Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နီပေါမှာ လူ ၂၂ ဦးပါ ခရီးသည်တင်လေယာဉ် ပျောက်ဆုံးနေ

လေယာဉ် ပျက်ကျသွားတယ်လို့ ယုံကြည်ရပေမယ့် အာဏာပိုင်တွေက အတည်မပြုသေးဘဲ Twin Otter အမျိုးအစား လေယာဉ်ငယ်ကို လိုက်လံ ရှာဖွေနေကြောင်း ဒေသခံ ရဲတပ်ဖွဲ့ အရာရှိ ရာမက်ရှ် သာပါက ပြောပါတယ်။ လေယာဉ်ပေါ်မှာ ခရီးသည် ၁၉ ဦးနဲ့ အမှုထမ်း ၃ ဦး ပါသွားတယ်လို့ သတင်းရထားကြောင်း သူက ဆိုပါတယ်။

နီပေါခရီးသည်တင်လေယာဉ်
နီပေါခရီးသည်တင်လေယာဉ်

နီပေါနိုင်ငံမှာ လူပေါင်း ၂၂ ဦး လိုက်ပါသွားတဲ့ ခရီးသည်တင် လေယာဉ်ငယ်တစ်စီး ပျောက်ဆုံးနေကြောင်း သိရှိရပါတယ်။

Tara လေကြောင်းပိုင် လေယာဉ်ဟာ ကမ္ဘာလှည့် ခရီးသည်တွေကြား ထင်ရှားတဲ့ တောင်ပေါ် မြို့လေး ဂျွမ်ဆွမ်ကို ဦးတည် ပျံသန်းခဲ့တာ ဖြစ်ပါတယ်။ မေ ၂၉ ရက်က ခတ္တမန္ဒူ မြို့တော် အရှေ့ဖက် ကီလိုမီတာ ၂၀၀ လောက် အကွာမှာရှိတဲ့ ပေါ့ခါရာမြို့ကနေ လေယာဉ် ပျံတက်သွားပြီး မကြာခင်မှာပဲ အဆက်အသွယ် ပြတ်တောက်သွားခဲ့တာပါ။ အဲဒီ ခရီးစဉ်ဟာ ပုံမှန်ဆိုရင် ၁၅ မိနစ်လောက်သာ ကြာမြင့်ပါတယ်။

လေယာဉ် ပျက်ကျသွားတယ်လို့ ယုံကြည်ရပေမယ့် အာဏာပိုင်တွေက အတည်မပြုသေးဘဲ Twin Otter အမျိုးအစား လေယာဉ်ငယ်ကို လိုက်လံ ရှာဖွေနေကြောင်း ဒေသခံ ရဲတပ်ဖွဲ့ အရာရှိ ရာမက်ရှ် သာပါက ပြောပါတယ်။ လေယာဉ်ပေါ်မှာ ခရီးသည် ၁၉ ဦးနဲ့ အမှုထမ်း ၃ ဦး ပါသွားတယ်လို့ သတင်းရထားကြောင်း သူက ဆိုပါတယ်။

ပြည်ထဲရေး ဝန်ကြီးဌာနကတော့ ပျောက်ဆုံး လေယာဉ်ကို ရှာဖွေရာမှာ ကူညီဖို့ ရဟတ်ယာဉ် နှစ်စီးကို အားဖြည့် စေလွှတ်ပေးထားကြောင်း ထုတ်ပြန်ပါတယ်။ ဒါပေမဲ့ အဲဒီဒေသမှာ ရာသီဥတု မကြည်လင်ဘဲ မြင်ကွင်း မှုန်ဝါးမှုတွေကြောင့် ကယ်ဆယ်ရေးနဲ့ ရှာဖွေရေး လုပ်ငန်းတွေမှာ အခက်အခဲတွေ ကြုံနေရကြောင်းလည်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ကောင်းကင်ကနေ ရဟတ်ယာဉ် ပျံသန်းပြီး လိုက်ကြည့်ရင် ဘာကိုမှ သေချာ မမြင်နိုင်လောက်အောင် မြင်ကွင်း မှုန်ဝါးနေတယ်လို့ သာပါက ဆိုပါတယ်။ လေယာဉ်ပေါ်မှာ နိုင်ငံခြားသား ၆ ဦး ပါသွားတယ်လို့လည်း ကနဦး သတင်းရထားပါတယ်။

