Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ခန့်မှန်းချက် အမှားကြောင့် ဟန်ဂေရီ မိုးလေဝသ ပညာရှင်နှစ်ဦး အလုပ်ပြုတ်

အစိုးရရဲ့ သိပ္ပံနဲ့ နည်းပညာ ဝန်ကြီး လက်စ်ဇ်လို ပက်ကိုဗစ်က ရာထူးက ထုတ်ပယ် ခံလိုက်ရတဲ့ထဲမှာ မိုးလေဝသ ဌာန အကြီးအကဲ ကိုယ်တိုင် ပါဝင်တယ်လို့ အတည်ပြုခဲ့ပါတယ်။

ခန့်မှန်းချက် အမှားကြောင့် ဟန်ဂေရီ မိုးလေဝသ ပညာရှင်နှစ်ဦး အလုပ်ပြုတ်
ခန့်မှန်းချက် အမှားကြောင့် ဟန်ဂေရီ မိုးလေဝသ ပညာရှင်နှစ်ဦး အလုပ်ပြုတ်

မိုးလေဝသနဲ့ ပတ်သက်လို့ ကြိုတင် ခန့်မှန်းတွက်ချက်မှု လွဲသွားတာကြောင့် ဟန်ဂေရီ နာမည်က ထိပ်တန်း မိုးလေဝသ ပညာရှင်နှစ်ဦး အလုပ်ပြုတ်သွားခဲ့ကြောင်း သိရပါတယ်။

သူတို့နှစ်ယောက်ရဲ့ ခန့်မှန်းချက် အမှားကြောင့် နောက်ဆက်တွဲ ထိခိုက်မှုတွေ ကြီးကြီးမားမား ရှိခဲ့ပြီး အင်တာနက်ပေါ်မှာ ပွဲဆူခဲ့တာကြောင့် အစိုးရ မိုးလေဝသ ဌာနကနေ ထုတ်ပယ် ခံခဲ့ရတာ ဖြစ်ပါတယ်။

ဟန်ဂေရီ နိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အမျိုးသားနေ့ အခမ်းအနားကို ကြီးကြီးကျယ်ကျယ် ကျင်းပဖို့ စီစဉ်ထားခဲ့ပါတယ်။ အဲဒီမှာ ဥရောပတိုက်ရဲ့ အလှပဆုံး၊ အံ့ဩစရာ အကောင်းဆုံး မီးရှူးမီးပန်း ပစ်ဖောက်မှုတွေကိုလည်း တွေ့မြင်ရမယ်လို့ အခမ်းအနား စီစဉ်သူတွေက ကြွေးကြော်ထားပါတယ်။

ဒါပေမဲ့ မီးရှူးမီးပန်း ပစ်ဖောက်မှုတွေ မစတင်ခင် ၇ နာရီ အလိုမှာ မိုးလေဝသ ဌာနက ရာသီဥတု အခြေအနေ ရုတ်တရက် ပြောင်းလဲ ဖောက်ပြန်လာနိုင်ကြောင်း အရေးပေါ် သတိပေးချက် ထုတ်ပြန်ခဲ့တာကြောင့် အစီအစဉ် အားလုံးကို ကတိုက်ကရိုက် ဖျက်သိမ်းခဲ့ရတယ်။

Public Service Announcement

Public Service Announcement

လက်တွေ့မှာတော့ မီးရှူးမီးပန်းတွေ ပစ်ဖောက်ဖို့ စီစဉ်ထားတဲ့ အချိန်မှာ ရာသီဥတုက ပုံမှန်အတိုင်း ကြည်လင် သာယာနေခဲ့တာကြောင့် ဒီအခမ်းအနားကို အားခဲပြီး စောင့်နေတဲ့ ပြည်သူတွေ အကြီးအကျယ် ဒေါသထွက်ကုန်ပါတယ်။ အစိုးရ မိုးလေဝသ ဌာနရဲ့ ဆိုးရွားလွန်းတဲ့ အမှားအယွင်းကိုလည်း လူမှုကွန်ရက်တွေမှာ ဝေဖန် ပြစ်တင်မှုတွေ မြင့်တက်လာပါတယ်။

