Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နည်းပညာ မြှင့်တင်ထားတဲ့ နျူကလီးယားဗုံးတွေ ဥရောပမှာ ဖြန့်ကျက်ဖို့ အမေရိကန် အားထည့်လုပ်ဆောင်နေ

သံတမန် အသိုက်အဝန်းက ပုဂ္ဂိုလ်တစ်ဦးနဲ့ အမေရိကန် အစိုးရ အရာရှိ နှစ်ဦးက အမေရိကန် စစ်တပ်ဟာ ဥရောပက NATO မဟာမိတ် အခြေစိုက် စခန်းတွေမှာ B61-12 မြေဆွဲအား ဗုံးအသစ်တွေ အမြန်ဆုံး ဖြန့်ကျက်ထားနိုင်အောင် ပြင်ဆင်နေကြောင်း ပြောကြားခဲ့ပါတယ်။

နည်းပညာ မြှင့်တင်ထားတဲ့ နျူကလီးယားဗုံးတွေ ဥရောပမှာ ဖြန့်ကျက်ဖို့ အမေရိကန် အားထည့်လုပ်ဆောင်နေ
နည်းပညာ မြှင့်တင်ထားတဲ့ နျူကလီးယားဗုံးတွေ ဥရောပမှာ ဖြန့်ကျက်ဖို့ အမေရိကန် အားထည့်လုပ်ဆောင်နေ

နည်းပညာ အဆင့်မြှင့်တင်ထားတဲ့ နျူကလီးယား လက်နက် အသစ်တွေကို ဥရောပမှာ ဖြန့်ကျက်ဖို့ အမေရိကန်က အရှိန်မြှင့် စီစဉ်နေကြောင်း သိရပါတယ်။

သံတမန် အသိုက်အဝန်းက ပုဂ္ဂိုလ်တစ်ဦးနဲ့ အမေရိကန် အစိုးရ အရာရှိ နှစ်ဦးက အမေရိကန် စစ်တပ်ဟာ ဥရောပက NATO မဟာမိတ် အခြေစိုက် စခန်းတွေမှာ B61-12 မြေဆွဲအား ဗုံးအသစ်တွေ အမြန်ဆုံး ဖြန့်ကျက်ထားနိုင်အောင် ပြင်ဆင်နေကြောင်း ပြောကြားခဲ့ပါတယ်။

အဲဒီဗုံးတွေဟာ ပစ်မှတ်ကို ပိုပြီး တိတိကျကျ ချေမှုန်းနိုင်အောင် နည်းပညာပိုင်း အဆင့်မြှင့်ထားတဲ့ နျူကလီးယား လက်နက်တွေဖြစ်ပြီး လေကြောင်းကနေ ကြဲချပြီး တိုက်ခိုက်ရတဲ့ အမျိုးအစားလို့ ဆိုပါတယ်။ အစောပိုင်းက ဥရောပအခြေစိုက် NATO စစ်စခန်းတွေဆီ နွေဦးပေါက်လောက်မှ ဗုံးတွေ ပို့ဆောင်ဖို့ ရည်ရွယ်ထားပေမယ့် အခုတော့ ဒီဇင်ဘာလအမီ ပေးပို့သွားဖို့ အမေရိကန်က စီစဉ်နေကြောင်း သိရပါတယ်။

တစ်နည်းအားဖြင့် ဥရောပမှာ ရှိနေတဲ့ NATO လက်နက်တိုက်တွေထဲက အမေရိကန် နျူကလီးယား ဗုံးဟောင်းတွေကို နည်းပညာ ပိုမြင့်တဲ့ အသစ်တွေနဲ့ လဲလှယ်နေတဲ့ သဘောပါပဲ။ ပင်တဂွန် စစ်ဌာနချုပ်က နိုင်ငံရဲ့ နျူကလီးယားလက်နက် သိုလှောင်မှုတွေဟာ ခေတ်မီဆန်းသစ်ပြီး လုံခြုံစိတ်ချရဖို့ လိုအပ်ကြောင်း ပြောဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားက ယူကရိန်းစစ်ပွဲမှာ နျူကလီးယား လက်နက်တွေ ထုတ်သုံးနိုင်ကြောင်း လေသံလွှင့်ခဲ့တဲ့ နောက်ပိုင်းကစလို့ ဥရောပနဲ့ အမေရိကန်တို့ကလည်း တင်းမာတဲ့ တုံ့ပြန်မှုတွေ ပြသနေပါတယ်။ လတ်တလောမှာ NATO အဖွဲ့ကလည်း နှစ်ပတ်လည် နျူကလီးယား စစ်ရေး လေ့ကျင့်မှုဖြစ်တဲ့ Steadfast Noonကို စတင်နေပါပြီ။ တစ်ချိန်တည်းမှာပဲ ရုရှားမှာ ပြုလုပ်တဲ့ နျူကလီးယား စစ်ရေးလေ့ကျင့်မှု အစီအစဉ် တစ်ခုကို သမ္မတ ဗလာဒီမာ ပူတင်ကိုယ်တိုင် ကြီးကြပ် ညွှန်ကြားခဲ့ပါတယ်။

အမေရိကန်ရဲ့ B61တွေဟာ နျူကလီးယားဗုံး အမျိုးအစားထဲမှာ ပါဝင်ပြီး ၁၉၆၀ ပြည့်လွန်နှစ် အစောပိုင်းတွေမှာ စတင် တီထွင်ခဲ့ပါတယ်။ B61-12 တွေကတော့ ဒေါ်လာ ၁၀ ဘီလီယံလောက် အကုန်အကျ ခံထားတဲ့ သက်တမ်း တိုးမြှင့်ရေး စီမံကိန်းရဲ့ အသီးအပွင့်တွေလို့ ဆိုနိုင်ပြီး အရင်ဗုံးဟောင်းတွေ နေရာမှာ တစ်သုတ်ချင်းစီ ပြန်လည် အစားထိုးနေပါတယ်။ အမေရိကန်ဟာ ဂျာမနီ၊ အီတလီ၊ ဘယ်လ်ဂျီယမ်၊ နယ်သာလန်နဲ့ တူရကီ နိုင်ငံတွေမှာ နျူကလီးယားဗုံး အလုံး ၁၀၀ လောက် သိုလှောင်ထားရှိကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။