Connect with us

Hi, what are you looking for?

ဗီဒီယို

မြောက်ကိုရီးယား ဒုံးကျည်ပစ်ခတ်ပြီး နောက်တစ်နေ့မှာ အမေရိကန်-တောင်ကိုရီးယား ရေတပ်စစ်ရေးလေ့ကျင့်မှု စတင်

လောလောဆယ်မှာတော့ ကိုရီးယားကျွန်းဆွယ် ကမ်းလွန်ရေပြင်မှာ အမေရိကန်နဲ့ တောင်ကိုရီးယား ရေတပ်သင်္ဘော စုစုပေါင်း အစီး ၂၀ လောက် ဖြန့်ကျက်ပြီး စစ်ရေး လေ့ကျင့်မှုတွေ လုပ်ဆောင်နေပါတယ်။

မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ် ပစ်ခတ်ပြခဲ့ပြီး နောက်တစ်နေ့မှာပဲ အမေရိကန် လေယာဉ်တင် သင်္ဘောကြီး တစ်စီးနဲ့ တောင်ကိုရီးယား ရေတပ်တို့ ပူးပေါင်းပြီး စစ်ရေးလေ့ကျင့်မှုတွေ စတင်လာခဲ့ပါတယ်။

စက်တင်ဘာ ၂၅ ရက် မနက်ပိုင်းက မြောက်ကိုရီးယား အရှေ့ဖက် ကမ်းခြေကနေ ပဲ့ထိန်းဒုံးကျည်လို့ ယူဆရတဲ့ အရာတစ်ခုကို ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်ထောက်လှမ်းရေးက ထုတ်ပြန်ပါတယ်။ တစ်နည်းအားဖြင့် တောင်ကိုရီးယားကို အမေရိကန် ဒုတိယ သမ္မတ ကာမာလာဟားရစ် လာရောက်မယ့် ခရီးစဉ် မတိုင်ခင်မှာ မြောက်ကိုရီးယားက လက်နက်အင်အား ပြသလိုက်တဲ့ သဘောပါပဲ။

နောက်တစ်နေ့မှာတော့ တောင်ကိုရီးယားကို ကြိုတင်ရောက်ရှိနေတဲ့ USS Ronald Reagan နျူကလီးယား စွမ်းအင်သုံး လေယာဉ်တင် သင်္ဘောကြီး ဦးဆောင်တဲ့ အမေရိကန် ရေတပ်ဖွဲ့ဟာ တောင်ကိုရီးယား စစ်ရေယာဉ်တွေနဲ့ ပူးပေါင်းပြီး မဟာဗျူဟာ စစ်ရေးလေ့ကျင့်မှုတွေကို စတင်လာခဲ့ပါတယ်။

၄ ရက်ကြာမြင့်မယ့် စစ်ရေးလေ့ကျင့်မှုဟာ မဟာမိတ် နှစ်နိုင်ငံအပေါ် ကျရောက်လာမယ့် ပြင်ပ ခြိမ်းခြောက်မှုတွေကို အသင့်အနေအထား တုံ့ပြန်နိုင်ဖို့ ရည်ရွယ်ထားတာဖြစ်ကြောင်း တောင်ကိုရီးယား-အမေရိကန် ပူးတွဲ စစ်ဆင်ရေး ဌာနက ထုတ်ပြန်ပါတယ်။ တစ်ဖက်မှာလည်း ဒီစစ်ရေးလေ့ကျင့်မှုကြောင့် မြောက်ကိုရီးယားက တင်းတင်းမာမာ တုံ့ပြန်ပြီး ဒုံးကျည် စမ်းသပ် ပစ်လွှတ်တာတွေ ပိုမိုလုပ်ဆောင်လာမှာကို စိုးရိမ်မှုတွေလည်း ရှိနေပြန်ပါတယ်။

Public Service Announcement

Public Service Announcement

လောလောဆယ်မှာတော့ ကိုရီးယားကျွန်းဆွယ် ကမ်းလွန်ရေပြင်မှာ အမေရိကန်နဲ့ တောင်ကိုရီးယား ရေတပ်သင်္ဘော စုစုပေါင်း အစီး ၂၀ လောက် ဖြန့်ကျက်ပြီး စစ်ရေး လေ့ကျင့်မှုတွေ လုပ်ဆောင်နေပါတယ်။ ဒါဟာ ၂၀၁၇ ခုနှစ်နောက်ပိုင်း ကိုရီးယား ကျွန်းဆွယ်နားမှာ အမေရိကန်ရဲ့ နျူကလီးယား စွမ်းအင်သုံး လေယာဉ်တင် သင်္ဘောကြီးတွေ ဦးဆောင်တဲ့ ပထမဆုံး စစ်ရေးလေ့ကျင့်မှုလည်း ဖြစ်လာပါတယ်။

အဲဒီနောက်ပိုင်း နှစ်တွေမှာတော့ ကပ်ရောဂါ ဂယက်ကြောင့်ရော၊ မြောက်ကိုရီးယားနဲ့ နျူကလီးယား လက်နက် ဖျက်သိမ်းရေး ဆွေးနွေးမှုတွေ လုပ်ဆောင်နေတဲ့ အခြေအနေကြောင့်ပါ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကြား စစ်ရေးလေ့ကျင့်မှုတွေကို အတိုင်းအတာ တစ်ခုထိ လျှော့ချထားခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားရဲ့ မြို့တော်ကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ယီမင်အခြေစိုက် ဟိုသီ ပြောက်ကျားတပ်တွေက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂရဲ့ နျူကလီးယား ထိန်းချုပ်ရေး အေဂျင်စီဟာ စည်းမျဉ်းတွေကို လိုတစ်လို၊ မလိုတစ်မျိုး ကျင့်သုံးနေတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲခဲ့ပါတယ်။

နိုင်ငံတကာ

ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဒိန်းမတ် အစိုးရတို့ကြား ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ပြီလို့ အသီးသီး ကြေညာခဲ့ပါတယ်။