Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်ဒရုန်းတွေကို ရုရှား အသုံးပြုနေကြောင်း ယူကရိန်း သမ္မတ သက်သေပြ

အီရန်ကတော့ ယူကရိန်း စစ်ပွဲမှာ ရုရှားအတွက် ဒရုန်းတွေ အပါအဝင် စစ်လက်နက်တွေ ထောက်ပံ့ပေးနေကြောင်း ယူကရိန်းနဲ့ အနောက်နိုင်ငံ အစိုးရတွေရဲ့ စွပ်စွဲမှုတွေကို အစဉ်တစိုက် ငြင်းဆိုထားပါတယ်။

အီရန်ဒရုန်းတွေကို ရုရှား အသုံးပြုနေကြောင်း ယူကရိန်း သမ္မတ သက်သေပြ
အီရန်ဒရုန်းတွေကို ရုရှား အသုံးပြုနေကြောင်း ယူကရိန်း သမ္မတ သက်သေပြ

ရုရှားက အီရန်လုပ် ဒရုန်းတွေကို ဖောဖောသီသီ အသုံးပြုပြီး ယူကရိန်းကို တိုက်ခိုက်နေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဒရုန်းအပျက် တစ်စီးကို ကိုယ်တိုင်ပြသပြီး သက်သေထူခဲ့ပါတယ်။

အီရန်လုပ် ဒရုန်းအပျက် တစ်စီးရဲ့ဘေးမှာ မတ်တပ်ရပ်ရင်း ရိုက်ကူးထားတဲ့ ဗီဒီယိုမှာ ဇီလန်စကီးက ရုရှားဟာ လွန်ခဲ့တဲ့ ၂ ရက်တာအတွင်း ယူကရိန်း ပိုင်နက်ထဲကို ဒရုန်း အစင်းပေါင်း ၃၀ ကျော်နဲ့ တိုက်ခိုက်ခဲ့ကြောင်း ပြောကြားသွားခဲ့ပါတယ်။

စစ်ပွဲ စတင်ချိန် ကတည်းကဆိုရင် ရုရှားဟာ ဒုံးကျည် အစင်းပေါင်း ၄၅၀၀ ကျော် ပစ်လွှတ်ပြီး လေကြောင်းတိုက်ခိုက်မှု အကြိမ် ၈၀၀၀ ကျော် ပြုလုပ်ခဲ့ပြီးပြီလို့လည်း ယူကရိန်း သမ္မတက ဆိုပါတယ်။ သူ့ဘေးမှာ ရှိနေတာကတော့ ပျက်စီးနေတဲ့ Shahed ဒရုန်း တစ်စင်းလို့ ယုံကြည်ရပါတယ်။ အဲဒီ ဒရုန်းတွေကို အီရန်က ထုတ်လုပ်ပြီး ပစ်မှတ်ဆီ အပျက်အစီးခံ ထိုးဆင်း ဖောက်ခွဲလေ့ ရှိတာကြောင့် ကာမီကာဇီ ဒရုန်းလို့လည်း ခေါ်ကြပါတယ်။

အီရန်ကတော့ ယူကရိန်း စစ်ပွဲမှာ ရုရှားအတွက် ဒရုန်းတွေ အပါအဝင် စစ်လက်နက်တွေ ထောက်ပံ့ပေးနေကြောင်း ယူကရိန်းနဲ့ အနောက်နိုင်ငံ အစိုးရတွေရဲ့ စွပ်စွဲမှုတွေကို အစဉ်တစိုက် ငြင်းဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ဇီလန်စကီးက ယူကရိန်း ကာကွယ်ရေးတပ်တွေ ကြားဖြတ် ပစ်ချထားတယ်လို့ ယုံကြည်ရတဲ့ ဒရုန်း အပျက်ကို လက်တွေ့ပြသရင်း မဟာမိတ် နိုင်ငံတွေ အနေနဲ့ ယူကရိန်းကို လေကြောင်းကာကွယ်ရေး လက်နက်တွေ ပိုမို ဖြည့်တင်း ပို့ဆောင်ကြဖို့ပါ တစ်ပါတည်း တိုက်တွန်းသွားခဲ့ပါတယ်။

ဇီလန်စကီးက ရုရှားဟာ အီရန်ဆီက ဒရုန်း အစင်းရေ ၄၅၀၀ လောက် မှာယူထားတယ်လို့ ယုံကြည်ရကြောင်း စွပ်စွဲခဲ့ဖူးပြီး လက်ရှိ အချိန်ထိ ယူကရိန်း စစ်မြေပြင်မှာ အစင်း ၄၀၀ လောက် သုံးစွဲပြီးပြီလို့ ပြောပါတယ်။ အီရန်ရဲ့ ဒရုန်းတွေဟာ စျေးပေါပြီး အလုံးအရင်း ထုတ်လုပ်ဖို့ အဆင်ပြေတာကြောင့်လည်း ရုရှားက အမြောက်အမြား မှာယူ အသုံးပြုနေတာ ဖြစ်နိုင်ကြောင်း စစ်လက်နက် ပါရဂူတွေက ပြောပါတယ်။

ဒီဒရုန်းတွေဟာ နည်းပညာပိုင်း အဆင့်မမြင့်လှပေမယ့် အရေအတွက် အမြောက်အမြား တပြိုင်တည်း အသုံးချနိုင်တာ၊ တည်ငြိမ်ပစ်မှတ်တွေကို အတိမ်းအစောင်းမရှိ ချေမှုန်းနိုင်တာ၊ ခရီးဝေး ပျံသန်းနိုင်တာ အစရှိတဲ့ အားသာချက်တွေ ပိုင်ဆိုင်ထားကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားနိုင်ငံ၊ မော်စကို မြို့တော်မှာ လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် လူ ၃ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။

သတင်း

နိုင်ငံပိုင်နက်ထဲ ဒုံးကျည် ကျရောက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပိုလန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ရုရှား သံအမတ်ကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံး အာရုံစိုက်ရတဲ့ သတင်းတစ်ပုဒ်ဖြစ်တဲ့ ရုရှားမောင်နှမ ပျောက်ဆုံးမှုဟာ လူသတ်မှုအဖြစ် အတည်ပြု ထွက်ပေါ်လာပါတယ်။