အစိုးရက နောက်တစ်ပတ်ကျရင် အခမ်းအနားကို အစားထိုး ကျင်းပပါ့မယ်လို့ ကြေညာပေမယ့် လူထုရဲ့ မကျေနပ်ချက်တွေက လျော့မသွားပါဘူး။ နောက်ဆုံးမှာတော့ အစိုးရ မိုးလေဝသ ဌာနက အမှားအယွင်းကို ဝန်ချ တောင်းပန်ခဲ့ပြီး တွက်ချက်မှု လွဲသွားတဲ့ မိုးလေဝသ ပညာရှင် နှစ်ယောက်ကိုလည်း ရာထူးက အနားပေးလိုက်ကြောင်း Facebookမှာ ရေးသား ကြေညာခဲ့ပါတယ်။

အစိုးရရဲ့ သိပ္ပံနဲ့ နည်းပညာ ဝန်ကြီး လက်စ်ဇ်လို ပက်ကိုဗစ်က ရာထူးက ထုတ်ပယ် ခံလိုက်ရတဲ့ထဲမှာ မိုးလေဝသ ဌာန အကြီးအကဲ ကိုယ်တိုင် ပါဝင်တယ်လို့ အတည်ပြုခဲ့ပါတယ်။

ယူကရိန်းနိုင်ငံမှာ စစ်ဘေးသင့်နေတဲ့အချိန် ဟန်ဂေရီက မီးရှူးမီးပန်း ပစ်လွှတ်မှုတွေ တခမ်းတနား လုပ်ဆောင်မယ့် ကိစ္စအပေါ် ပြည်တွင်းမှာ သဘောထား ကွဲလွဲမှုတွေ ရှိနေပါတယ်။ ဒီအခမ်းအနားကို မကျင်းပသင့်ကြောင်း လက်မှတ်ရေးထိုး တောင်းဆိုသူ တစ်သိန်းကျော် ရှိနေသလို တစ်ဖက်မှာလည်း အစိုးရရဲ့ အစီအစဉ်ကို ထောက်ခံသူ အများအပြား ရှိနေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားရဲ့ မြို့တစ်မြို့ကို ယူကရိန်းက ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ရာမှာ ဗြိတိန်ရဲ့ စစ်လက်နက် ပညာရှင်တွေက ကူညီပံ့ပိုးခဲ့ကြကြောင်း ရုရှားက စွပ်စွဲခဲ့ပါတယ်။

သတင်း

AAဟာ အခုဆိုရင် ဘင်္ဂလားဒေ့ရှ်နဲ့ ထိစပ်နေရာက ၂၇၁ ကီလိုမီတာ ရှည်လျားတဲ့ နယ်စပ်တလျှောက် အပါအဝင် ရခိုင်ပြည်နယ် တစ်ခုလုံးရဲ့ ၈၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပြီး ဖြစ်ပါတယ်။

သတင်း

အဆိုပါ စီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်နေသည်မှာ (၁)နှစ်တာကာလအတွင်းသို့ ချင်းနင်းဝင်ရောက်လာပြီဖြစ်‌ကြောင်းနှင့် ထုတ်လုပ်အောင်မြင်မှုအခြေအနေအား ပြည်သူလူထုသို့ အစီရင်ခံတင်ပြလာခြင်းဖြစ်သည်။

နိုင်ငံတကာ

အခုအခါမှာ ဟန်ဂေရီ အနွယ်ဝင် ၂ သန်းလောက်ဟာ အိမ်နီးချင်း နိုင်ငံသားတွေ ဖြစ်နေကြပြီး ရိုမေးနီးယားမှာ ၁.၂ သန်းနဲ့ ယူကရိန်းမှာ ၁ သိန်းခွဲလောက် ရှိနေတယ်လို့လည်း သိရပါတယ်။