Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပိုလန်မှာ အခမ်းအနားတက်တဲ့ ရုရှားသံအမတ် ဆေးအနီတွေနဲ့ ပစ်ပေါက်ခံရ

အန်ဒရိဗ်ကို ဆေးအနီတွေနဲ့ ပစ်ပေါက်တဲ့ လူစုထဲက တချို့ဟာ ယူကရိန်း အလံတွေကိုပါ ကိုင်ဆောင်ထားပြီး သံအမတ်ကြီးကို “ဖက်ဆစ်ကောင်”၊ “လူသတ်သမား” အစရှိတဲ့ စကားလုံးတွေနဲ့ ဝိုင်းပြီး ဆဲရေးနေကြတာ တွေ့ရပါတယ်။

ပိုလန်နိုင်ငံမှာ အခမ်းအနားတစ်ခု တက်ရောက်ခဲ့တဲ့ ရုရှား သံအမတ်ကြီးဟာ မျက်နှာတွေကို အနီရောင် သုတ်ဆေးတွေနဲ့ ပစ်ပေါက် တိုက်ခိုက်တာ ခံခဲ့ရပါတယ်။

ရုရှားရဲ့ အမျိုးသား အောင်ပွဲနေ့ဖြစ်တဲ့ မေလ ၉ ရက်မှာ သံအမတ်ကြီး ဆာဂျီ အန်ဒရိဗ်ဟာ ဝါဆောမြို့က ဆိုဗီယက် စစ်သင်္ချိုင်းကို သွားရောက်ပြီး လွမ်းသူ့ပန်းစည်း ချထားခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ သူ့ရဲ့ မျက်နှာကို သွေးနဲ့တူတဲ့ ဆေးအနီတွေနဲ့ လှမ်းပစ်ပေါက်တာ ခံခဲ့ရတာပါ။

အမျိုးသား အောင်ပွဲနေ့ဟာ ဒုတိယ ကမ္ဘာစစ်တုန်းက နာဇီ ဂျာမနီအပေါ် ဆိုဗီယက် တပ်တွေက အနိုင်ရခဲ့တဲ့ အထိမ်းအမှတ်ဖြစ်ပြီး ဒီနေ့ခေတ် ရုရှားအပြင် အရှေ့ဥရောပ နိုင်ငံတချို့မှာပါ ဂုဏ်ပြု သတ်မှတ်ထားကြပါတယ်။

အန်ဒရိဗ်ကို ဆေးအနီတွေနဲ့ ပစ်ပေါက်တဲ့ လူစုထဲက တချို့ဟာ ယူကရိန်း အလံတွေကိုပါ ကိုင်ဆောင်ထားပြီး သံအမတ်ကြီးကို “ဖက်ဆစ်ကောင်”၊ “လူသတ်သမား” အစရှိတဲ့ စကားလုံးတွေနဲ့ ဝိုင်းပြီး ဆဲရေးနေကြတာ တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဒါဟာ ယူကရိန်းကို ရုရှားက ကျူးကျော် တိုက်ခိုက်နေတဲ့ စစ်ပွဲနဲ့ ပတ်သက်လို့ ပိုလန် ပြည်သူတွေကပါ ဆန့်ကျင်တဲ့ ပြယုဂ်တစ်ခုလို့ သတ်မှတ်နိုင်ပါတယ်။ အန်ဒရိဗ်က သူနဲ့ သူ့အဖွဲ့သားတွေဟာ ဒီဖြစ်စဉ်မှာ ပြင်းပြင်းထန်ထန် ထိခိုက်မိတာ မရှိဘူးလို့ ရုရှား သတင်းဌာန Tassကို ပြောကြားသွားပါတယ်။

ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက ပိုလန် အာဏာပိုင်တွေ အနေနဲ့ ရန်စ လှုံ့ဆော်မှုဆန်တဲ့ အခုလို လုပ်ရပ်တွေကနေ သံတမန်တွေကို အပြည့်အဝ ကာကွယ်ပေးဖို့ တာဝန်ရှိတယ်လို့ သတိပေး ကြေညာခဲ့ပါတယ်။ ပိုလန် နိုင်ငံခြားရေး ဝန်ကြီး ဇာဘစ်ညူရာအူက ဒီလို ဖြစ်သွားတဲ့အတွက် စိတ်မကောင်းကြောင်း၊ ဒါဟာ မဖြစ်သင့် မဖြစ်ထိုက်တဲ့ ကိစ္စတစ်ခုဖြစ်ကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။

ပိုလန် ပြည်ထဲရေး ဝန်ကြီး မာရူးစ် ကာမင်စကီက အန်ဒရိဗ်ကို ဆေးနီတွေနဲ့ ပစ်ပေါက်ခဲ့တဲ့ လူအုပ်ထဲမှာ ယူကရိန်းက ထွက်ပြေးလာတဲ့ ဒုက္ခသည် အမျိုးသမီးတွေလည်း ပါဝင်နေကြောင်း၊ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ နေ့စဉ်နဲ့အမျှ ကြုံနေရတဲ့ နိုင်ငံမှာ သူတို့ရဲ့ ခင်ပွန်းသည်တွေက ရဲရဲရင့်ရင့် တိုက်ပွဲဝင်နေတာကို စိတ်ပူ သောကရောက်နေတဲ့ အမျိုးသမီးတွေရဲ့ ခံစားချက်ကို နားလည် စာနာကြောင်း ပြောကြားသွားပါတယ်။

ပြီးတော့ ပိုလန် အာဏာပိုင်တွေက ရုရှား သံအမတ်ကြီး အနေနဲ့ စစ်သင်္ချိုင်းကို မသွားဖို့ အကြံပြုခဲ့ပေမယ့် အန်ဒရိဗ်က လက်မခံခဲ့ကြောင်း၊ အခြေအနေ ရှုပ်ထွေးသွားတဲ့နောက် ပိုလန် ရဲတပ်ဖွဲ့က သံအမတ်ကြီး ဘေးကင်းကင်းနဲ့ ထွက်ခွာနိုင်အောင် ကူညီပေးခဲ့ကြောင်းလည်း ကာမင်စကီက ဆိုပါတယ်။

ပိုလန်ဟာ ယူကရိန်း စစ်ဘေးရှောင် အများအပြားကို လက်ခံပေးထားတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ပြီးတော့ စစ်ဘေးသင့် ယူကရိန်း ပြည်သူတွေကို စာနာကြောင်း ပြသတဲ့ အနေနဲ့ အခုနှစ် အမျိုးသား အောင်ပွဲနေ့ အခမ်းအနား အားလုံးကို မကျင်းပဖို့ အစိုးရက ဆုံးဖြတ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။