Connect with us

Hi, what are you looking for?

ဗီဒီယို

ယူကရိန်းတပ်တွေ ချဉ်းကပ်လာတာကြောင့် ခါဆွန်မှာ ရုရှား စစ်ကူတွေဖြည့်ပြီး ခံစစ်ပြင်နေရ

အခုရက်ပိုင်းအတွင်း ခါဆွန်မြို့ထဲကို ရုရှားရဲ့ တပ်ကူတွေ အင်အားဖြည့်တင်း ရောက်ရှိလာနေပြီး ခံစစ်အတွက် လိုအပ်တဲ့ အဆောက်အအုံတွေပါ တိုးချဲ့ တည်ဆောက်နေတယ်လို့ ယူကရိန်း ထောက်လှမ်းရေးဌာန အကြီးအကဲက ဆိုပါတယ်။

ယူကရိန်းတောင်ပိုင်းက ခါဆွန်မြို့မှာ တပ်တွေ အလုံးအရင်း ဖြည့်တင်းပြီး ခံစစ်အတွက် ရုရှားစစ်တပ် ပြင်ဆင်နေကြောင်း သိရပါတယ်။

အခုရက်ပိုင်းအတွင်း ခါဆွန်မြို့ထဲကို ရုရှားရဲ့ တပ်ကူတွေ အင်အားဖြည့်တင်း ရောက်ရှိလာနေပြီး ခံစစ်အတွက် လိုအပ်တဲ့ အဆောက်အအုံတွေပါ တိုးချဲ့ တည်ဆောက်နေတယ်လို့ ယူကရိန်း ထောက်လှမ်းရေးဌာန အကြီးအကဲက ဆိုပါတယ်။

ခါဆွန်မြို့ ဖွဲ့စည်းပါဝင်နေတဲ့ ခါဆွန်ပြည်နယ်ကို ကျူးကျော်စစ်ပွဲ အစပိုင်းမှာ ရုရှားတပ်တွေက သိမ်းပိုက်ထားခဲ့ပါတယ်။ အဲဒီနောက် ခါဆွန် အပါအဝင် ယူကရိန်းရဲ့ ပြည်နယ် ၄ ခုကို ပိုင်နက်နယ်မြေအဖြစ် သွတ်သွင်း သတ်မှတ်ကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ အခုအခါမှာတော့ ယူကရိန်း တပ်တွေဟာ ခါဆွန်ပြည်နယ်ထဲက မြို့ရွာတချို့ကို ပြန်လည် သိမ်းယူနေပြီး ပြည်နယ်မြို့တော် ခါဆွန်ဆီ ဦးတည် ချီတက်နေပါတယ်။ ရုရှားက ခါဆွန်မှာ အရပ်ဖက် အုပ်ချုပ်ရေး ဌာနတွေကို ရုပ်သိမ်းစေပြီး ခံစစ်အတွက် ပြင်ဆင်နေသလို ဒေသတွင်းမှာရှိတဲ့ ရုရှားအနွယ် သောင်းဂဏန်းလောက်ကို အရေးပေါ် ရွှေ့ပြောင်းနိုင်အောင် စီစဉ်ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယူကရိန်း တပ်တွေက ဒီနီပရို မြစ်ကြောင်းအတိုင်း ရှေ့တိုး ချီတက်လာနေတဲ့နောက် ရုရှားစစ်တပ်ဟာ ခါဆွန်မှာ ကျားကုတ်ကျားခဲ ခုခံဖို့ ကြိုးစားနေဟန်ရှိကြောင်း ယူကရိန်း စစ်ထောက်လှမ်းရေးဌာန အကြီးအကဲ ကိုင်ရီလို ဘူဒါနော့ဗ်က ဆိုပါတယ်။ ခါဆွန်မှာ ရုရှားတွေက ဖရိုဖရဲ ဖြစ်နေပြီး တပ်တွေ ဆုတ်ခွာနေကြောင်း စိတ်ဓာတ်စစ်ဆင်ရေး ကောလာဟလတွေကို ဘူဒါနော့ဗ်က ပယ်ချပြီး မြို့ထဲမှာ ရုရှားက ခံစစ်ကို အခိုင်အမာ တည်ဆောက်နေကြောင်း ပြောကြားသွားပါတယ်။

စစ်ရေး သုတေသီတွေကတော့ ခါဆွန်ကိုသာ လက်လွှတ်ရရင် ပူတင်အတွက် အကြီးအကျယ် အထိနာတဲ့ ကိစ္စမျိုး ဖြစ်လာမယ်လို့ သုံးသပ်ထားကြပါတယ်။ ယူကရိန်းဟာ နိုင်ငံ အရှေ့ပိုင်းက ရုရှား ထိန်းချုပ်နယ်မြေတွေဆီ တန်ပြန်ထိုးစစ် အစပြုနေရင်း လတ်တလောမှာလည်း တောင်ပိုင်းက ခါဆွန်ဒေသမှာပါ စစ်ဆင်ရေး အရှိန်မြှင့်လာတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားနိုင်ငံ၊ မော်စကို မြို့တော်မှာ လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် လူ ၃ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။