Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အီရန်ဒရုန်းတွေကို ရုရှား အသုံးပြုနေကြောင်း ယူကရိန်း သမ္မတ သက်သေပြ

အီရန်ကတော့ ယူကရိန်း စစ်ပွဲမှာ ရုရှားအတွက် ဒရုန်းတွေ အပါအဝင် စစ်လက်နက်တွေ ထောက်ပံ့ပေးနေကြောင်း ယူကရိန်းနဲ့ အနောက်နိုင်ငံ အစိုးရတွေရဲ့ စွပ်စွဲမှုတွေကို အစဉ်တစိုက် ငြင်းဆိုထားပါတယ်။

အီရန်ဒရုန်းတွေကို ရုရှား အသုံးပြုနေကြောင်း ယူကရိန်း သမ္မတ သက်သေပြ
အီရန်ဒရုန်းတွေကို ရုရှား အသုံးပြုနေကြောင်း ယူကရိန်း သမ္မတ သက်သေပြ

ရုရှားက အီရန်လုပ် ဒရုန်းတွေကို ဖောဖောသီသီ အသုံးပြုပြီး ယူကရိန်းကို တိုက်ခိုက်နေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဒရုန်းအပျက် တစ်စီးကို ကိုယ်တိုင်ပြသပြီး သက်သေထူခဲ့ပါတယ်။

အီရန်လုပ် ဒရုန်းအပျက် တစ်စီးရဲ့ဘေးမှာ မတ်တပ်ရပ်ရင်း ရိုက်ကူးထားတဲ့ ဗီဒီယိုမှာ ဇီလန်စကီးက ရုရှားဟာ လွန်ခဲ့တဲ့ ၂ ရက်တာအတွင်း ယူကရိန်း ပိုင်နက်ထဲကို ဒရုန်း အစင်းပေါင်း ၃၀ ကျော်နဲ့ တိုက်ခိုက်ခဲ့ကြောင်း ပြောကြားသွားခဲ့ပါတယ်။

စစ်ပွဲ စတင်ချိန် ကတည်းကဆိုရင် ရုရှားဟာ ဒုံးကျည် အစင်းပေါင်း ၄၅၀၀ ကျော် ပစ်လွှတ်ပြီး လေကြောင်းတိုက်ခိုက်မှု အကြိမ် ၈၀၀၀ ကျော် ပြုလုပ်ခဲ့ပြီးပြီလို့လည်း ယူကရိန်း သမ္မတက ဆိုပါတယ်။ သူ့ဘေးမှာ ရှိနေတာကတော့ ပျက်စီးနေတဲ့ Shahed ဒရုန်း တစ်စင်းလို့ ယုံကြည်ရပါတယ်။ အဲဒီ ဒရုန်းတွေကို အီရန်က ထုတ်လုပ်ပြီး ပစ်မှတ်ဆီ အပျက်အစီးခံ ထိုးဆင်း ဖောက်ခွဲလေ့ ရှိတာကြောင့် ကာမီကာဇီ ဒရုန်းလို့လည်း ခေါ်ကြပါတယ်။

အီရန်ကတော့ ယူကရိန်း စစ်ပွဲမှာ ရုရှားအတွက် ဒရုန်းတွေ အပါအဝင် စစ်လက်နက်တွေ ထောက်ပံ့ပေးနေကြောင်း ယူကရိန်းနဲ့ အနောက်နိုင်ငံ အစိုးရတွေရဲ့ စွပ်စွဲမှုတွေကို အစဉ်တစိုက် ငြင်းဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ဇီလန်စကီးက ယူကရိန်း ကာကွယ်ရေးတပ်တွေ ကြားဖြတ် ပစ်ချထားတယ်လို့ ယုံကြည်ရတဲ့ ဒရုန်း အပျက်ကို လက်တွေ့ပြသရင်း မဟာမိတ် နိုင်ငံတွေ အနေနဲ့ ယူကရိန်းကို လေကြောင်းကာကွယ်ရေး လက်နက်တွေ ပိုမို ဖြည့်တင်း ပို့ဆောင်ကြဖို့ပါ တစ်ပါတည်း တိုက်တွန်းသွားခဲ့ပါတယ်။

ဇီလန်စကီးက ရုရှားဟာ အီရန်ဆီက ဒရုန်း အစင်းရေ ၄၅၀၀ လောက် မှာယူထားတယ်လို့ ယုံကြည်ရကြောင်း စွပ်စွဲခဲ့ဖူးပြီး လက်ရှိ အချိန်ထိ ယူကရိန်း စစ်မြေပြင်မှာ အစင်း ၄၀၀ လောက် သုံးစွဲပြီးပြီလို့ ပြောပါတယ်။ အီရန်ရဲ့ ဒရုန်းတွေဟာ စျေးပေါပြီး အလုံးအရင်း ထုတ်လုပ်ဖို့ အဆင်ပြေတာကြောင့်လည်း ရုရှားက အမြောက်အမြား မှာယူ အသုံးပြုနေတာ ဖြစ်နိုင်ကြောင်း စစ်လက်နက် ပါရဂူတွေက ပြောပါတယ်။

ဒီဒရုန်းတွေဟာ နည်းပညာပိုင်း အဆင့်မမြင့်လှပေမယ့် အရေအတွက် အမြောက်အမြား တပြိုင်တည်း အသုံးချနိုင်တာ၊ တည်ငြိမ်ပစ်မှတ်တွေကို အတိမ်းအစောင်းမရှိ ချေမှုန်းနိုင်တာ၊ ခရီးဝေး ပျံသန်းနိုင်တာ အစရှိတဲ့ အားသာချက်တွေ ပိုင်ဆိုင်ထားကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

နိုင်ငံတကာ

အစ္စရေးနဲ့ အီရန်ကြားမှာ တိုက်ရိုက် ပဋိပက္ခဖြစ်မယ့် အလားအလာက လျော့ကျသွားပြီ ဆိုပေမယ့် အီရန်ရဲ့ လက်ဝေခံ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အီရန်ကြား တိုက်ခိုက်မှုတွေကတော့ အရှေ့အလယ်ပိုင်း ဒေသအနှံ့ ဆက်လက် ဖြစ်ပွားနေပါတယ်။