Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားနိုင်ငံ အတွင်းပိုင်းက လေတပ်စခန်း တစ်ခုကို ယူကရိန်းဒရုန်း တိုက်ခိုက်မှုကြောင့် ၃ ဦးသေ

ရုရှားဟာ ယူကရိန်းကို ဒုံးကျည်တွေနဲ့ ကာလရှည်ကြာ ပစ်ခတ်နေခဲ့ရာမှာ အန်ဂဲလ်စ်ကို အဓိက ခြေကုပ်စခန်း တစ်ခုအနေနဲ့ အသုံးချခဲ့တယ်လို့လည်း သိရပါတယ်။

ရုရှားနိုင်ငံ အတွင်းပိုင်းက လေတပ်စခန်း တစ်ခုကို ယူကရိန်းဒရုန်း တိုက်ခိုက်မှုကြောင့် ၃ ဦးသေ
ရုရှားနိုင်ငံ အတွင်းပိုင်းက လေတပ်စခန်း တစ်ခုကို ယူကရိန်းဒရုန်း တိုက်ခိုက်မှုကြောင့် ၃ ဦးသေ

ယူကရိန်း ဒရုန်းတစ်စီးက ရုရှားနိုင်ငံ တောင်ပိုင်းမှာရှိတဲ့ လေတပ်စခန်း တစ်ခုကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာက ၃ ဦးထက်မနည်း သေဆုံးကြောင်း ရုရှားက အတည်ပြုခဲ့ပါတယ်။

အန်ဂဲလ်စ် လေတပ်စခန်းနားမှာ အဲဒီ ဒရုန်းကို ရုရှား လေကြောင်းရန် ကာကွယ်ရေး တပ်တွေက ပစ်ချလိုက်ပေမယ့် အပျက်အစီးတွေ ပြုတ်ကျလာပြီး ထိမှန်လို့ လေတပ်စခန်းမှာ ရှိနေတဲ့ ပြုပြင်ထိန်းသိမ်းရေး ဝန်ထမ်း ၃ ဦး အသက် ဆုံးရှုံးခဲ့ရတာလို့ ရုရှားက ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ လဆန်းပိုင်းလောက်တုန်းကလည်း ယူကရိန်းဟာ ရုရှား လေတပ်စခန်းတွေကို အလားတူ နည်းလမ်းတွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ရုရှားက စွပ်စွဲဖူးပါတယ်။ အန်ဂဲလ်စ် လေတပ်စခန်းဟာ ယူကရိန်းနဲ့ နယ်စပ်ကနေ အတွင်းပိုင်း ကီလိုမီတာ ၅၀၀ လောက် အကွာမှာ တည်ရှိပြီး ရုရှား လေတပ်ရဲ့ ဗုံးကြဲ လေယာဉ်ကြီးတွေကို ထားရှိပါတယ်။

အန်ဂဲလ်စ် လေတပ်စခန်းကို တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းက တရားဝင် ဝန်မခံပေမယ့် ယူကရိန်း လေတပ်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ယူရီ အင်းဟတ်ကတော့ ဒီလို ကိစ္စမျိုးတွေကို ရုရှားက ယူကရိန်းမြေပေါ်မှာ ကျူးလွန်နေကျ ဖြစ်တယ်လို့ သွယ်ဝိုက် မှတ်ချက် ပေးသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယူကရိန်းရဲ့ ဒရုန်းတစ်စီးက ရုရှားပိုင်နက်ထဲ ကီလိုမီတာ ရာနဲ့ချီ အကွာအဝေးထိ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်လာနိုင်ခဲ့တယ် ဆိုတာက ရုရှား လေကြောင်းကာကွယ်ရေး နည်းပညာ အတွက်တော့ အရှက်ရစရာ ကိစ္စတစ်ခု ဖြစ်လာပါတယ်။

ရုရှားက အခုဖြစ်စဉ်မှာ လေယာဉ်နှစ်စီး အနည်းအကျဉ်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ပြောခဲ့ပြီး ယူကရိန်း ဒရုန်းရဲ့ တိုက်ခိုက်မှုကြောင့်လို့ ဆိုတာထက် ဒရုန်း အပျက်အစီးတွေ ထိမှန်လို့သာ အခုလို ပျက်စီးမှုတွေ၊ သေဆုံးမှုတွေ ဖြစ်ခဲ့တာလို့ တွင်တွင် ပြောဆိုခဲ့ပါတယ်။

ယူကရိန်း လေတပ်ကတော့ အန်ဂဲလ်စ် လေတပ်စခန်းမှာ ရုရှားအနေနဲ့ ထိခိုက်ဆုံးရှုံးမှုတွေ ဘယ်လောက်ထိ ကြုံခဲ့သလဲဆိုတဲ့ ဂြိုဟ်တု မှတ်တမ်း ဓာတ်ပုံတွေကို မကြာခင် ထုတ်ပြန်နိုင်ဖို့ မျှော်လင့်ကြောင်း မှတ်ချက် ပေးထားပါတယ်။

ရုရှားဟာ ယူကရိန်းကို ဒုံးကျည်တွေနဲ့ ကာလရှည်ကြာ ပစ်ခတ်နေခဲ့ရာမှာ အန်ဂဲလ်စ်ကို အဓိက ခြေကုပ်စခန်း တစ်ခုအနေနဲ့ အသုံးချခဲ့တယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားနိုင်ငံ၊ မော်စကို မြို့တော်မှာ လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် လူ ၃ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

နိုင်ငံပိုင်နက်ထဲ ဒုံးကျည် ကျရောက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပိုလန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ရုရှား သံအမတ်ကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။