Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထပ်ဆင့် အာဏာသိမ်း ခံခဲ့ရတဲ့ ဘာကီနာဖာဆို စစ်အစိုးရခေါင်းဆောင် ရာထူးက နုတ်ထွက်ဖို့ သဘောတူ

ဒုတိယ ဗိုလ်မှူးကြီး ပေါလ်ဟင်နရီ ဒါမီဘာဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ လက်အောက်ငယ်သား စစ်မှုထမ်းတွေရဲ့ ပုန်ကန်မှုကို ကြုံတွေ့ခဲ့ရတာပါ။ ဘာကီနာဖာဆို စစ်တပ်ရဲ့ အရာရှိ တချို့က ဒါမီဘာကို ဖယ်ရှားပြီး ဗိုလ်ကြီး အီဘရာဟင်မ် ထယာအိုရေးကို စစ်အစိုးရရဲ့ ယာယီ ခေါင်းဆောင်သစ်အဖြစ် တင်မြှောက်ကြောင်း ကြေညာခဲ့ပါတယ်။

ထပ်ဆင့် အာဏာသိမ်း ခံခဲ့ရတဲ့ ဘာကီနာဖာဆို စစ်အစိုးရခေါင်းဆောင် ရာထူးက နုတ်ထွက်ဖို့ သဘောတူ
ထပ်ဆင့် အာဏာသိမ်း ခံခဲ့ရတဲ့ ဘာကီနာဖာဆို စစ်အစိုးရခေါင်းဆောင် ရာထူးက နုတ်ထွက်ဖို့ သဘောတူ

ထပ်ဆင့် အာဏာသိမ်းမှုနဲ့ ကြုံတွေ့ခဲ့တဲ့ ဘာကီနာဖာဆို စစ်အစိုးရ ခေါင်းဆောင်ဟာ ရာထူးက နုတ်ထွက်ပေးဖို့ သဘောတူလိုက်ရပြီ ဖြစ်ပါတယ်။

ဒုတိယ ဗိုလ်မှူးကြီး ပေါလ်ဟင်နရီ ဒါမီဘာဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ လက်အောက်ငယ်သား စစ်မှုထမ်းတွေရဲ့ ပုန်ကန်မှုကို ကြုံတွေ့ခဲ့ရတာပါ။ ဘာကီနာဖာဆို စစ်တပ်ရဲ့ အရာရှိ တချို့က ဒါမီဘာကို ဖယ်ရှားပြီး ဗိုလ်ကြီး အီဘရာဟင်မ် ထယာအိုရေးကို စစ်အစိုးရရဲ့ ယာယီ ခေါင်းဆောင်သစ်အဖြစ် တင်မြှောက်ကြောင်း ကြေညာခဲ့ပါတယ်။

ဒါမီဘာဟာ ဇန်နဝါရီလကမှ အရပ်သား အစိုးရဆီက အာဏာသိမ်းထားခဲ့တာဖြစ်ပြီး အခုတော့ ထပ်ဆင့် အာဏာသိမ်းမှုနဲ့ ကြုံခဲ့ရတာပါ။ တပ်တွင်းပုန်ကန်မှုဖြစ်ပြီး မြို့တော် အူဂါဒူဂူမှာ တိုက်ပွဲတွေ စတင်လာချိန် ကတည်းက ဒါမီဘာဟာ ပြင်သစ် စစ်အခြေစိုက် စခန်းတစ်ခုမှာ ခိုလှုံနေခဲ့တယ်လို့ ဆိုပါတယ်။ နောက်တော့ ဘာကီနာဖာဆိုမှာ ရှိနေတဲ့ ပြင်သစ် အဖွဲ့အစည်း တချို့ကိုပါ တိုက်ခိုက်မှုတွေ ရှိလာတဲ့အခါ ဒါမီဘာက ရာထူးက တရားဝင် နုတ်ထွက်ပေးမယ်လို့ သဘောတူခဲ့ရပါတယ်။

