Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်ဝမ်ရဲ့ ထိပ်တန်း လက်နက် ပညာရှင်တစ်ဦး ရုတ်တရက် ကွယ်လွန်

အိုးယန်ရဲ့ ဟိုတယ်ခန်း ပြတင်းပေါက်တွေက အတွင်းဖက်ကနေ ပိတ်ထားဆဲ ဖြစ်သလို ဖောက်ထွင်း ဝင်လာတဲ့ လက္ခဏာမျိုး၊ ခိုက်ရန် ဖြစ်ပွားထားတဲ့ လက္ခဏာမျိုးလည်း မတွေ့ရပါဘူး။ သေဆုံးသူရဲ့ ခန္ဓာကိုယ်မှာလည်း ဒဏ်ရာ မရှိဘူးလို့ ဆိုပါတယ်။

ထိုင်ဝမ်ရဲ့ ထိပ်တန်း လက်နက် ပညာရှင်တစ်ဦး ရုတ်တရက် ကွယ်လွန်
ထိုင်ဝမ်ရဲ့ ထိပ်တန်း လက်နက် ပညာရှင်တစ်ဦး ရုတ်တရက် ကွယ်လွန်

ထိုင်ဝမ်ရဲ့ စစ်လက်နက် နည်းပညာဆိုင်ရာ ထိပ်တန်း ပညာရှင် တစ်ဦး ရုတ်တရက် ကွယ်လွန်သွားကြောင်း သိရပါတယ်။

တရုတ်နဲ့ စစ်ရေး တင်းမာမှုတွေ မြင့်တက်နေတဲ့ အချိန်မျိုးမှာ အိုးယန်လီဆင် ရုတ်တရက် ကွယ်လွန်သွားခြင်းက ထိုင်ဝမ် အစိုးရအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်လာပါတယ်။ အသက် ၅၇ နှစ်အရွယ် အိုးယန်ဟာ ထိုင်ဝမ် စစ်တပ်ပိုင် အမျိုးသား ချွန်ရှန်း သိပ္ပံနဲ့ နည်းပညာ ဌာနမှာ ဒုတိယ အကြီးအကဲအဖြစ် တာဝန်ယူထားသူပါ။ သူဟာ ထိုင်ဝမ်တောင်ပိုင်းကို ခရီးသွားရင်း ဩဂုတ် ၆ ရက် မနက်ပိုင်းမှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဟိုတယ်ဝန်ထမ်းတွေက သူ့ကို ဆက်သွယ်လို့ မရတာကြောင့် ဟိုတယ်ခန်းထဲ သွားရောက် စုံစမ်းချိန်မှာ အိုးယန်ရဲ့ အလောင်းကို တွေ့ရှိခဲ့ပါတယ်။ ရဲတွေက သေဆုံးမှု အကြောင်းရင်းဟာ နှလုံး ဖောက်ပြန်တာကြောင့်လို့ ကောက်ချက် ချခဲ့ပြီး ပြင်ပ ပယောဂ တစ်စုံတရာ မရှိနိုင်ဘူးလို့ ယူဆကြပါတယ်။

အိုးယန်ရဲ့ ဟိုတယ်ခန်း ပြတင်းပေါက်တွေက အတွင်းဖက်ကနေ ပိတ်ထားဆဲ ဖြစ်သလို ဖောက်ထွင်း ဝင်လာတဲ့ လက္ခဏာမျိုး၊ ခိုက်ရန် ဖြစ်ပွားထားတဲ့ လက္ခဏာမျိုးလည်း မတွေ့ရပါဘူး။ သေဆုံးသူရဲ့ ခန္ဓာကိုယ်မှာလည်း ဒဏ်ရာ မရှိဘူးလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မိသားစုကလည်း အိုးယန်ဟာ နှလုံး ကျန်းမာရေး ပြဿနာတွေ ရှိခဲ့ဖူးကြောင်း အတည်ပြုထားပါတယ်။ ထိုင်ဝမ် စစ်တပ် အတွက်တော့ အိုးယန်ကို လက်လွှတ်လိုက်ရတာဟာ ကြီးမားတဲ့ ဆုံးရှုံးမှု တစ်ရပ်လို့ ယူဆနိုင်ပါတယ်။ သူဟာ ထိုင်ဝမ်ရဲ့ ဒုံးကျည်လက်နက် အမျိုးအစား တချို့ တီထွင် ဖန်တီးမှုတွေကို အဓိက ဦးဆောင် လမ်းညွှန်ခဲ့သူ တစ်ဦးလို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နိုင်ငံမှာ အစွမ်းထက်တဲ့ လက်နက်စနစ် တစ်ခု ပိုင်ဆိုင်လာပြီလို့ မြောက်ကိုရီးယား အဓိပတိကြီး ကင်မ်ဂျုံအွန်းက ကြွေးကြော်ခဲ့ပါတယ်။

သတင်း

မန္တလေးမြို့က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင်(ခ)ဦးစိုးမိုးနိုင်ဟာ ဒီကနေ့မနက်မှာမြင်းခြံအကျဉ်းထောင်မှာ ကွယ်လွန်သွားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးကာလအတွင်းဘက်ပြောင်းခိုလှုံလာတဲ့ အာဏာသိမ်းစစ်တပ် စစ်သား‌တွေ က လက်နက်အလက် ၂၀ ၀န်းကျင်ယူလာခဲ့တယ်လို့ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၂ ၊အမှတ်(၁၀၀၆)တပ်ရင်း ရဲ့တာ၀န်ရှိသူကပြောပါတယ်။

Facebook