Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိန္ဒိယက ဘာသာရေး လှည့်လည်ပွဲမှာ ဓာတ်လိုက်ပြီး လူ ၁၁ ဦးထက်မနည်း သေဆုံး

တမီလ်နာဒူ ရဲတပ်ဖွဲ့က အခုဖြစ်စဉ်ကို အမှုဖွင့်ပြီး စုံစမ်း စစ်ဆေးမှုတွေ စတင်နေပါတယ်။ ဘာသာရေး စီတန်း လှည့်လည်ပွဲမှာ အသုံးပြုတဲ့ လှည်းကို ဓာတ်အားပေးနေတဲ့ မီးစက်ဟာ လမ်းကွေ့ တစ်နေရာမှာ မတော်တဆ ညပ်နေခဲ့ပါတယ်။ ဒီအခြေအနေကို ပြန်ပြင်ဆင်နေချိန်မှာ လှည်းက ဗို့အားမြင့် ဓာတ်ကြိုးနဲ့ ထိမိခဲ့တာလို့ မျက်မြင်တွေက ပြောပြပါတယ်။

အိန္ဒိယ နိုင်ငံက ဘာသာရေး စီတန်းလှည့်လည်ပွဲ တစ်ခုမှာ ဓာတ်လိုက်ကြရာက လူ ၁၁ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

အိန္ဒိယတောင်ပိုင်း၊ တမီလ်နာဒူ ပြည်နယ်၊ သန်ဂျာဗွာမြို့က ဘာသာရေးဆိုင်ရာ စီတန်းလှည့်လည်ပွဲမှာ အသုံးပြုတဲ့ လှည်းတစ်စီးက ဗို့အား အရမ်းများတဲ့ ဓာတ်ကြိုးနဲ့ တိုက်မိခဲ့တာလို့ ရဲတွေက ပြောပါတယ်။ ဧပြီလ ၂၇ ရက်က ဖြစ်စဉ်ကြောင့် သေဆုံးသူတွေထဲမှာ ကလေး ၂ ဦးလည်း ပါဝင်ခဲ့ပါတယ်။ ပြီးတော့ အခြေအနေ ဆိုးရွားသူတွေ အပါအဝင် ဒဏ်ရာရသူ ၁၅ ဦးထက်မနည်း ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

တမီလ်နာဒူ ရဲတပ်ဖွဲ့က အခုဖြစ်စဉ်ကို အမှုဖွင့်ပြီး စုံစမ်း စစ်ဆေးမှုတွေ စတင်နေပါတယ်။ ဘာသာရေး စီတန်း လှည့်လည်ပွဲမှာ အသုံးပြုတဲ့ လှည်းကို ဓာတ်အားပေးနေတဲ့ မီးစက်ဟာ လမ်းကွေ့ တစ်နေရာမှာ မတော်တဆ ညပ်နေခဲ့ပါတယ်။ ဒီအခြေအနေကို ပြန်ပြင်ဆင်နေချိန်မှာ လှည်းက ဗို့အားမြင့် ဓာတ်ကြိုးနဲ့ ထိမိခဲ့တာလို့ မျက်မြင်တွေက ပြောပြပါတယ်။

လောလောဆယ် အသေအပျောက် စာရင်းကို ၁၁ ဦးလို့ ထုတ်ပြန်ထားပေမယ့် ဒီထက် အများကြီး ပိုနိုင်တယ်လို့လည်း အနီးအနားမှာ ရှိနေသူတွေက ပြောပါတယ်။ ဓာတ်ကြိုးနဲ့ ငြိမိခဲ့တဲ့ လှည်းယာဉ် တဝိုက်မှာ အဲဒီအချိန်က လူပေါင်း ၅၀ ကျော်လောက် စီတန်းလှည့်လည် နေခဲ့ကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ဓာတ်လိုက်မှုအပြီး ရိုက်ကူးထားတဲ့ ဗီဒီယိုတွေထဲမှာတော့ လှည်းယာဉ်ဟာ လုံးဝဥဿုံ ပျက်စီးနေတာ တွေ့နေရပါတယ်။ တမီလ်နာဒူ ပြည်နယ် အုပ်ချုပ်ရေးမှူး အမ်ကေ စတယ်လင်ဟာ သန်ဂျာဗွာထိ သွားရောက်ပြီး ဒဏ်ရာရသူတွေကို တွေ့ဆုံ အားပေးခဲ့သလို ထိခိုက် သေဆုံးခဲ့သူတွေရဲ့ မိသားစုဝင်တွေအတွက် နစ်နာကြေးတွေ ပေးအပ်သွားမယ်လို့ ကတိပြု ပြောကြားခဲ့ပါတယ်။

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီကလည်း အခု မတော်တဆမှုအတွက် အလေးအနက် ဝမ်းနည်းမိကြောင်း Twitterပေါ်မှာ ရေးသားခဲ့ပြီး ထိခိုက် နစ်နာခဲ့သူတွေကို ဗဟို အစိုးရကပါ ထောက်ပံ့ကြေးတွေ ပေးအပ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

BRICS စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ရဲ့ ထိပ်သီးညီလာခံ တက်ရောက်လာတဲ့ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေ အိန္ဒိယ နိုင်ငံမှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တော်မှာ လူနေ အဆောက်အအုံတစ်လုံး ပြိုကျခဲ့တာကြောင့် ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး နောက်ထပ် လူ ၅၀ လောက် အပျက်အစီးတွေအောက် ပိတ်မိနေတယ်လို့ ယုံကြည်ရပါတယ်။

သတင်း

အိန္ဒိယမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ဖို့ ပူးပေါင်းကြံစည်ခဲ့ကြောင်းစွပ်စွဲချက်နဲ့ အဖမ်းခံထားရတဲ့ နိုင်ငံခြားသား ၇ ဦးဟာမြန်မာနိုင်ငံမှာ အရပ်ဖက် လေယာဉ်တစ်စီးကို ဒရုန်းနဲ့ တိုက်ခိုက်တဲ့ လုပ်ရပ်မှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ အိန္ဒိယ အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီ (NIA)ကစွပ်စွဲပါတယ်။