ဘာကီနာဖာဆို ပြည်သူတွေ အတွက်ကတော့ တစ်နှစ်တည်းမှာ အာဏာသိမ်းမှု နှစ်ကြိမ် ကြုံခဲ့ရခြင်း ဖြစ်ပါတယ်။ ဒါမီဘာဟာ ပြည်တွင်းက အစ္စလာမ်မစ် အစွန်းရောက် အကြမ်းဖက်အဖွဲ့တွေကို ထိထိရောက်ရောက် မဖြိုခွင်းနိုင်တာကို အပြစ်ဖို့ပြီး အရပ်သား အစိုးရဆီက အာဏာသိမ်းခဲ့ပါတယ်။ ဒါပေမဲ့ သူတာဝန်ယူ အုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရ သက်တမ်းမှာလည်း အဲဒီပြဿနာကို မဖြေရှင်းနိုင်ခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

ဗိုလ်ကြီး ထယာအိုရေး ဦးဆောင်တဲ့ ထပ်ဆင့် အာဏာသိမ်း အဖွဲ့ကတော့ ဒါမီဘာဟာ ပြည်သူတွေ အပေါ်မှာရော၊ စစ်တပ်ကိုပါ ကတိတွေ ပျက်ကွက်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ အခုအခါ ထယာအိုရေး ပြည်တွင်း နိုင်ငံရေး အင်အားစုတွေကို ဖိတ်ခေါ်ပြီး စစ်တပ်၊ ဒါမှမဟုတ် အရပ်ဖက်က ဦးဆောင်တဲ့ ကြားဖြတ် အစိုးရ အဖွဲ့တစ်ခု ဖွဲ့စည်းဖို့ ဆွေးနွေးနေကြောင်း ပြောပါတယ်။

ဒါမီဘာက ရာထူးက နုတ်ထွက်ပေးတဲ့ ကိစ္စနဲ့ ပတ်သက်လို့ အတိအကျ မှတ်ချက် မပေးပေမယ့် သူ့ရဲ့ လုံခြုံရေးအတွက် အာမခံချက် ပေးရမယ်ဆိုတာ အပါအဝင် အချက် ၇ ချက်ကို တောင်းဆိုခဲ့ကြောင်း နီးစပ်သူတွေက ပြောပါတယ်။ ဒါ့အပြင် ၂ နှစ်အတွင်း အရပ်သား အစိုးရဆီ အာဏာ ပြန်လွှဲပေးမယ်လို့ သူပေးခဲ့ဖူးတဲ့ ကတိကို ထယာအိုရေးတို့က လေးစား လိုက်နာရမယ်လို့လည်း ဒါမီဘာက တောင်းဆိုတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

လတ်တလောမှာတော့ ဘာကီနာဖာဆို ပြည်သူတွေဟာ နောက်ထပ် လက်နက်ကိုင် ပဋိပက္ခတွေ ပြင်းထန်လာမှာကို စိုးရိမ်နေကြပါတယ်။ ဘာကီနာဖာဆိုမှာ အစ္စလာမ်မစ် အစွန်းရောက် အကြမ်းဖက် အဖွဲ့အစည်းတွေ ၂၀၁၅ ခုနှစ်က စတင် ခေါင်းထောင်လာပြီး အခုဆိုရင် နိုင်ငံဧရိယာ ၄၀ ရာခိုင်နှုန်းဟာ အစိုးရ ထိန်းချုပ်မှု အောက်မှာ ရှိမနေတော့ပါဘူး။ အကြမ်းဖက် အဖွဲ့အစည်းတွေရဲ့ သောင်းကျန်းမှုကြောင့် ဘာကီနာဖာဆိုမှာ နေရပ်စွန့်ခွာ ထွက်ပြေးသူ ၂ သန်းကျော် ရှိနေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

အာဏာသိမ်း စစ်တပ်ဆီက အာဏာပြန်သိမ်းမယ့် တပ်တွင်း ပုန်ကန်မှုကို တွန်းလှန်ဖို့ နိုက်ဂျားစစ်တပ်ကို အကူအညီ ပေးခဲ့ကြောင်း ရုရှားကက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အာဏာသိမ်းမယ့် အားထုတ်မှု တစ်ခုကို တွန်းလှန်ပြီး အခြေအနေကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ကြောင်း နိုက်ဂျား အာဏာသိမ်း စစ်တပ်က ပြောပါတယ်။ စစ်တပ်ဟာ ၂၀၂၃ ခုနှစ်တုန်းက ဒီမိုကရေစီ အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းယူထားတာပါ။