Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အငြင်းပွားစရာ ခရီးစဉ်အပြီး ထိုင်ဝမ်ကနေ ပြန်ထွက်ခွာသွားတဲ့ ပလော့စီ

ထိုင်ဝမ် သမ္မတ ဆိုင်ကတော့ လက်ရှိ အနေအထားမှာ သူ့နိုင်ငံဟာ စစ်ရေး တင်းမာမှုတွေကို ရည်ရွယ်ချက်ရှိရှိ မြှင့်တင်ဖို့ အားထုတ်လာတာမျိုးကို ရင်ဆိုင်နေရကြောင်း အတည်ပြုခဲ့ပြီး ထိုင်ဝမ်ဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ လုပ်နိုင်စွမ်း ရှိသမျှ အားလုံး လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

အငြင်းပွားစရာ ခရီးစဉ်အပြီး ထိုင်ဝမ်ကနေ ပြန်ထွက်ခွာသွားတဲ့ ပလော့စီ
အငြင်းပွားစရာ ခရီးစဉ်အပြီး ထိုင်ဝမ်ကနေ ပြန်ထွက်ခွာသွားတဲ့ ပလော့စီ

နောက်ထပ် ကာလအတော်ကြာအောင် အငြင်းပွားစရာတွေ ဖြစ်နေစေမယ့် ခရီးစဉ်အပြီး အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီ ပလော့စီဟာ ထိုင်ဝမ်ကနေ ပြန်လည် ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

တရုတ် အစိုးရက ပြင်းပြင်းထန်ထန် ဖိအားပေး ကန့်ကွက်နေတဲ့ ကြားကနေ ပလော့စီဟာ ဩဂုတ် ၂ ရက်မှာ ထိုင်ဝမ်ကို လေကြောင်းကနေ ဆိုက်ရောက်လာပါတယ်။ သူဟာ မြို့တော် ထိုင်ပေမှာ တစ်ညအိပ်ခဲ့ပြီး သမ္မတ ဆိုင်အင်ဝမ် အပါအဝင် ထိုင်ဝမ် အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါသေးတယ်။ နောက်တစ်နေ့မှာတော့ ပလော့စီဟာ သူ့ရဲ့ အာရှ ခရီးစဉ် မူလအစီအစဉ်အတိုင်း တောင်ကိုရီးယား နိုင်ငံကို ခရီးဆက်ခဲ့ပါတယ်။

သူဟာ ၂၅ နှစ်တာ ကာလအတွင်း ထိုင်ဝမ်ကျွန်းကို ရောက်ရှိလာတဲ့ အဆင့်အမြင့်ဆုံး အမေရိကန် အစိုးရ အရာရှိအဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။ ထိုင်ဝမ်ဟာ ကိုယ်ပိုင် အုပ်ချုပ်မှုနဲ့ ရပ်တည်နေပေမယ့် တရုတ်ကတော့ ထိုင်ဝမ်ကျွန်းကို ပိုင်နက်နယ်မြေ တစ်ခုအဖြစ် သတ်မှတ်ထားသလို ထိုင်ဝမ်ရဲ့ သံတမန်ရေး လွတ်လပ်ခွင့်တွေကိုပါ စွက်ဖက် ထိန်းချုပ်ဖို့ ကြိုးစားနေခဲ့ပါတယ်။ ပလော့စီက ထိုင်ဝမ်ကို သွားရောက်ခဲ့တာဟာ အချိန်တိုလေး ဆိုပေမယ့်လည်း တရုတ် အတွက်တော့ ရိုက်ချက်ပြင်းတဲ့ ကိစ္စတစ်ခု ဖြစ်လာပါတယ်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ ဒီကိစ္စကို ကန့်ကွက်ဖို့ အမေရိကန် သံအမတ်ကို ဆင့်ခေါ်ခဲ့သလို ထိုင်ဝမ်ကျွန်း တဝိုက်မှာလည်း လာမယ့် ရက်ပိုင်းအတွင်း စစ်ရေး လေ့ကျင့်မှုတွေ လုပ်ဆောင်သွားမယ်လို့ ကြေညာခဲ့ပါတယ်။ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက မီးနဲ့ ကစားချင်သူတိုင်း ဇာတ်သိမ်း မကောင်းတတ်ကြောင်း၊ တရုတ်ကို စော်ကားသူတိုင်း အပြစ်ပေး ခံရမှာဖြစ်ကြောင်း၊ အမေရိကန်ဟာ တရုတ်ရဲ့ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုကို ဒီမိုကရေစီဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့ကြောင်း ဝေဖန် ပြောကြားသွားပါတယ်။

Public Service Announcement

Public Service Announcement

ပလော့စီ ထိုင်ဝမ်မှာ ရှိနေတဲ့အချိန် အတောအတွင်းမှာပဲ တရုတ် ကာကွယ်ရေး ဝန်ကြီးဌာနက အမေရိကန်ရဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့ မျှတပြီး အမှန်တကယ် လိုအပ်တဲ့ တုံ့ပြန်မှုအဖြစ် ထိုင်ဝမ်ကျွန်းနဲ့ ၁၀ မိုင်လောက်အကွာ ပင်လယ်ပြင်မှာ လေတပ်၊ ရေတပ် ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတွေ ဆောင်ရွက်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

ထိုင်ဝမ် သမ္မတ ဆိုင်ကတော့ လက်ရှိ အနေအထားမှာ သူ့နိုင်ငံဟာ စစ်ရေး တင်းမာမှုတွေကို ရည်ရွယ်ချက်ရှိရှိ မြှင့်တင်ဖို့ အားထုတ်လာတာမျိုးကို ရင်ဆိုင်နေရကြောင်း အတည်ပြုခဲ့ပြီး ထိုင်ဝမ်ဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ လုပ်နိုင်စွမ်း ရှိသမျှ အားလုံး လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

လောလောဆယ်တော့ ထိုင်ဝမ် ဆိပ်ကမ်း အာဏာပိုင်တွေက သင်္ဘောတွေ အနေနဲ့ တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်မယ့် ရေပြင်တွေကို ရှောင်ရှားသွားကြဖို့ တိုက်တွန်းထားပါတယ်။ ဒီအတောအတွင်း ထိုင်ဝမ်နဲ့ တရုတ်တို့ကို ပိုင်းခြားထားရာ ထိုင်ဝမ် ရေလက်ကြားမှာလည်း တရုတ် စစ်လေယာဉ်တွေ အုံနဲ့ကျင်းနဲ့ အင်အားပြ ပျံသန်းနေကြကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။