နီပေါဟာ ဟိမဝန္တာ တောင်စဉ်တန်းတွေနဲ့ ဆက်စပ်တည်ရှိတဲ့ နိုင်ငံဖြစ်ပြီး တောင်တက် ခရီးစဉ်တွေကြောင့် ကမ္ဘာလှည့် ခရီးသွားတွေကို ဆွဲဆောင်နိုင်ပါတယ်။ ပြည်တွင်း သယ်ယူပို့ဆောင်ရေး ကဏ္ဍမှာ ခရီးတို ပျံသန်းတဲ့ လေယာဉ်ငယ်တွေကို အားထားနေရပေမယ့် အရင်ကလည်း လေယာဉ် ပျက်ကျမှုတွေ ကြုံခဲ့ဖူးပါတယ်။

၂၀၁၆ တုန်းက Tara လေကြောင်းလိုင်းပိုင် Twin Otter လေယာဉ်တစ်စီးပဲ အခုလမ်းကြောင်းအတိုင်း ပျံသန်းပြီး ပျက်ကျတာကြောင့် လိုက်ပါသွားသူ ၂၃ ဦးစလုံး သေဆုံးခဲ့ပါတယ်။ ၂၀၁၂ တုန်းက Agni လေကြောင်းပိုင် လေယာဉ် တစ်စီးကလည်း ဒီလမ်းကြောင်းအတိုင်း ပျံရင်း ပျက်ကျတာကြောင့် ၁၅ ဦးသေပြီး ၆ ဦး အသက်ရှင် ကျန်ရစ်ခဲ့ပါတယ်။ ၂၀၁၄ မှာတော့ Nepal လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်ဟာ အဲဒီ လမ်းကြောင်းပေါ်မှာပဲ ပျက်ကျပြီး လိုက်ပါသွားသူ ၁၈ ဦးစလုံး အသက် ဆုံးရှုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက် ကုန်းမြင့်ဒေသနဲ့ ထိစပ်ရာ နယ်မြေတွေမှာ ရုတ်တရက် ဖြစ်ပွားခဲ့တဲ့ တောင်ပေါ် ရေကြီးမှုအတွင်း ပျောက်ဆုံးနေသူ အရေအတွက်ကို နီပေါအာဏာပိုင်တွေက ၁၀၀၀ ဝန်းကျင်လောက် တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

သတင်း

မကွေးမြို့မှာလည်း အသက်(၁၉)နှစ်အရွယ် လူငယ် ၁ဦး ပျောက်ဆုံးသွားလို့ လူမှုကွန်ရက်ကနေ အကူအညီတောင်းခံကာ ရှာဖွေနေရပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့်နဲ့ နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုကြီးအတွင်း သေဆုံး၊ ပျောက်ဆုံးခဲ့သူတွေအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းကြေကွဲမှု နေ့တစ်နေ့ကို နီပေါ အစိုးရက သတ်မှတ်ခဲ့ပါတယ်။

နိုင်ငံတကာ

တိဘက်-နီပေါနယ်စပ် တောင်ပေါ်ရေကြီးမှုတွေအပြီး ရွှံ့တွေအောက်မှာ ၁၀ ရက်နီးပါးလောက် ပိတ်မိနေခဲ့တဲ့ ရေအားလျှပ်စစ်စက်ရုံ ဝန်ထမ်းနှစ်ဦးကို နီပေါ ကယ်ဆယ်ရေး အဖွဲ့တွေက အောင်အောင်မြင်မြင် ကယ်ထုတ်နိုင်ခဲ့ပါတယ်။

Facebook