Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ကိုဗစ်ဖြစ်နေတဲ့ ဘိုင်ဒန်ရဲ့ ရောဂါ အခြေအနေ တိုးတက်လာနေကြောင်း အိမ်ဖြူတော် ထုတ်ပြန်

ကိုဗစ်ရောဂါ စတင် တွေ့ရှိခဲ့တဲ့ ကာလနောက်ပိုင်း နိုင်ငံခေါင်းဆောင်တွေပါ ရောဂါစွဲကပ် ခံစားရတာတွေ အရင်ကလည်း ရှိခဲ့ဖူးပါတယ်။ ပြီးတော့ ဘိုင်ဒန် မတိုင်ခင် အမေရိကန် သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်လည်း ရောဂါ ဖြစ်ခဲ့ဖူးတာကြောင့် ဆေးရုံတက် ကုသမှုပါ ခံယူခဲ့ရပါတယ်။

ကိုဗစ်ဖြစ်နေတဲ့ ဘိုင်ဒန်ရဲ့ ရောဂါ အခြေအနေ တိုးတက်လာနေကြောင်း အိမ်ဖြူတော် ထုတ်ပြန်
ကိုဗစ်ဖြစ်နေတဲ့ ဘိုင်ဒန်ရဲ့ ရောဂါ အခြေအနေ တိုးတက်လာနေကြောင်း အိမ်ဖြူတော် ထုတ်ပြန်

ကိုဗစ်ရောဂါ စွဲကပ် ခံစားနေရတဲ့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ ရောဂါလက္ခဏာတွေ တဖြည်းဖြည်း လျော့ပါးလာနေတယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။

ဘိုင်ဒန်ဟာ ကာကွယ်ဆေး ထိုးထားပြီးသား ဖြစ်ပေမယ့်လည်း အခုသီတင်းပတ်ထဲမှာ ဆေးစစ်ရလဒ် Positiveအဖြေ ထွက်ပေါ်ခဲ့ကြောင်း သမ္မတရဲ့ ကိုယ်ရေး ဆရာဝန်က ပြောကြားခဲ့ပါတယ်။ လောလောဆယ် ဘိုင်ဒန် အဓိက ခံစားနေရတဲ့ ရောဂါ လက္ခဏာတွေက လည်ချောင်းနာတာ၊ နှာစေးတာ၊ ချောင်းနည်းနည်းဆိုးတာနဲ့ ကိုယ်လက် နာကျင် ကိုက်ခဲတာတွေ ဖြစ်တယ်လို့ ဒေါက်တာ ကီဗင် အိုကော်နာ ရေးသားထားတဲ့ ဆေးမှတ်ချက်ကို အိမ်ဖြူတော်က ဖော်ပြသွားပါတယ်။

ဘိုင်ဒန်ရဲ့ သွေးခုန်နှုန်း၊ သွေးပေါင်ချိန်နဲ့ အသက်ရှူနှုန်းတွေရော၊ ခန္ဓာကိုယ် အပူချိန်ပါ ပုံမှန်အတိုင်း ရှိနေသလို ပုံမှန် လေထုမှာလည်း (အောက်စီဂျင် ရှူစရာ မလိုဘဲ) သမ္မတရဲ့ သွေးတွင်း အောက်စီဂျင် ပါဝင်မှုက အကောင်းဆုံး အခြေအနေမျိုး တွေ့နိုင်တယ်လို့ ဒေါက်တာ အိုကော်နာက ဆိုပါတယ်။

ဆရာဝန်တွေက ဘိုင်ဒန်ကို ကိုဗစ် ကုသတဲ့ဆေးဝါး Paxlovid စတိုက်နေပြီဖြစ်ပြီး ရက်အတော်ကြာ ဆက်သောက်ရမယ်လို့လည်း ဆရာဝန်က အတည်ပြုခဲ့ပါတယ်။ နောက်ပြီး ဘိုင်ဒန် ကူးစက်ခံရတာဟာ Sars-Cov-2 ကိုရိုနာဗိုင်းရပ်စ်ရဲ့ Omicron BA.5 မျိုးကွဲဗိုင်းရပ်စ် ဖြစ်နိုင်တယ်လို့ ဆရာဝန်က ပြောပါတယ်။ အမေရိကန်မှာ လက်ရှိ ကိုဗစ်ရောဂါ ဖြစ်ပွားမှု အားလုံးရဲ့ ၇၅ ကနေ ၈၀ ရာခိုင်နှုန်းဟာ အဲဒီ မျိုးဗီဇပြောင်း ဗိုင်းရပ်စ်ကြောင့်လို့ ယုံကြည်ရပါတယ်။

