Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တောင်ကိုရီးယားက ပါတီပွဲမှာ လူပေါင်း ဒါဇင်နဲ့ချီ အသက်ရှူမွန်းကျပ် သေဆုံး

အသေအပျောက် ပမာဏကို အတိအကျ အတည်မပြနိုင်ပေမယ့် လူမှုကွန်ရက် မီဒီယာတွေပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုတွေမှာတော့ သေဆုံးသွားသူ အတော်များများရဲ့ ရုပ်အလောင်းတွေကို တန်းစီချထားပြီး လိုက်လံ ဖုံးကွယ်နေတာကို တွေ့ရပါတယ်။

တောင်ကိုရီးယားက ပါတီပွဲမှာ လူပေါင်း ဒါဇင်နဲ့ချီ အသက်ရှူမွန်းကျပ် သေဆုံး
တောင်ကိုရီးယားက ပါတီပွဲမှာ လူပေါင်း ဒါဇင်နဲ့ချီ အသက်ရှူမွန်းကျပ် သေဆုံး

တောင်ကိုရီးယား နိုင်ငံမှာ လူစုလူဝေးနဲ့ တိုးဝှေ့ရာကနေ လူပေါင်း ဒါဇင်နဲ့ချီ အသက်ရှူမွန်းကျပ်ပြီး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဆိုးလ်မြို့တော်မှာ အောက်တိုဘာ ၂၉ ရက် ညပိုင်းက ဟောလိုဝင်းပါတီ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပနေရင်း အခုလို ဖြစ်ရပ်ဆိုးနဲ့ ကြုံခဲ့တာပါ။ ကျဉ်းမြောင်းတဲ့ လမ်းကြားလေး တစ်ခုကို လူစုလူဝေးနဲ့ ဝင်တိုးကြရင်း လူအုပ်ကြီး ပိမိတာ ခံရလို့ အခုလိုမျိုး လူတွေ အသက်ရှူကျပ် သေဆုံးခဲ့တာလို့ သတင်းတွေက ဖော်ပြပါတယ်။

အစောပိုင်းမှာတော့ လူတွေ အများကြီး သေဆုံးရတာဟာ နိုက်ကလပ်တစ်ခုမှာ အဆိပ်မိပြီး နှလုံးရပ်ကုန်တာကြောင့်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်ခဲ့ပေမယ့် အတည်မပြုနိုင်ပါဘူး။ သတင်းတွေအရ အသက်ရှူကျပ်ပြီး မေ့မြောသွားတဲ့သူ ၅၀ ဝန်းကျင်လောက် ရှိနေပြီး အဲဒီထဲမှာ သေဆုံးသူတွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။

အသေအပျောက် ပမာဏကို အတိအကျ အတည်မပြနိုင်ပေမယ့် လူမှုကွန်ရက် မီဒီယာတွေပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုတွေမှာတော့ သေဆုံးသွားသူ အတော်များများရဲ့ ရုပ်အလောင်းတွေကို တန်းစီချထားပြီး လိုက်လံ ဖုံးကွယ်နေတာကို တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

လူတွေသေကုန်တယ် ဆိုတာက သေချာပေမယ့် သေမှုသေခင်း ဖြစ်စဉ်ရဲ့ အကြောင်းရင်းကတော့ အခုထိ အမျိုးမျိုး ပြောဆိုပြီး ရှုပ်ထွေးနေဆဲပါ။ ဆိုးလ်မြို့တော် အရေးပေါ် ကယ်ဆယ်ရေးဌာန တာဝန်ရှိသူတွေက အသက်ရှူကျပ်နေလို့ လာရောက် ကူညီကယ်ဆယ်ပေးဖို့ ဖုန်းခေါ်ဆိုမှု ၈၀ ကျော်လောက် လက်ခံရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

