Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကမ္ဘာ့ဖလားမှာ သတင်းယူနေတဲ့ ဂျာနစ်လစ်တစ်ဦး ရုတ်တရက် ကွယ်လွန်

ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ) ဥက္ကဋ္ဌ ဂီယန်နီ အင်ဖာတီနိုကလည်း ဝှားလ်ကွယ်လွန်သွားတာဟာ ဘောလုံးကို ချစ်မြတ်နိုးသူ အားလုံးအတွက် ဆုံးရှုံးမှုကြီး တစ်ခုဖြစ်ကြောင်း ပြောကြားသွားပါတယ်။

ကမ္ဘာ့ဖလားမှာ သတင်းယူနေတဲ့ ဂျာနစ်လစ်တစ်ဦး ရုတ်တရက် ကွယ်လွန်
ကမ္ဘာ့ဖလားမှာ သတင်းယူနေတဲ့ ဂျာနစ်လစ်တစ်ဦး ရုတ်တရက် ကွယ်လွန်

အမေရိကန်ရဲ့ ထင်ရှားတဲ့ ဘောလုံးအားကစား ဂျာနယ်လစ် တစ်ဦးဟာ ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ သတင်းယူနေရင်း ရုတ်တရက် သေဆုံးသွားခဲ့ပါတယ်။

ဒီဇင်ဘာ ၉ ရက် ညပိုင်းက အာဂျင်တီးနားနဲ့ နယ်သာလန်တို့ ယှဉ်ပြိုင်ကြတဲ့ ကွာတားဖိုင်နယ် ပွဲစဉ်ရဲ့ အချိန်ပို စတင်ချိန်မှာ အသက် ၄၈ နှစ်အရွယ် ဂရန့်ဝှားလ်ဟာ ရုတ်တရက် လဲကျသွားခဲ့ပါတယ်။ ကနဦး ဖော်ပြချက်တွေအရ ဝှားလ်ဟာ နှလုံးဖောက်ပြီး ကွယ်လွန်သွားတယ်လို့ ဆိုပေမယ့် တရားဝင် အတည်ပြုထားတာတော့ မရှိသေးပါဘူး။

ဝှားလ်ဟာ ပြီးခဲ့တဲ့ လတုန်းက LGBT အသိုက်အဝန်းကို ထောက်ခံတဲ့ သက်တံပုံနဲ့ အင်္ကျီ ဝတ်ဆင်ပြီး အားကစားရုံထဲ ဝင်ခဲ့တာကြောင့် ကာတာ အာဏာပိုင်တွေရဲ့ ခဏတာ ဖမ်းဆီးမှုကို ခံခဲ့ရဖူးပါသေးတယ်။

ဝှားလ်ရုတ်တရက် ကွယ်လွန်သွားတဲ့ သတင်းကို ကြားသိရတဲ့အတွက် အထူးတလည် ဝမ်းနည်းကြေကွဲကြောင်း အမေရိကန် ဘောလုံး အဖွဲ့ချုပ်ကလည်း ထုတ်ပြန်ပါတယ်။ ဝှားလ်ရဲ့ အမြင်စူးရှပြီး ဆန်းသစ်တဲ့ သတင်း ဖော်ပြမှုတွေကို အမေရိကန် ဘောလုံး ပရိသတ်တွေရော၊ မီဒီယာ အသိုက်အဝန်းကပါ အမြဲ အမှတ်ရနေမယ်လို့ အဲဒီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ဝှားလ်ရဲ့ ဇနီးဖြစ်သူ စီလင်း ဂေါင်ဒါက သတင်းဆိုးကြောင့် အကြီးအကျယ် တုန်လှုပ်ခဲ့ရကြောင်း ဝန်ခံပြီး အခက်ခဲဆုံး အချိန်ကာလတွေမှာ ဝိုင်းဝန်း အားပေး ဖေးမသူ တစ်ဦးချင်းစီကို ကျေးဇူးတင်ကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကမှ အသက် ၄၈ နှစ် ပြည့်ခဲ့တဲ့ ဝှားလ်ဟာ သူဟာ နေမကောင်းဘဲ ၁၀ ရက်လောက် ဖျားနာနေတာကြောင့် ပိုးသတ်ဆေးတွေပါ သောက်နေရတယ်လို့ လွန်ခဲ့တဲ့ တစ်ပတ်လောက်က ကိုယ်ပိုင် ဝက်ဘ်ဆိုက်မှာ ရေးသားထားခဲ့ဖူးပါတယ်။

၁၀ ရက်လောက် အအေးမိ ဝေဒနာ ခံစားခဲ့ရပြီး သူ့ခန္ဓာကိုယ်ရဲ့ ခံနိုင်ရည် ဝန်ထက် ပိုပိနေတယ်လို့ ခံစားရကြောင်း ဝှားလ်က ဆိုပါတယ်။ သူသေဆုံးတဲ့ အကြောင်းရင်းကိုတော့ နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲပါ။

ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ) ဥက္ကဋ္ဌ ဂီယန်နီ အင်ဖာတီနိုကလည်း ဝှားလ်ကွယ်လွန်သွားတာဟာ ဘောလုံးကို ချစ်မြတ်နိုးသူ အားလုံးအတွက် ဆုံးရှုံးမှုကြီး တစ်ခုဖြစ်ကြောင်း ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမျိုးဇော်သိန်း (ခ)ကိုဘိုဘို (ခ)ကိုဘီလားဟာ ဧပြီ ၇ရက် ညနေပိုင်းက ကွယ်လွန်သွားခဲ့ပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ ကလေးအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဝင်းမြင့်စိုးဟာ ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိတာကြောင့်ကွယ်လွန်သွားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှားမှာ ပွက်ပွက်ဆူနေတဲ့ ရေနွေးကို သောက်ဖို့ အတင်းအကျပ် ဖိအားပေး ခံခဲ့ရတဲ့ ကလေးငယ် တစ်ဦးဟာ မသေဆုံးခင်မှာ သူ့ကို အဓမ္မ ခိုင်းစေခဲ့သူကို ဖော်ထုတ်သွားခဲ့ပါတယ်။

သတင်း

မန္တလေးမြို့က ထင်ရှားတဲ့ စာရေးဆရာ သင့်နော် ဒီကနေ့ စက်တင်ဘာ ၂၇ ရက် နေ့လယ်ပိုင်းမှာ ကွယ်လွန်သွားခဲ့ပါတယ်။