Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆီနီဂေါမှာ ဆေးရုံ မီးလောင်ပြီး မွေးကင်းစ ကလေး ၁၁ ဦး သေဆုံး

မီးက စလောင်ပြီးတာနဲ့ အရမ်း မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားကြောင်း၊ ကလေးငယ် ၃ ဦးကိုသာ ကယ်ထုတ်နိုင်ခဲ့ကြောင်း မြို့တော်ဝန် ဒမ်ဘာ ဒီယော့ပ်က ဆိုပါတယ်။ ဒေသခံ မီဒီယာတွေက အခင်းဖြစ်ပွားရာ ဆေးရုံဟာ အသစ် ဖွင့်လှစ်ထားတာ မကြာသေးဘူးလို့ ဖော်ပြခဲ့ပါတယ်။

ဆီနီဂေါ နိုင်ငံမှာ ဆေးရုံ မီးလောင်မှုကြောင့် မွေးကင်းစ ကလေးငယ် ၁၁ ဦး သေဆုံးခဲ့ကြောင်း သိရှိရပါတယ်။

နိုင်ငံ အနောက်ပိုင်းက တီဗော်အူနေးမြို့မှာ မေလ ၂၅ ရက် သန်းခေါင်ကျော် အချိန်က မီးလောင်မှု ဖြစ်ခဲ့တာလို့ ဆီနီဂေါ သမ္မတ မက်ကီဆောလ်က Twitterမှာ ရေးသားခဲ့ပါတယ်။ ကွယ်လွန်ခဲ့တဲ့ ကလေးငယ်တွေရဲ့ မိခင်တွေ၊ မိသားစုတွေနဲ့ထပ်တူ တစ်နိုင်ငံလုံး ကြေကွဲ ဝမ်းနည်းနေကြောင်းလည်း သမ္မတက ဆိုပါတယ်။

သတင်းတွေအရ ဆေးရုံရဲ့ မွေးကင်းစ ကလေးတွေ ထားရှိရာ အဆောင်မှာ မီးလောင်မှု ဖြစ်ခဲ့တာလို့ သိရပါတယ်။ မာမာ အက်ဘ်ဒူ အဇစ် ဆိုင်ဒါဘက်ခ် ဆေးရုံရဲ့ အုပ်ချုပ်ရေး အဖွဲ့က ဝါယာရှော့ကြောင့် မီးစတင် လောင်ကျွမ်းခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

မီးက စလောင်ပြီးတာနဲ့ အရမ်း မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားကြောင်း၊ ကလေးငယ် ၃ ဦးကိုသာ ကယ်ထုတ်နိုင်ခဲ့ကြောင်း မြို့တော်ဝန် ဒမ်ဘာ ဒီယော့ပ်က ဆိုပါတယ်။ ဒေသခံ မီဒီယာတွေက အခင်းဖြစ်ပွားရာ ဆေးရုံဟာ အသစ် ဖွင့်လှစ်ထားတာ မကြာသေးဘူးလို့ ဖော်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဧပြီလတုန်းကလည်း နိုင်ငံ မြောက်ပိုင်းက လင်ဂူရီမြို့မှာ အလားတူ ဆေးရုံ မီးလောင်မှု ဖြစ်ပွားပြီး မွေးကင်းစ ကလေး ၄ ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။ အဲဒီတုန်းကလည်း သားဖွားဆောင်မှာ တပ်ဆင်ထားတဲ့ လေအေးပေးစက် စနစ်တွေမှာ ဝါယာရှော့ ဖြစ်ရာက မီးစလောင်ခဲ့တာလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာ မိုးကြီးပြီး မြို့ပေါ်ရပ်ကွက်အချို့နဲ့ ဆေးရုံကို တောင်ကျရေတွေနဲ့ ရွှံ့နွံတွေစီးဝင်လာတဲ့အတွက် လူနာတွေနဲ့ဒေသခံတွေကိုအရေးပေါ်ရွှေ့ပြောင်းခဲ့ရပါတယ်။

နိုင်ငံတကာ

ဘယ်ဂျီယမ် အသင်းဟာ ဆီနီဂေါနဲ့ ပွဲစဉ်မှာ နှစ်ဂိုးအရှုံးနဲ့ နောက်က လိုက်ကစားခဲ့ရပြီး ပြဇာတ်ဆန်ဆန်ပဲ အနိုင်ယူပြီး ကမ္ဘာ့ဖလား ၁၆ သင်း ရှုံးထွက်အဆင့်ကို အောင်အောင်မြင်မြင် တက်လှမ်းနိုင်ခဲ့ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ စစ်ဆင်ရေးနယ်မြေ ၂ မှာ အရေးပေါ်လိုအပ်နေတဲ့ ဆေးရုံ ဆောက်လုပ်ဖို့ သူပုန်မိန်းမ ကမ်ပိန်းပြုလုပ်သွားမယ်လို့ ဒီနေ့ (မတ်၂၀) အသိပေးထားပါတယ်။

နိုင်ငံတကာ

ဆေးရုံတစ်ခုကို ပါကစ္စတန်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် လူပေါင်း ရာနဲ့ချီ သေဆုံးခဲ့ကြောင်း အာဖဂန် နစ္စတန်က စွပ်စွဲခဲ့ပါတယ်။