အမျိုးသား မီးသတ်ဌာန တာဝန်ရှိသူ တစ်ဦးကတော့ ဖြစ်စဉ်ဟာ လူတွေအမြောက်အမြား ပိမိခဲ့တာလို့ ယုံကြည်ရပြီး ၁၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်း၊ အဲဒီထဲမှာ ၅၀ လောက်က နှလုံးရပ်သွားတယ်လို့ ပြောပါတယ်။ လူစုလူဝေးနဲ့ သေဆုံးမှုတွေဟာ ဆိုးလ်က ပျော်ပွဲရွှင်ပွဲတွေ အဓိက ပြုလုပ်ရာ နေရာတစ်ခုဖြစ်တဲ့ ဟယ်လ်မီတန် ဟိုတယ်နားမှာ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ အသက်ရှူကျပ်၊ နှလုံးရပ်သူတွေကို အနီးအနားမှာ ရှိနေသူတွေက ရှေးဦးသူနာပြု နည်းတွေနဲ့ ကူညီ ကုသပေးပေမယ့် အများစုကို လက်လွှတ်ခဲ့ရဟန် ရှိတယ်လို့ သူက ဆိုပါတယ်။

ဆိုးလ်မြို့တော်ဝန် အိုဆီဟွန်းဟာ ဥရောပကို အလည်အပတ် ခရီးစဉ် ရောက်ရှိနေပေမယ့် ဒီသတင်းကို ကြားပြီးပြီးချင်း ပြန်လာဖို့ ချက်ချင်း စီစဉ်နေပါတယ်။ တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ခ်ယိုလ်က ထိခိုက် ဒဏ်ရာရသူတွေကို အမြန်ဆုံး သက်သာလာအောင် အစွမ်းကုန် ကူညီပေးဖို့ အာဏာပိုင်တွေဆီ ညွှန်ကြားထားသလို ပျော်ပွဲရွှင်ပွဲဇုန်တွေရဲ့ လုံခြုံရေးကိုလည်း ပြန်လည်စစ်ဆေးဖို့ ညွှန်ကြားထားပါတယ်။

သမ္မတရဲ့ ညွှန်ကြားချက်အရ အနီးတဝိုက်က ဆေးရုံတွေမှာ ဆရာဝန်တွေ၊ ကျန်းမာရေး ဝန်ထမ်းတွေကို စုစည်း ခေါ်ယူထားပြီး အရေးပေါ် ကုတင်တွေပါ ပြင်ဆင်ပြီး ရောက်လာမယ့် လူနာတွေအတွက် အသင့်စီစဉ်ထားကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား စစ်သုံ့ပန်းတွေ လွှဲပြောင်းပေးထားတဲ့ကိစ္စကို လူသိရှင်ကြား ထုတ်ပြောခဲ့တဲ့အတွက် ယူကရိန်းက ပြန်တောင်းပန်ဖို့ တောင်ကိုရီးယားက တောင်းဆိုထားပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့က လူလုပ်တူးမြောင်း တစ်ခုထဲ ရောက်နေတဲ့ ငါးမန်းတစ်ကောင်ကို လူပေါင်း သိန်းနဲ့ချီပြီး လာရောက် ကြည့်ရှုနေကြပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယားရဲ့ ပထမဆုံး ပြည်တွင်းဖြစ် တိုက်လေယာဉ်ဖြစ်တဲ့ KF-21 Boramaeရဲ့ ပထမဆုံး တစ်စီးကို အောင်အောင်မြင်မြင် ထုတ်လုပ်ပြီး လေတပ်ဆီ လွှဲအပ်ပေးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နျူကလီးယား လက်နက်တွေ ထုတ်လုပ်မှုကို မတားမြစ်ဘူးဆိုရင် နောင်တစ်ချိန် စျေးကွက်ထဲ အဲဒီလက်နက်တွေ ရောင်းချတဲ့ အန္တရာယ်မျိုး ဖြစ်လာနိုင်ကြောင်း တောင်ကိုရီးယား သမ္မတက သတိပေး ပြောကြားလိုက်ပါတယ်။

Facebook