Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လေထုညစ်ညမ်းမှုနဲ့ ရာသီဥတုကြောင့် သီရိလင်္ကာမှာ ကျောင်းတွေပိတ်

ပြည်တွင်းမှာ ရှိနှင့်ပြီးသား လေထု အမှုန်အမွှားတွေအပြင် နယ်စပ်ဖြတ်ကျော် ရောက်ရှိလာတဲ့ မီးခိုးမြူတွေပါ ပေါင်းစည်းသွားရာက အခုလို လေထုညစ်ညမ်းမှုတွေ ဆိုးသထက် ဆိုးသွားတာလို့ သီရိလင်္ကာ အမျိုးသား သုတေသန ဌာနက ထုတ်ပြန်ထားပါတယ်။

လေထုညစ်ညမ်းမှုနဲ့ ရာသီဥတုကြောင့် သီရိလင်္ကာမှာ ကျောင်းတွေပိတ်
လေထုညစ်ညမ်းမှုနဲ့ ရာသီဥတုကြောင့် သီရိလင်္ကာမှာ ကျောင်းတွေပိတ်

ရာသီဥတု အခြေအနေရယ်၊ လေထုညစ်ညမ်းမှုတွေရယ်ကြောင့် သီရိလင်္ကာ တစ်နိုင်ငံလုံးမှာ ကျောင်းတွေ ပိတ်ထားဖို့ အာဏာပိုင်တွေက အမိန့် ထုတ်ခဲ့ရပါတယ်။

ဒီဇင်ဘာ ၉ ရက်က အာရှတောင်ပိုင်း ကျွန်းနိုင်ငံငယ်လေးရဲ့ လေထုဟာ ကျန်းမာရေးအတွက် မသင့်တော်လောက်တဲ့ အနေအထားထိ ဆိုးရွားနေသလို နေရာအနှံ့ မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေ၊ လေပြင်း တိုက်ခတ်မှုတွေ ဖြစ်ပေါ်နေခဲ့တာကြောင့် ကျောင်းတွေကို ပိတ်ထားစေခဲ့ရတာ ဖြစ်ပါတယ်။

မြို့တော် ကိုလံဘို အပါအဝင် သီရိလင်္ကာရဲ့ အစိတ်အပိုင်း တော်တော်များများမှာ အခုရက်ပိုင်းအတွင်း ရာသီဥတု ဆိုးရွားတဲ့ အခြေအနေတွေ ကြုံနေရပါတယ်။ ကိုလံဘိုမှာလည်း မြူတွေဆိုင်းရာက နောက်ဆက်တွဲ မီးခိုးမြူတွေ ဖြစ်ပွားပြီး လေထု ညစ်ညမ်းနေပါတယ်။ အလားတူ ပြဿနာမျိုးက အိမ်နီးချင်း အိန္ဒိယ နိုင်ငံမှာလည်း အတော် ကြီးကြီးမားမား ကြုံတွေ့နေရပါတယ်။

ပြည်တွင်းမှာ ရှိနှင့်ပြီးသား လေထု အမှုန်အမွှားတွေအပြင် နယ်စပ်ဖြတ်ကျော် ရောက်ရှိလာတဲ့ မီးခိုးမြူတွေပါ ပေါင်းစည်းသွားရာက အခုလို လေထုညစ်ညမ်းမှုတွေ ဆိုးသထက် ဆိုးသွားတာလို့ သီရိလင်္ကာ အမျိုးသား သုတေသန ဌာနက ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ဒီအခြေအနေဟာ နိုင်ငံအနှံ့မှာ ဖြစ်ပေါ်နေပြီး ကျန်းမာရေး ပြဿနာတွေ ကြုံတွေ့လာနိုင်တာကြောင့် သတိထားသင့်ကြောင်း ဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် အေဆယ်လာ ဂူနာဝါဒါနာက ပြောပါတယ်။ သူက ပညာရေးဌာန အာဏာပိုင်တွေက ကျောင်းတွေ ပိတ်ဖို့ ဆုံးဖြတ်ခဲ့တာကိုလည်း ကြိုဆို ထောက်ခံသွားပါတယ်။

အခုသီတင်းပတ်အတွင်း သီရိလင်္ကာက မြို့ရွာတချို့မှာ မိုးသည်းသည်းထန်ထန်ရွာပြီး လေပြင်း တိုက်ခတ်မှုတွေကြောင့် သစ်ပင်တွေ ပြိုလဲပြီး လမ်းတွေ ပိတ်ဆို့ကုန်သလို မတော်တဆမှုတွေအတွင်း ၂ ဦးသေပြီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် ဘင်္ဂလား ပင်လယ်အော်ထဲမှာလည်း ဆိုင်ကလုန်း မုန်တိုင်းငယ်တစ်ခု ဖြစ်ပေါ်နေပြီး သီရိလင်္ကာ အရှေ့မြောက်ဖက် အိန္ဒိယ နိုင်ငံ ကမ်းရိုးတန်းဖက်ကို ဦးတည် ရွေ့လျားနေတယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

စူပါ အယ်လ်နီညိုကြောင့် ၂၀၂၆ ဟာ မှတ်တမ်းတင်ဖူးသမျှ အပူဆုံး နှစ်တစ်နှစ် ဖြစ်လာလိမ့်မယ်လို့ မိုးလေဝသ ပညာရှင်တွေက သတိပေးခဲ့ပါတယ်။

သတင်း

အောက်တိုဘာ ၁၀ မှာ​ဒေသနှစ်ခုအပူချိန်စံချိန်သစ်တင်

သတင်း

ကမ္ဘာပေါ်မှာ လက်ရှိကြုံတွေ့နေတဲ့ ပြင်းထန်တဲ့ အပူလှိုင်းဖြတ်မှု စူပါအယ်လ်နီညို ဖြစ်စဉ်ကြောင့် လာမယ့် ​ခြောက်လအတွင်း လူပေါင်း လေးသိန်းခွဲလောက်သေဆုံးနိုင်ကြောင်းသိပ္ပံပညာရှင်တွေစုပေါင်းရေးသားပြုစုထားတဲ့အစီရင်ခံစာ အသစ်တစ်ခုမှာ ခန့်မှန်းဖော်ပြထားပါတယ်။

Facebook