Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နည်းပညာ မြှင့်တင်ထားတဲ့ နျူကလီးယားဗုံးတွေ ဥရောပမှာ ဖြန့်ကျက်ဖို့ အမေရိကန် အားထည့်လုပ်ဆောင်နေ

သံတမန် အသိုက်အဝန်းက ပုဂ္ဂိုလ်တစ်ဦးနဲ့ အမေရိကန် အစိုးရ အရာရှိ နှစ်ဦးက အမေရိကန် စစ်တပ်ဟာ ဥရောပက NATO မဟာမိတ် အခြေစိုက် စခန်းတွေမှာ B61-12 မြေဆွဲအား ဗုံးအသစ်တွေ အမြန်ဆုံး ဖြန့်ကျက်ထားနိုင်အောင် ပြင်ဆင်နေကြောင်း ပြောကြားခဲ့ပါတယ်။

နည်းပညာ မြှင့်တင်ထားတဲ့ နျူကလီးယားဗုံးတွေ ဥရောပမှာ ဖြန့်ကျက်ဖို့ အမေရိကန် အားထည့်လုပ်ဆောင်နေ
နည်းပညာ မြှင့်တင်ထားတဲ့ နျူကလီးယားဗုံးတွေ ဥရောပမှာ ဖြန့်ကျက်ဖို့ အမေရိကန် အားထည့်လုပ်ဆောင်နေ

နည်းပညာ အဆင့်မြှင့်တင်ထားတဲ့ နျူကလီးယား လက်နက် အသစ်တွေကို ဥရောပမှာ ဖြန့်ကျက်ဖို့ အမေရိကန်က အရှိန်မြှင့် စီစဉ်နေကြောင်း သိရပါတယ်။

သံတမန် အသိုက်အဝန်းက ပုဂ္ဂိုလ်တစ်ဦးနဲ့ အမေရိကန် အစိုးရ အရာရှိ နှစ်ဦးက အမေရိကန် စစ်တပ်ဟာ ဥရောပက NATO မဟာမိတ် အခြေစိုက် စခန်းတွေမှာ B61-12 မြေဆွဲအား ဗုံးအသစ်တွေ အမြန်ဆုံး ဖြန့်ကျက်ထားနိုင်အောင် ပြင်ဆင်နေကြောင်း ပြောကြားခဲ့ပါတယ်။

အဲဒီဗုံးတွေဟာ ပစ်မှတ်ကို ပိုပြီး တိတိကျကျ ချေမှုန်းနိုင်အောင် နည်းပညာပိုင်း အဆင့်မြှင့်ထားတဲ့ နျူကလီးယား လက်နက်တွေဖြစ်ပြီး လေကြောင်းကနေ ကြဲချပြီး တိုက်ခိုက်ရတဲ့ အမျိုးအစားလို့ ဆိုပါတယ်။ အစောပိုင်းက ဥရောပအခြေစိုက် NATO စစ်စခန်းတွေဆီ နွေဦးပေါက်လောက်မှ ဗုံးတွေ ပို့ဆောင်ဖို့ ရည်ရွယ်ထားပေမယ့် အခုတော့ ဒီဇင်ဘာလအမီ ပေးပို့သွားဖို့ အမေရိကန်က စီစဉ်နေကြောင်း သိရပါတယ်။

တစ်နည်းအားဖြင့် ဥရောပမှာ ရှိနေတဲ့ NATO လက်နက်တိုက်တွေထဲက အမေရိကန် နျူကလီးယား ဗုံးဟောင်းတွေကို နည်းပညာ ပိုမြင့်တဲ့ အသစ်တွေနဲ့ လဲလှယ်နေတဲ့ သဘောပါပဲ။ ပင်တဂွန် စစ်ဌာနချုပ်က နိုင်ငံရဲ့ နျူကလီးယားလက်နက် သိုလှောင်မှုတွေဟာ ခေတ်မီဆန်းသစ်ပြီး လုံခြုံစိတ်ချရဖို့ လိုအပ်ကြောင်း ပြောဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားက ယူကရိန်းစစ်ပွဲမှာ နျူကလီးယား လက်နက်တွေ ထုတ်သုံးနိုင်ကြောင်း လေသံလွှင့်ခဲ့တဲ့ နောက်ပိုင်းကစလို့ ဥရောပနဲ့ အမေရိကန်တို့ကလည်း တင်းမာတဲ့ တုံ့ပြန်မှုတွေ ပြသနေပါတယ်။ လတ်တလောမှာ NATO အဖွဲ့ကလည်း နှစ်ပတ်လည် နျူကလီးယား စစ်ရေး လေ့ကျင့်မှုဖြစ်တဲ့ Steadfast Noonကို စတင်နေပါပြီ။ တစ်ချိန်တည်းမှာပဲ ရုရှားမှာ ပြုလုပ်တဲ့ နျူကလီးယား စစ်ရေးလေ့ကျင့်မှု အစီအစဉ် တစ်ခုကို သမ္မတ ဗလာဒီမာ ပူတင်ကိုယ်တိုင် ကြီးကြပ် ညွှန်ကြားခဲ့ပါတယ်။

အမေရိကန်ရဲ့ B61တွေဟာ နျူကလီးယားဗုံး အမျိုးအစားထဲမှာ ပါဝင်ပြီး ၁၉၆၀ ပြည့်လွန်နှစ် အစောပိုင်းတွေမှာ စတင် တီထွင်ခဲ့ပါတယ်။ B61-12 တွေကတော့ ဒေါ်လာ ၁၀ ဘီလီယံလောက် အကုန်အကျ ခံထားတဲ့ သက်တမ်း တိုးမြှင့်ရေး စီမံကိန်းရဲ့ အသီးအပွင့်တွေလို့ ဆိုနိုင်ပြီး အရင်ဗုံးဟောင်းတွေ နေရာမှာ တစ်သုတ်ချင်းစီ ပြန်လည် အစားထိုးနေပါတယ်။ အမေရိကန်ဟာ ဂျာမနီ၊ အီတလီ၊ ဘယ်လ်ဂျီယမ်၊ နယ်သာလန်နဲ့ တူရကီ နိုင်ငံတွေမှာ နျူကလီးယားဗုံး အလုံး ၁၀၀ လောက် သိုလှောင်ထားရှိကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင် ဒေသကို အမေရိကန် ထိန်းချုပ်မှုအောက် သွတ်သွင်းချင်တဲ့ သူ့စိတ်ကူးဟာ အလေးအနက် ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဂျော်ဒန်ဘုရင်ကို ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID)ရဲ့ ဝန်ထမ်းတွေက အဲဒီ အေဂျင်စီရဲ့ လုပ်ငန်းတွေ ရပ်စဲဖို့၊ အေဂျင်စီကို ဖျက်သိမ်းဖို့ အားထုတ်နေတဲ့ သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တရားစွဲဆိုလိုက်ကြပါတယ်။

နိုင်ငံတကာ

အမေရိကန် လမ်းစဉ်ကိုလိုက်ပြီး အာဂျင်တီးနား အစိုးရဟာလည်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ကနေ နုတ်ထွက်တော့မယ်လို့ ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

တရားမဝင် ရွှေ့ပြောင်း အခြေချသူတွေကို တိုက်ဖျက်ရေး သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ မူဝါဒတွေအရ အမေရိကန်က နှင်ထုတ်လိုက်တဲ့ အိန္ဒိယ နိုင်ငံသား ၁၀၀ ကျော်ဟာ ဇာတိနိုင်ငံကို ပြန်လည် ရောက်ရှိလာခဲ့ကြပါတယ်။

Facebook