ဘိုင်ဒန်ဟာ ငယ်စဉ်တုန်းက ပန်းနာရင်ကျပ် ရောဂါ ခံစားခဲ့ရဖူးပြီး ကိုဗစ် Positive ဖြစ်လာချိန်မှာ သူ့ရဲ့ နှာခေါင်းရှူသွင်းတဲ့ Inhalerကို အကြိမ်တချို့ အသုံးပြုခဲ့ရတယ်လို့လည်း ဒေါက်တာ အိုကော်နာက ပြောပါတယ်။

အိမ်ဖြူတော် ဝန်ထမ်းရေးရာဌာန အကြီးအကဲ ရွန်ကလိန်းကတော့ သမ္မတဟာ ဆေးစစ်အဖြေ Positive ဖြစ်နေဆဲ ဆိုပေမယ့် ကျန်းမာရေး ကောင်းမွန်ပါတယ်လို့ သတင်းထောက်တွေဆီ အသိပေးသွားပါတယ်။ ဘိုင်ဒန်က သီးသန့် ခွဲခြားနေထိုင်ရင်း အရေးကြီးတဲ့ ရုံးလုပ်ငန်းတွေကို ဗီဒီယိုCallကနေတဆင့် ညွှန်ကြား တာဝန်ပေးနေတယ်လို့ သူက ဆိုတယ်။

ကိုဗစ်ရောဂါ စတင် တွေ့ရှိခဲ့တဲ့ ကာလနောက်ပိုင်း နိုင်ငံခေါင်းဆောင်တွေပါ ရောဂါစွဲကပ် ခံစားရတာတွေ အရင်ကလည်း ရှိခဲ့ဖူးပါတယ်။ ပြီးတော့ ဘိုင်ဒန် မတိုင်ခင် အမေရိကန် သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်လည်း ရောဂါ ဖြစ်ခဲ့ဖူးတာကြောင့် ဆေးရုံတက် ကုသမှုပါ ခံယူခဲ့ရပါတယ်။

You May Also Like

နိုင်ငံတကာ

တရုတ်လက်အောက်ခံ မြို့ပြနိုင်ငံငယ်ရဲ့ အစိုးရ အဖွဲ့က လီရဲ့ ဆေးစစ်ရလဒ် အဖြေဟာ Positive ဖြစ်ခဲ့ကြောင်း နိုဝင်ဘာ ၂၁ ရက်မှာ အတည်ပြု ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဘိုင်ဒန်ကတော့ ယူကရိန်း နယ်စပ်နားက ပိုလန် ကျေးလက်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုနဲ့ စပ်လျဉ်းပြီး ပိုလန် အာဏာပိုင်တွေရဲ့ စုံစမ်းမေးမြန်းမှုတွေကို အစွမ်းကုန် ပံ့ပိုး ကူညီသွားမယ်လို့ ကတိပြုခဲ့ပါတယ်။

နိုင်ငံတကာ

နိုဝင်ဘာ ၁၄ ရက်မှာ အမေရိကန်နဲ့ တရုတ် သမ္မတတွေဟာ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှာ ကျင်းပတဲ့ G20 ညီလာခံအကြိုအဖြစ် လူချင်းတွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ ဘိုင်ဒန် အနေနဲ့ သမ္မတသက်တမ်း ၂ နှစ်နီးပါး ကာလအတွင်း ရှီနဲ့ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံမှုလည်း ဖြစ်လာပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ သမ္မတတွေဟာ အင်ဒိုနီးရှား နိုင်ငံမှာ G20 ညီလာခံ လာရောက် တက်ရောက်ရင်း နိုဝင်ဘာ ၁၄ ရက်မှာ သီးခြားတွေ့ဆုံ ဆွေးနွေးဖို့ သဘောတူညီထားတာ ဖြစ်ပါတယ်။ G20 ညီလာခံကို အခုသီတင်းပတ်၊ ဘာလီကျွန်းမှာ ကျင်းပသွားမှာပါ။