Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ကိုဗစ် Test Kitတွေ စျေးတင်ရောင်းခွင့် ပေးခဲ့မှုအတွက် ဗီယက်နမ် ကျန်းမာရေးဝန်ကြီး အဖမ်းခံရ

ပြည်တွင်းမှာ ကိုဗစ်ရောဂါ တိုက်ဖျက်ရေး အစီအမံတွေနဲ့ ပတ်သက်လို့ ကျန်းမာရေးနဲ့ သိပ္ပံဌာနဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေကြားမှာ အမြတ်ထုတ် အဂတိ လိုက်စားမှုတွေ ရှိခဲ့သလား ဆိုတာကို ဗီယက်နမ် အစိုးရက ထဲထဲဝင်ဝင် စုံစမ်းခဲ့ပါတယ်။

ဗီယက်နမ် ကျန်းမာရေးဝန်ကြီး
ဗီယက်နမ် ကျန်းမာရေးဝန်ကြီး

ကိုဗစ်ရောဂါ စစ်ဆေးတဲ့ တစ်ခါသုံး ကိရိယာ Test Kitတွေ စျေးတင် ရောင်းချဖို့ အားပေးအားမြှောက် လုပ်မှုအတွက် ဗီယက်နမ် ကျန်းမာရေး ဝန်ကြီးကို ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။

ကျန်းမာရေး ဝန်ကြီး ငုယင်သန်လောင်အပြင် အရင်က သိပ္ပံရေးရာ ဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးတဲ့ လက်ရှိ ဟနွိုင်း မြို့တော်ဝန် ချူငေါ့အန်းပါ ရာထူးက ထုတ်ပယ် ခံလိုက်ရကြောင်း ဒေသခံ မီဒီယာတွေက ဖော်ပြပါတယ်။ သူတို့ နှစ်ဦးဟာ လုပ်ပိုင်ခွင့် အလွဲသုံးစား ပြုမှု စွပ်စွဲချက်အတွက် တရားရင်ဆိုင် ဖြေရှင်းရတော့မှာပါ။

ပြည်တွင်းမှာ ကိုဗစ်ရောဂါ တိုက်ဖျက်ရေး အစီအမံတွေနဲ့ ပတ်သက်လို့ ကျန်းမာရေးနဲ့ သိပ္ပံဌာနဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေကြားမှာ အမြတ်ထုတ် အဂတိ လိုက်စားမှုတွေ ရှိခဲ့သလား ဆိုတာကို ဗီယက်နမ် အစိုးရက ထဲထဲဝင်ဝင် စုံစမ်းခဲ့ပါတယ်။

လောင်သန်နဲ့ ငေါ့အန်းတို့ နှစ်ဦးဟာ Viet Aလို့ခေါ်တဲ့ နည်းပညာ ကုမ္ပဏီ တစ်ခုက ဗီယက်နမ်မှာရှိတဲ့ ဆေးရုံတွေ၊ ကျန်းမာရေး ဌာနတွေကို Test Kitတွေ စျေးကြီးကြီးနဲ့ ရောင်းချနိုင်အောင် လုပ်ပိုင်ခွင့် အသုံးချပြီး ကြားဝင် ခွင့်ပြုပေးခဲ့ကြောင်း ပြည်သူ့ ဖူလုံရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

နှစ်ယောက်စလုံးဟာ အာဏာရ ကွန်မြူနစ်ပါတီ အဖွဲ့ဝင်တွေ အဖြစ်ကနေလည်း ဖယ်ရှား ခံခဲ့ရပါတယ်။ ဒီအမှုနဲ့ ပတ်သက်လို့ ကျန်းမာရေးဌာန ခေါင်းဆောင်တွေ၊ စစ်တပ်ထဲက ဗိုလ်ချုပ်တွေ အပါအဝင် လူပေါင်း ၆၀ ဝန်းကျင်လောက်ဟာ ဖမ်းဆီးခံရတာ၊ စစ်ဆေးမေးမြန်း ခံရတာတွေ ကြုံနေပါတယ်။

