Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟန်ဂေရီ အင်ပါယာဟောင်း မြေပုံနဲ့ လည်စည်းပဝါ ဝတ်ဆင်ခဲ့တဲ့ ဝန်ကြီးချုပ် ဝေဖန်မှုတွေ ကြုံတွေ့နေ

အခုအခါမှာ ဟန်ဂေရီ အနွယ်ဝင် ၂ သန်းလောက်ဟာ အိမ်နီးချင်း နိုင်ငံသားတွေ ဖြစ်နေကြပြီး ရိုမေးနီးယားမှာ ၁.၂ သန်းနဲ့ ယူကရိန်းမှာ ၁ သိန်းခွဲလောက် ရှိနေတယ်လို့လည်း သိရပါတယ်။

ဟန်ဂေရီ အင်ပါယာဟောင်း မြေပုံနဲ့ လည်စည်းပဝါ ဝတ်ဆင်ခဲ့တဲ့ ဝန်ကြီးချုပ် ဝေဖန်မှုတွေ ကြုံတွေ့နေ
ဟန်ဂေရီ အင်ပါယာဟောင်း မြေပုံနဲ့ လည်စည်းပဝါ ဝတ်ဆင်ခဲ့တဲ့ ဝန်ကြီးချုပ် ဝေဖန်မှုတွေ ကြုံတွေ့နေ

ပထမ ကမ္ဘာစစ် မတိုင်ခင်က ဟန်ဂေရီ နိုင်ငံ မြေပုံဟောင်း ပါရှိတဲ့ လည်စည်း ပဝါ တစ်ထည်ကို ဝတ်ဆင်ခဲ့တဲ့အပေါ် ပြန်တောင်းပန်ဖို့ ဟန်ဂေရီ ဝန်ကြီးချုပ်ကို ယူကရိန်းနဲ့ ရိုမေးနီးယား အစိုးရတွေက တောင်းဆိုထားပါတယ်။

ဟန်ဂေရီ ဝန်ကြီးချုပ် ဗစ်တာ အော်ဘန်ဟာ ဘောလုံးပွဲ တစ်ခုမှာ ဟန်ဂေရီရဲ့ မြေပုံဟောင်း ပါတဲ့ လည်စည်းကို ဝတ်ဆင်ထားကြောင်း မှတ်တမ်း ဗီဒီယိုတွေ ထွက်ပေါ်လာခဲ့တာပါ။ အဲဒီ လုပ်ရပ်ဟာ ဝေဖန်စရာ၊ အငြင်းပွားစရာ အခြေအနေတွေကို ဖိတ်ခေါ်ရာ ရောက်နေပါတယ်။ အဲဒီ မြေပုံဟောင်းအရ ဒီနေ့ခေတ် ယူကရိန်း၊ ရိုမေးနီးယားနဲ့ တခြား အိမ်နီးချင်း နိုင်ငံတချို့ရဲ့ နယ်မြေ အစိတ်အပိုင်းတွေက ဟန်ဂေရီ ပိုင်နက်အဖြစ် ပါဝင်နေပါတယ်။

ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး အိုလက်ဂ် နစ်ကိုလန်ကိုက သူဟာ ဟန်ဂေရီ သံအမတ်ကြီးကို ဆင့်ခေါ်ပြီး ဒီကိစ္စကို အတိအလင်း ကန့်ကွက်မှာ ဖြစ်သလို ဝန်ကြီးချုပ် အော်ဘန်ကိုလည်း အခုလုပ်ရပ်အတွက် ပြန်တောင်းပန်ဖို့ တောင်းဆိုကြောင်း ပြောပါတယ်။

ရိုမေးနီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ဒီကိစ္စကို ဒေါသတကြီး တုံ့ပြန်ပြီး ဟန်ဂေရီ သံအမတ်ကို ချက်ချင်း ဆင့်ခေါ်ခဲ့သလို အော်ဘန်ရဲ့ အပြုအမူက သည်းခံနိုင်စရာ မရှိဘူးလို့ အသိပေးခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

အော်ဘန်ကတော့ အငြင်းပွားစရာ ဖြစ်ခဲ့တဲ့ လည်စည်းနဲ့ ပတ်သက်လို့ တိုက်ရိုက် ညွှန်းဆိုတာမျိုး မဟုတ်ဘဲ ဘောလုံးဆိုတာ နိုင်ငံရေး မဟုတ်ကြောင်း၊ မဆီမဆိုင် ကိစ္စတွေကို စဉ်းစား မနေသင့်ဘဲ ဟန်ဂေရီ လက်ရွေးစင် အသင်းဟာ ဟန်ဂေရီ နိုင်ငံသား အားလုံးနဲ့ သက်ဆိုင်တယ်လို့သာ ခံယူစေလိုကြောင်း Facebookမှာ ရေးသားခဲ့ပါတယ်။

အော်ဘန်ဟာ ပထမ ကမ္ဘာစစ် မတိုင်ခင်တုန်းက ခမ်းနား ကျယ်ပြောခဲ့တဲ့ ဟန်ဂေရီ အင်ပါယာနဲ့ ပတ်သက်လို့ အမှတ်ရနေတဲ့ သဘောမျိုး အရင်ကလည်း အရိပ်အမြွက် ပြောဆိုတာတွေ ရှိခဲ့ဖူးပါတယ်။ ဂရိတ် ဟန်ဂေရီလို့ ရည်ညွှန်းလေ့ရှိတဲ့ ဟန်ဂေရီ အင်ပါယာဟောင်းရဲ့ ပိုင်နက်ထဲမှာ ဒီနေ့ခေတ် ယူကရိန်း၊ ဩစတြီးယား၊ ဆလိုဗက်ကီးယား၊ ဆလိုဗေးနီးယား၊ ရိုမေးနီးယား၊ ခရိုအေးရှားနဲ့ ဆာဘီးယား နိုင်ငံရဲ့ အစိတ်အပိုင်းတွေ ပါဝင်နေပါတယ်။

အခုအခါမှာ ဟန်ဂေရီ အနွယ်ဝင် ၂ သန်းလောက်ဟာ အိမ်နီးချင်း နိုင်ငံသားတွေ ဖြစ်နေကြပြီး ရိုမေးနီးယားမှာ ၁.၂ သန်းနဲ့ ယူကရိန်းမှာ ၁ သိန်းခွဲလောက် ရှိနေတယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံးစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ရုရှားမောင်နှမအသတ်ခံရမှုဟာကွင်းဆက်လူသတ်မှုအသွင် ဆောင်လာတဲ့နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တခြားခရီးစဉ်တစ်ခုကနေအချိန်စောပြန်လာပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

နိုင်ငံတကာ

ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီ နုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲ တစ်ခုမှာ ပါဝင်ခဲ့တဲ့နောက် အိန္ဒိယ အတိုက်အခံ ခေါင်းဆောင် ရာဟူလ်ဂန္ဒီကို ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ပါတယ်။

နိုင်ငံတကာ

ပြည်သူအားလုံးအတွက် ရပ်တည်ပေးတဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်လာဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ဗြိတိန် ဝန်ကြီးချုပ် အလောင်းအလျာ အန်ဒီ ဘန်ဟမ်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေခဲ့တဲ့အတိုင်း ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာဟာ ရာထူးကနေ နုတ်ထွက်မယ်လို့ အတည်ပြု ကြေညာသွားခဲ့ပါတယ်။