Connect with us

Hi, what are you looking for?

သတင်း

မြန်မာနိုင်ငံ ပြန်လည် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး တရုတ်နှင့် လုပ်ဆောင်ရန် ဆန္ဒရှိဟုNUCCက ရှီကျင့်ဖျင်ထံ သဝဏ်လွှာပို့

သဝဏ်လွှာတွင်CPC၏ခိုင်မာသည့် ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူများသည် ကြီးမားသည့်အခက်အခဲများကို ကျော်ဖြတ်နိုင်ခဲ့ပြီး တရုတ်နိုင်ငံနှင့် စီးပွားရေးဖွံ့ဖြိုးရေးတွင်လည်း ကြီးမားသောအောင်မြင်မှုများရရှိခဲ့ကြောင်း ဖော်ပြသည်။

တရုတ်ကွန်မြူနစ်ပါတီညီလာခံကျင်းပ​နေစဥ် ။ဓါတ်ပုံ-The Guardian
တရုတ်ကွန်မြူနစ်ပါတီညီလာခံကျင်းပ​နေစဥ် ။ဓါတ်ပုံ-The Guardian

မြန်မာနိုင်ငံပြန်လည်ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးအတွက်တရုတ်နိုင်ငံနှင့်လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)ကတရုတ်ကွန်မြူနစ်ပါတီ(CPC)အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖျင်ထံ သဝဏ်လွှာပေးပို့သည်။

ကျင်းပနေဆဲ ၂၀ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ၏ အမျိုးသားကွန်ဂရက်သို့ NUCC က တရုတ် ၊အဂ်လိပ်နှစ်ဘာသာဖြင့်သဝဏ်လွှာပေးပို့ရာ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ‘ပေါက်ဖော်’ ဆက်ဆံရေးကို မြှင့်တင်ရန် လွန်စွာအရေးကြီးမှုနှင့် CPC၊ တရုတ်အစိုးရ၊ ပြည်သူများအကြား ခိုင်မာသည့်ပူးပေါင်းဆောင်ရွက်မှုများ တည်ဆောက်ရေးတို့ကို ထည့်သွင်းဖော်ပြသည်။

မြန်မာပြည်သူများသည် ငြိမ်းချမ်းရေးနှင့် သာယာဝပြောမှု ဦးတည်သည့်လမ်းကြောင်းအတွက် စစ်တပ်ကစစ်တန်းလျားကို ပြန်မှသာဖြစ်မည်ဟု ယုံကြည်ထားပြီး ပြည်သူများပြည်သူများ ကိုယ်စားပြုပါဝင်သော စစ်မှန်သည့် ဖက်ဒရယ်အစိုးရ ပေါ်ထွန်းရေးကို ယုံကြည်ကြောင်း ဖော်ပြသည်။

NUCC မှတရုတ်ဘာသာဖြင့်​ပေးပို့ထုတ်ပြန်​သောသဝဏ်လွှ
NUCC မှတရုတ်ဘာသာဖြင့်​ပေးပို့ထုတ်ပြန်​သောသဝဏ်လွှ

သဝဏ်လွှာတွင်CPC၏ခိုင်မာသည့် ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူများသည် ကြီးမားသည့်အခက်အခဲများကို ကျော်ဖြတ်နိုင်ခဲ့ပြီး တရုတ်နိုင်ငံနှင့် စီးပွားရေးဖွံ့ဖြိုးရေးတွင်လည်း ကြီးမားသောအောင်မြင်မှုများရရှိခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

NUCC သည် ၂၀၂၀ အထွေထွေရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များနှင့်ဖွဲ့စည်းထားသည့် CRPHကိုယ်စားလှယ်များ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ(EROs)၊ ပြည်နယ်အခြေပြု/လူမျိုးအခြေပြုအကြံပေးကောင်စီများ/အဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ လူငယ်နှင့် အမျိုးသမီးအဖွဲ့အစည်းများ၊ သပိတ်ကော်မတီများ၊ အလုပ်သမားသမဂ္ဂများ၊ အရပ်ဘက်အဖွဲ့အစည်းများ စသည့် နိုင်ငံရေးအဖွဲ့အစည်း ၃၃ ဖွဲ့မှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထား​ကြောင်းလည်းသဝဏ်လွှာတွင်​ဖော်ပြထားသည်။

NUCC မှအဂ်လိပ်ဘာသာဖြင့်​ပေးပို့ထုတ်ပြန်​သောသဝဏ်လွှာ
NUCC မှအဂ်လိပ်ဘာသာဖြင့်​ပေးပို့ထုတ်ပြန်​သောသဝဏ်လွှာ

NUCC သည် မြန်မာနိုင်ငံကို ကိုယ်စားပြုသည့် ယန္တရားတစ်ရပ်အနေဖြင့် အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံ၏ အောင်မြင်မှုကို သံတမန်ဆက်ဆံရေးအရ ချီးကျူးဂုဏ်ပြုသည်ဟု ယူဆကြောင်း မြန်မာ့အရေးလေ့လာစောင့်ကြည့်သူတစ်ဦးက မှတ်ချက်ပြုသည်။

“တရုတ်က အိမ်နီးချင်းနိုင်ငံလည်းဖြစ်တယ်။ နောက်ပြီးတော့ မြန်မာ့အရေးနဲ့ပတ်သက်လို့ အရေးကြီးတဲ့နိုင်ငံလည်းဖြစ်တယ်။ ဒါဟာ သံခင်းတမန်ခင်းအရ ဆက်ဆံရေးကို ဖော်ပြတဲ့ သဘောလို့တော့ သုံးသပ်လို့ရတယ်။ အခုမြင်ကြတာတော့ တရုတ်နဲ့ တော်လှန်ရေးနဲ့ ဆက်စပ်ပြီးတော့ ပြောကြတာတွေလည်း ရှိကောင်းရှိမယ်။ ဒါပေမဲ့ နိုင်ငံတစ်ခုရဲ့ ယန္တရားတစ်ခုက တော့ အိမ်နီးချင်းနိုင်ငံကိုဒီလိုသံခင်းတမန်ခင်းအရ ဆက်ဆံတာမျိုးကတော့ ရှိသင့်တယ်လို့ မြင်ပါတယ်” ဟု ၎င်းက ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်မှာ ဒရုန်းပိုင်ဆိုင်ခွင့်ကို ပိတ်ပင် တားဆီးသွားမယ်လို့ သိရပါတယ်။ လုံခြုံရေးအတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ အခုစည်းမျဉ်းသစ်ကို နိုဝင်ဘာလမှာ စတင်သတ်မှတ် ကျင့်သုံးသွားမှာ ဖြစ်ပါတယ်။

ဆောင်းပါး

မနက်ခင်း ဒီရေတက်လာတဲ့အချိန်မှာ သူဟာ ရေထဲကနေ ခေါင်းလေးပေါ်လာတယ်။ ခဏလောက် အသက်ရှူပြီး ပြန်ငုပ်သွားတယ်။ ရေပြင်ပေါ်မှာတော့သူ့ကိုယ်ခန္ဓာရဲ့အရိပ်တစ်စင်း။

နိုင်ငံတကာ

ယူကရိန်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရှိလာရင်တောင်မှ တိုက်ခိုက်မှုတွေကိုတော့ ရုရှားက ရပ်တန့်ထားမှာ မဟုတ်ကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

Facebook