Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

စျေးကြီးပြီး အရည်အသွေးညံ့တဲ့ အစားအသောက်တွေကြောင့် ကမ္ဘာ့ဖလား ပရိသတ်တွေ စိတ်ပျက်နေ

ပြိုင်ပွဲမတိုင်ခင် ကာတာကို ရောက်ရှိနေတဲ့ ပရိသတ် တချို့ကတော့ အရက်စျေးတွေကလည်း မတရားကြီးတယ်လို့ ညည်းညူနေပါတယ်။ အရက်သွားသောက်ရင် ဒေါ်လာ ၂၀၀ နဲ့ ၃၀၀ ကြားလောက်ထိ ကျသင့်မယ့် အခြေအနေကြောင့် ဝေဖန်သံတွေလည်း အတော်လေး ဆူညံနေပါတယ်။

စျေးကြီးပြီး အရည်အသွေးညံ့တဲ့ အစားအသောက်တွေကြောင့် ကမ္ဘာ့ဖလား ပရိသတ်တွေ စိတ်ပျက်နေ
စျေးကြီးပြီး အရည်အသွေးညံ့တဲ့ အစားအသောက်တွေကြောင့် ကမ္ဘာ့ဖလား ပရိသတ်တွေ စိတ်ပျက်နေ

ကာတာနိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ ပရိသတ်တွေအတွက် အရည်အသွေး ညံ့ဖျင်းတဲ့ အစားအသောက်တွေကို စျေးကြီးကြီးနဲ့ ရောင်းချနေကြောင်း ဝေဖန်သံတွေ ထွက်ပေါ်လာပါတယ်။

ကာတာရဲ့ ကမ္ဘာ့ဖလား ကျင်းပရေး တာဝန်ရှိသူတွေက နိုင်ငံတကာ ပရိသတ်တွေဟာ ပြိုင်ပွဲကာလမှာ ပျော်စရာ ပွဲတော် အတွေ့အကြုံမျိုး ခံစားရရှိစေမယ်လို့ အာမခံခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိ အခြေအနေတွေ အရတော့ အပြောနဲ့အလုပ်က ကွဲလွဲချက်တွေ ကြီးကြီးမားမား ရှိနေပုံပါပဲ။

လောလောဆယ် Twitterမှာ သတင်းကြီးနေတာက ဒိုဟာမြို့တော်မှာ ဖွင့်လှစ် တည်ဆောက်ထားတဲ့ ပရိသတ်တွေအတွက် အထူးဇုန်မှာ ရောင်းချနေတဲ့ အသီးအရွက်သုပ် တစ်မျိုးအကြောင်း ဖြစ်ပါတယ်။ ဂရိ အရွက်သုပ်လို့ နာမည်ပေးထားတဲ့ အစားအသောက်ကို ၉ ဒေါ်လာနဲ့ ရောင်းချနေပေမယ့် ပန်းကန်လုံး တစ်လုံးထဲမှာ အရွက်တချို့ ဖြစ်ကတတ်ဆန်း ထည့်ပေးထားရုံသာ ရှိတာကြောင့် အတော်လေး ဝေဖန် ခံနေရပါတယ်။

ဒိုဟာက အယ်လ်ဘစ်ဒါ ဥယျာဉ်ဟာ ကမ္ဘာ့ဖလား ပရိသတ်တွေအတွက် အထူးဇုန်တစ်ခုဖြစ်ပြီး တစ်ကြိမ်မှာ လူပေါင်း ၄၀၀၀၀ လောက် ဝင်ဆံ့ပါတယ်။ အဲဒီလို နေရာမျိုးမှာ ဒီလို ညံ့ဖျင်းတဲ့ အစားအသောက်ကို စျေးကြီးကြီးနဲ့ ရောင်းချနေတာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ကာတာဟာ မွတ်ဆလင် နိုင်ငံတစ်ခု ဖြစ်ပေမယ့် ပရိသတ်တွေကိုတော့ သောက်စားဖို့ ခွင့်ပြုထားပါတယ်။ အထူးကြပ်မတ်ချက် တစ်ခုကတော့ ဘောလုံးပွဲတွေ မစခင် ၃ နာရီ အလိုကျမှ အရက်စရောင်းခွင့် ပေးမှာပါ။ နောက်ပြီး ပွဲစကစားချိန်မှာ အရက် မရောင်းရတော့ပါဘူး။