ကပ်ရောဂါ ကာလမှာ စျေးနှုန်းမြှင့်တင် အမြတ်ထုတ်ခဲ့တဲ့ လုပ်ရပ်မျိုး ကျူးလွန်သူတွေအပေါ် အစိုးရ အနေနဲ့ ဘယ်လို အကြောင်းကြောင့်မှ သည်းခံနေမှာ မဟုတ်ဘူးလို့ ပြည်သူ့ ဖူလုံရေး ဝန်ကြီးဌာနက ကြေညာထားပါတယ်။ သိပ္ပံရေးရာ ဝန်ကြီးဌာနရဲ့ ဒုတိယ ဝန်ကြီး တစ်ဦးဖြစ်တဲ့ ဖမ်ကောင်တက်လည်း အဲဒီ အမှုနဲ့ ဆက်နွှယ်ပြီး အဖမ်း ခံခဲ့ရပါသေးတယ်။

Viet Aဟာ ပြည်တွင်းက ဆေးရုံနဲ့ ကျန်းမာရေးဌာန ၆၂ ခုကို ဒေါ်လာ ၁၇၂ သန်း တန်ဖိုးရှိတဲ့ Test Kitတွေ ပေးပို့ဖို့ လိုင်စင် ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ဟိုချီမင်းစီးတီး မြို့မှာ အခြေစိုက်တဲ့ ကုမ္ပဏီဟာ Test Kitတွေကို စျေးတင် ရောင်းချခဲ့ပြီး ရသင့်တာထက် ဒေါ်လာ ၂၁.၅ သန်းလောက် အမြတ်ပိုရှာသွားတယ်ဆိုတဲ့ စွပ်စွဲမှုတွေ ထွက်ပေါ်နေပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

လုံခြုံရေးအခြေနေအရ တစ်မြို့ကနေအခြားတစ်မြို့ဆီ ပြောင်းရွှေ့ဖူးတာတော့ ရှိတယ်။ ဒါပေမဲ့ ခရီးသွားသက်သက် အနေနဲ့ ဘယ်မှ မထွက်ဖြစ်ခဲ့ဘူး။ ခုမှ မိသားစုကိစ္စနဲ့ ခရီးတစ်ခုသွားဖို့ ကြုံလာတာ။ မြို့တော်ရန်ကုန်ကနေတွက်ရင် မိုင် ၂၅၀ လောက်ဝေးတဲ့ ခရီးဆိုပါတော့။

သတင်း

မြန်မာဖက်က အကြောင်းကြားထားတဲ့ ၆၁ ဦးဟာ ဗီယက်နမ် နိုင်ငံသားတွေဆိုတာ သေချာကြောင်း စိစစ်ပြီးတဲ့နောက် သံရုံးက သက်ဆိုင်ရာ ဒေသခံ အရာရှိတွေရဲ့ ညွှန်ကြားချက်တွေအတိုင်း လိုက်နာကြဖို့ အကြံပြုထားကြောင်း၊ သူတို့ကို ဗီယက်နမ်နိုင်ငံ အမြန်ဆုံး ပြန်လည်ခေါ်ယူနိုင်အောင် အစွမ်းကုန် ကြိုးစားပေးနေကြောင်းလည်း ဖန်က သတင်းထောက်တွေကို ပြောပါတယ်။

နိုင်ငံတကာ

တာလင်မ်ဟာ ကုန်းတွင်းဝင်ရောက်ပြီးတဲ့နောက် ဗီယက်နမ် မြောက်ပိုင်းဆီ ဆက်လက် ဦးတည် ရွေ့လျားနေပေမယ့် သိသိသာသာ အားပျော့သွားကြောင်း ပညာရှင်တွေက ပြောပါတယ်။

နိုင်ငံတကာ

INS Kirpanလို့ နာမည်ပေးထားတဲ့ ဒုံးကျည်တင် စစ်သင်္ဘောဟာ ဇွန်လ ၂၄ ရက်က နိုင်ငံရဲ့ အရှေ့ဖက် ကမ်းခြေကနေ စတင် ထွက်ခွာသွားကြောင်း အိန္ဒိယ ရေတပ်က အတည်ပြုပါတယ်။ အဲဒီ ရေယာဉ်ကို အိန္ဒိယမှာ ပြည်တွင်းဖြစ် တပ်ဆင် တည်ဆောက်ထားတာပါ။