Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိန္ဒိယက ပြည်နယ်တစ်ခုမှာ မိုးကြိုးပစ်လို့ တစ်ပတ်အတွင်း လူ ၅၀ လောက်သေ

အိန္ဒိယမှာ ဇွန်လကနေ စက်တင်ဘာလထိ မုတ်သုံမိုး ရွာသွန်းလေ့ ရှိပါတယ်။ အိန္ဒိယ မိုးလေဝသ ဌာနရဲ့ ထုတ်ပြန်ချက်အရ ဧပြီလစလို့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မိုးကြိုး ပစ်ခံရပြီး သေဆုံးသူ ၇၅၀ နီးပါးထိ များပြားလာပြီလို့လည်း သိရပါတယ်။

အိန္ဒိယက ပြည်နယ်တစ်ခုမှာ မိုးကြိုးပစ်လို့ တစ်ပတ်အတွင်း လူ ၅၀ လောက်သေ
အိန္ဒိယက ပြည်နယ်တစ်ခုမှာ မိုးကြိုးပစ်လို့ တစ်ပတ်အတွင်း လူ ၅၀ လောက်သေ

အိန္ဒိယက ပြည်နယ်တစ်ခုမှာ တစ်ပတ်မပြည့်ခင် အချိန်အတွင်း မိုးကြိုးပစ်လို့ လူ ၅၀ ဝန်းကျင် သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံ မြောက်ပိုင်း၊ အူတာပရာဒက်ရှ် ပြည်နယ်ထဲက ကျေးရွာတစ်ခုမှာ ဇူလိုင် ၂၇ ရက်က မိုးကြိုးပစ်လို့ လယ်သမား အများစု အပါအဝင် လူ ၇ ဦး သေဆုံးသွားပါတယ်။ ဒီဖြစ်စဉ်ကြောင့် အခုသီတင်းပတ်အတွင်း ပြည်နယ်အနှံ့မှာ မိုးကြိုးပစ်လို့ လူသေတာ ၄၉ ဦး ရှိသွားပြီလို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

မုတ်သုံမိုး သည်းသည်းထန်ထန် ရွာသွန်းနေမှုကြောင့် သစ်ပင်တွေအောက်မှာ လယ်သမားတွေ လူစုပြီး မိုးခိုနေတုန်း မိုးကြိုး ပစ်ချခဲ့တာပါ။ နေရာမှာ စုဝေးနေသူ ၇ ဦးစလုံး ပွဲချင်းပြီး သေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။ အဲဒီထဲမှာ မိသားစု တစ်ခုထဲက လူ ၄ ယောက်လည်း ပါဝင်ပါတယ်။

အသေအပျောက်စာရင်း မြင့်တက်လာတဲ့နောက် ပြည်နယ် အစိုးရဟာ မိုးကြိုးမုန်တိုင်းဒဏ်ကနေ ပြည်သူလူထု အနေနဲ့ ဘယ်လို အကာအကွယ် ယူရမလဲ ဆိုတာကို ညွှန်ကြားချက်တွေ ထုတ်ပြန်နေရပါတယ်။ မုတ်သုံမိုး ရွာသွန်းတဲ့ လက်ရှိ ကာလမျိုးမှာ နှစ်စဉ် ရေကြီးတာ၊ မိုးသည်းထန်မှုနဲ့ ဆက်စပ်တာတွေကြောင့် လူတွေ သေလေ့ ရှိပေမယ့် ဒီနှစ်မှာတော့ မိုးကြိုးပစ်လို့ သေဆုံးသူ အရေအတွက်ပါ သိသိသာသာ ထိုးတက်လာနေတယ်လို့ ပြည်နယ် အစိုးရ ပြောရေး ဆိုခွင့်ရ အရာရှိ ရှီရှာဆင်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အိန္ဒိယမှာ ဇွန်လကနေ စက်တင်ဘာလထိ မုတ်သုံမိုး ရွာသွန်းလေ့ ရှိပါတယ်။ အိန္ဒိယ မိုးလေဝသ ဌာနရဲ့ ထုတ်ပြန်ချက်အရ ဧပြီလစလို့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မိုးကြိုး ပစ်ခံရပြီး သေဆုံးသူ ၇၅၀ နီးပါးထိ များပြားလာပြီလို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ မိုးရွာထဲ ဘောလုံးကန်နေတုန်း မိုးကြိုးပစ်ချလို့ ဘောလုံးသမားတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

သတင်း

ထိုင်းနိုင်ငံကနေ ပျံသန်းတဲ့ ခရီးစဉ်အတွင်း အိန္ဒိယ လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီးဟာ လေထုဖိအား မတည်ငြိမ်မှုနဲ့ လေစီးကြောင်း ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တဲ့ လေလှိုင်းထန်မှု (turbulence)နဲ့ ကြုံတွေ့ခဲ့တာကြောင့် လူ ၁၇ ဦးလောက် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက အာသံပြည်နယ်မှာ ရေကြီးမှုတွေကြောင့် သေဆုံးသူ ၈၀ နီးပါးထိ ရှိလာကြောင်း သိရပါတယ်။