ပြိုင်ပွဲမတိုင်ခင် ကာတာကို ရောက်ရှိနေတဲ့ ပရိသတ် တချို့ကတော့ အရက်စျေးတွေကလည်း မတရားကြီးတယ်လို့ ညည်းညူနေပါတယ်။ အရက်သွားသောက်ရင် ဒေါ်လာ ၂၀၀ နဲ့ ၃၀၀ ကြားလောက်ထိ ကျသင့်မယ့် အခြေအနေကြောင့် ဝေဖန်သံတွေလည်း အတော်လေး ဆူညံနေပါတယ်။

ပရိသတ် အဖွဲ့တစ်ခုကဆိုရင် ဒါဟာ ကြုံဖူးသမျှ အဆိုးဆုံး ကမ္ဘာ့ဖလားလို့ လွယ်လွယ်လေး သတ်မှတ်နိုင်တယ်လို့ ဝေဖန်ထားပါတယ်။ နောက်ပြီး နိုင်ငံတကာ ခရီးသွားဧည့်သည်တွေဖြစ်တဲ့ ဘောလုံးပရိသတ်တွေကို အာဏာပိုင်တွေက ပျူပျူငှာငှာ ဆက်ဆံမယ့်အစား အပေါက်ဆိုးလွန်းတယ်လို့လည်း ပြောပါတယ်။ ဒိန်းမတ် သတင်းသမား တစ်ဦးရဲ့ အဆိုအရ ဂေါက်ကွင်းသုံး ယာဉ်ငယ်လေးနဲ့ လှည့်ပတ်နေတဲ့ တာဝန်ရှိသူ တချို့က သူ့ကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံပြီး ဗီဒီယို ဆက်ရိုက်နေမယ်ဆိုရင် သူ့ကင်မရာကို ခွဲပစ်မယ်လို့ပါ ခြိမ်းခြောက်ခဲ့ကြောင်း သိရပါတယ်။

မကြာသေးခင်ကလည်း ကာတာက တရားဝင် ပရိသတ် ဇုန်နယ်မြေတွေမှာ တော်ရိလျော်ရိ ဆောက်လုပ်ထားတဲ့ တည်းခိုဆောင် အခန်းကျဉ်းလေးတွေကို တစ်ည ဒေါ်လာ ၂၀၀ နဲ့ ငှားစားနေကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြင်သစ်ကတော့ ကမ္ဘာ့ဖလားကို နှစ်ကြိမ်ဆက် ဆွတ်ခူးနိုင်ဖို့ လက်တစ်ကမ်းထိ နီးစပ်ခဲ့ပြီးမှ ဒုတိယ နေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ) ဥက္ကဋ္ဌ ဂီယန်နီ အင်ဖာတီနိုကလည်း ဝှားလ်ကွယ်လွန်သွားတာဟာ ဘောလုံးကို ချစ်မြတ်နိုးသူ အားလုံးအတွက် ဆုံးရှုံးမှုကြီး တစ်ခုဖြစ်ကြောင်း ပြောကြားသွားပါတယ်။

ဆောင်းပါး

မြန်မာနိုင်ငံက ရန်ကုန်မြို့မှာ Pou Chen ကုမ္ပဏီက တည်ဆောက်ထားတဲ့ အထည်ချုပ် စက်ရုံရဲ့ ဝန်ထမ်း ၇၈၀၀ လောက်ကို ဒီမေးခွန်း သွားမေးမယ် ဆိုရင်တော့ သူတို့က တစ်နေ့ကို မြန်မာငွေ ၄၈၀၀ ကျပ် ရတယ်လို့ ပြောပြကြမှာပါ။

နိုင်ငံတကာ

တကယ်လို့ OneLove လက်ပတ်တွေ ဝတ်ဆင်ခဲ့မယ်ဆိုရင် အဝါကတ်ပြ သတိပေး အရေးယူမှုတွေ ရှိလာမယ်လို့ ဖီဖာက အကြောင်းကြားခဲ့တဲ့နောက် အသင်းခေါင်းဆောင်တွေက အစီအစဉ်ကို ဖျက်သိမ်းခဲ့ရကြောင်း အဲဒီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။