Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တာဝေးပစ် ဒုံးကျည် အစင်း ၁၅၀၀ လောက် ဝယ်ယူသွားမယ်လို့ ဂျပန်ကြေညာ

အသစ် ဝယ်ယူမယ့် ဒုံးကျည်တွေဟာ ရန်သူက လက်လှမ်းမီနိုင်တဲ့ အကွာအဝေး အပြင်ဖက်ကနေ လက်ဦးမှုယူ ပစ်ခတ်နိုင်တဲ့ လက်နက်မျိုးတွေ ဖြစ်လိမ့်မယ်လို့ ဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ လကုန်ပိုင်းမှာ ဂျပန် အစိုးရဟာ ၂၀၂၅ ခုနှစ်ထိ ကာကွယ်ရေး အသုံးစရိတ်ကို သိသိသာသာ မြှင့်တင်ပေးဖို့ လွှတ်တော်ဆီ တောင်းခံထားခဲ့ပါတယ်။

တာဝေးပစ် ဒုံးကျည် အစင်း ၁၅၀၀ လောက် ဝယ်ယူသွားမယ်လို့ ဂျပန်ကြေညာ
တာဝေးပစ် ဒုံးကျည် အစင်း ၁၅၀၀ လောက် ဝယ်ယူသွားမယ်လို့ ဂျပန်ကြေညာ

တာဝေး ပစ်ခတ်နိုင်တဲ့ ဒုံးကျည် အစင်းရေ ၁၅၀၀ ကျော် ဖြည့်တင်း ဝယ်ယူသွားမယ်လို့ ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

အသစ် ဝယ်ယူမယ့် ဒုံးကျည်တွေဟာ ရန်သူက လက်လှမ်းမီနိုင်တဲ့ အကွာအဝေး အပြင်ဖက်ကနေ လက်ဦးမှုယူ ပစ်ခတ်နိုင်တဲ့ လက်နက်မျိုးတွေ ဖြစ်လိမ့်မယ်လို့ ဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ လကုန်ပိုင်းမှာ ဂျပန် အစိုးရဟာ ၂၀၂၅ ခုနှစ်ထိ ကာကွယ်ရေး အသုံးစရိတ်ကို သိသိသာသာ မြှင့်တင်ပေးဖို့ လွှတ်တော်ဆီ တောင်းခံထားခဲ့ပါတယ်။

ဂျပန် အစိုးရဟာ ကာကွယ်ရေးစရိတ် ဒေါ်လာ ၃၉ ဘီလီယံလောက် အသုံးပြုဖို့ လျာထားပြီး ဒါဟာ သမိုင်းတလျှောက် အမြင့်မားဆုံး နှစ်အလိုက် ကာကွယ်ရေး အသုံးစရိတ်လည်း ဖြစ်လာပါတယ်။ တရုတ်ရဲ့ ပြိုင်ဆိုင်မှုတွေနဲ့ မြောက်ကိုရီးယားရဲ့ ရန်လိုမှုတွေ ပိုမို မြင့်တက်လာတဲ့ အခြေအနေမှာ ဂျပန် အစိုးရက ကာကွယ်ရေး စွမ်းရည်ကို ဘက်ပေါင်းစုံ မြှင့်တင်နိုင်ဖို့ အင်တိုက်အားတိုက် ကြိုးစားနေပါတယ်။

ဂျပန်အနေနဲ့ ဦးစားပေးအဆင့် ဝယ်ယူဖို့ ရည်ရွယ်ထားတာကတော့ မြေပြင်ကနေ ရေပြင်ကို ပစ်ခတ်ဖို့ ထုတ်လုပ်ထားတဲ့ Type 12 အမျိုးအစားတွေပါ။ ဒီဒုံးကျည်တွေကို ဂျပန်ရဲ့ မစ်ဆူဘီရှီ အကြီးစား စက်မှုလုပ်ငန်းက ထုတ်လုပ်နေတာပါ။ Type 12တွေဟာ လောလောဆယ်မှာ ကီလိုမီတာ ၁၀၀ ကျော်လောက်သာ ပျံသန်းနိုင်တဲ့ အမျိုးအစားအဖြစ် ဒီဇိုင်းထုတ်ထားပေမယ့် လိုအပ်လာရင် ကီလိုမီတာ ထောင်ချီ ပျံသန်းနိုင်တဲ့ တာဝေးပစ် ဒုံးကျည်အသွင် ပြောင်းလဲနိုင်မယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မြောက်ကိုရီးယားက နိုင်ငံခေါင်းဆောင် ကင်မ်ဂျုံအန်းသာ လုပ်ကြံခံရရင် ရန်သူနိုင်ငံတွေကို နျူကလီးယား လက်နက်နဲ့ တိုက်ခိုက်မယ်လို့ ကြေညာလိုက်ပြီး ရက်ပိုင်း အကြာမှာပဲ ဂျပန်ကလည်း တာဝေးပစ် ဒုံးကျည်တွေ ဝယ်ယူမယ့် ကိစ္စကို ထုတ်ပြောလာတာပါ။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့သာ ဦးစားပေးမယ်ဆိုတဲ့ ဂျပန်ရဲ့ စစ်ရေး မူဝါဒကတော့ အပြောင်းအလဲ ရှိမှာ မဟုတ်ကြောင်း ဝန်ကြီးဌာနက ဆိုပါတယ်။

ဂျပန်ဟာ ကွယ်လွန်သူ ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး လက်ထက်မှာ ကတည်းက စစ်အင်အားနဲ့ စစ်ရေးနည်းပညာတွေကို ပီပီပြင်ပြင် မြှင့်တင်လာခဲ့ပါတယ်။ ဂျပန်ရဲ့ လက်နက်တိုက်ထဲမှာ တာဝေးပစ်ဒုံးကျည် အစင်းရေ ၁၅၀၀ လောက် ထပ်မံ ဖြည့်တင်းခြင်းဟာ နိုင်ငံရဲ့ လုံခြုံရေး အစီအမံတွေမှာ သိသာထင်ရှားတဲ့ အားဖြည့်မှုတစ်ခု ဖြစ်လာမယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာတာကြောင့် ဂျပန်နိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်း ဒေသတချို့မှာ ရေကြီးမှုနဲ့ မြေပြိုမှု အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားရဲ့ မြို့တော်ကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ယီမင်အခြေစိုက် ဟိုသီ ပြောက်ကျားတပ်တွေက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဂျပန်အစိုးရရဲ့ ဖွဲ့စည်းပုံတွေကို ဝန်ကြီးချုပ် စနအဲ တကအိချိက အပြောင်းအလဲတွေ လုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဒီဇိုင်းတည်ဆောက်ပုံက ဒရုန်းနဲ့တူနေတဲ့ ဒရုန်းတစ်ပိုင်း၊ ဒုံးကျည်တစ်ပိုင်း ခရုစ်ဒုံးကျည် အမျိုးအစားသစ်တွေကို အီဂျစ်မှာ ကျင်းပတဲ့ လေကြောင်းနည်းပညာ ပြပွဲမှာ ရုရှားက ပွဲထုတ် ပြသလာခဲ့ပါတယ်။