်မြင်တွေက ပြောပြပါတယ်။

လောလောဆယ် အသေအပျောက် စာရင်းကို ၁၁ ဦးလို့ ထုတ်ပြန်ထားပေမယ့် ဒီထက် အများကြီး ပိုနိုင်တယ်လို့လည်း အနီးအနားမှာ ရှိနေသူတွေက ပြောပါတယ်။ ဓာတ်ကြိုးနဲ့ ငြိမိခဲ့တဲ့ လှည်းယာဉ် တဝိုက်မှာ အဲဒီအချိန်က လူပေါင်း ၅၀ ကျော်လောက် စီတန်းလှည့်လည် နေခဲ့ကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ဓာတ်လိုက်မှုအပြီး ရိုက်ကူးထားတဲ့ ဗီဒီယိုတွေထဲမှာတော့ လှည်းယာဉ်ဟာ လုံးဝဥဿုံ ပျက်စီးနေတာ တွေ့နေရပါတယ်။ တမီလ်နာဒူ ပြည်နယ် အုပ်ချုပ်ရေးမှူး အမ်ကေ စတယ်လင်ဟာ သန်ဂျာဗွာထိ သွားရောက်ပြီး ဒဏ်ရာရသူတွေကို တွေ့ဆုံ အားပေးခဲ့သလို ထိခိုက် သေဆုံးခဲ့သူတွေရဲ့ မိသားစုဝင်တွေအတွက် နစ်နာကြေးတွေ ပေးအပ်သွားမယ်လို့ ကတိပြု ပြောကြားခဲ့ပါတယ်။

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီကလည်း အခု မတော်တဆမှုအတွက် အလေးအနက် ဝမ်းနည်းမိကြောင်း Twitterပေါ်မှာ ရေးသားခဲ့ပြီး ထိခိုက် နစ်နာခဲ့သူတွေကို ဗဟို အစိုးရကပါ ထောက်ပံ့ကြေးတွေ ပေးအပ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။