Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကိုဗစ် ကပ်ရောဂါအတွက် အရေးပေါ် အခြေအနေ သတ်မှတ်ချက်ကို ဆက်ထားရှိဖို့ WHO ဆုံးဖြတ်

လောလောဆယ်မှာ ကိုဗစ်ရောဂါရဲ့ သဘောသဘာဝဟာ စပ်ကူးမတ်ကူး ကာလမျိုးကို ဖြတ်သန်း ဝင်ရောက်နေဆဲဖြစ်ပြီး အလေးထား စောင့်ကြည့်မှုတွေ ဆက်လက် လိုအပ်နေတယ်လို့ ကော်မတီက မှတ်ချက် ပေးခဲ့ပါတယ်။

ကိုဗစ် ကပ်ရောဂါအတွက် အရေးပေါ် အခြေအနေ သတ်မှတ်ချက်ကို ဆက်ထားရှိဖို့ WHO ဆုံးဖြတ်
ကိုဗစ် ကပ်ရောဂါအတွက် အရေးပေါ် အခြေအနေ သတ်မှတ်ချက်ကို ဆက်ထားရှိဖို့ WHO ဆုံးဖြတ်

ကိုဗစ် ကပ်ရောဂါအတွက် နိုင်ငံတကာ ကျန်းမာရေး အရေးပေါ် အခြေအနေ သတ်မှတ်ထားမှုကို ဆက်လက် ထားရှိဖို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ဆုံးဖြတ်လိုက်ပါတယ်။

ဇန်နဝါရီ ၃၀ က ကျင်းပခဲ့တဲ့ WHO ထိပ်သီး ညီလာခံရဲ့ ဆွေးနွေးမှု ရလဒ်ကို အဖွဲ့အစည်းရဲ့ အကြီးအကဲ ဒေါက်တာ တက်ဒ်ရော့စ် အက်ဒ်ဟာနွမ် ဂျီဘရီယီးဆက်စ်က အတည်ပြု ကြေညာခဲ့ပါတယ်။ WHOဟာ ကိုဗစ် ကပ်ရောဂါကို အမြင့်ဆုံးအဆင့် ကမ္ဘာ့ ကျန်းမာရေး ပြဿနာကြီးအဖြစ် ကြေညာထားတာ ၃ နှစ်လောက် ရှိခဲ့ပါပြီ။

မူလက အခုလကုန်ပိုင်းမှာ အဲဒီ ကြေညာချက်ကို ပယ်ဖျက်နိုင်ဖို့ WHOက မျှော်လင့်ထားပေမယ့် ကမ္ဘာ့နိုင်ငံ တချို့မှာ ကိုဗစ်လှိုင်း ရိုက်ခတ်မှုတွေ အတောမသတ်နိုင်သေးဘဲ အပတ်စဉ် ကမ္ဘာအနှံ့မှာ အဲဒီ ရောဂါကြောင့် လူပေါင်း သောင်းနဲ့ချီ သေဆုံးနေဆဲ ဖြစ်တဲ့အတွက် ကျန်းမာရေး အရေးပေါ် အခြေအနေ သတ်မှတ်ချက်ကို ဆက်ထားဖို့ ဆုံးဖြတ်ခဲ့ရကြောင်း ဒေါက်တာ ဂျီဘရီယီးဆက်စ်က ဆိုပါတယ်။

ကိုဗစ်အတွက် နိုင်ငံတကာ ကျန်းမာရေး အရေးပေါ် အခြေအနေ သတ်မှတ်ထားမှုကို ရုပ်သိမ်းဖို့ သင့်မသင့် WHOရဲ့ နိုင်ငံတကာ ကျန်းမာရေး စံနှုန်းဆိုင်ရာ အရေးပေါ် ကော်မတီ အစည်းအဝေးမှာ အကျေအလည် ဆွေးနွေးခဲ့ကြတာပါ။

Public Service Announcement

Public Service Announcement

လောလောဆယ်မှာ ကိုဗစ်ရောဂါရဲ့ သဘောသဘာဝဟာ စပ်ကူးမတ်ကူး ကာလမျိုးကို ဖြတ်သန်း ဝင်ရောက်နေဆဲဖြစ်ပြီး အလေးထား စောင့်ကြည့်မှုတွေ ဆက်လက် လိုအပ်နေတယ်လို့ ကော်မတီက မှတ်ချက် ပေးခဲ့ပါတယ်။

ကိုဗစ်ဟာ လူ့သမိုင်းမှာ ကြောက်စရာ အကောင်းဆုံး ကူးစက်မြန် ကပ်ရောဂါဆိုး တစ်ခုအနေနဲ့ သတ်မှတ် ခံခဲ့ရပေမယ့် ၂၀၂၀ ပြည့်နှစ်ကုန်ပိုင်းမှာ အစွမ်းထက် ကာကွယ်ဆေးတွေ စတင် ထုတ်လုပ်လာနိုင်ခြင်းနဲ့အတူ အခြေအနေတွေကို ပြန်လည် ထိန်းညှိလာနိုင်ခဲ့ပါတယ်။ ကမ္ဘာ့နိုင်ငံ အများစုမှာ ကပ်ရောဂါ ထိန်းသိမ်းရေးဆိုင်ရာ ကန့်သတ်ချက်တွေကို ဖြေလျှော့လိုက်ပြီ ဖြစ်ပေမယ့် လွန်ခဲ့တဲ့ သီတင်း ၈ ပတ်အတွင်း ကမ္ဘာတလွှားမှာ ကိုဗစ်ကြောင့် အသက်ဆုံးရှုံးသူ ၁၇၀၀၀၀ ကျော် ရှိနေဆဲလို့ WHOက ထောက်ပြခဲ့ပါတယ်။

၂၀၁၉ ခုနှစ်၊ နှစ်ကုန်ပိုင်းလောက်က တရုတ်နိုင်ငံ အလယ်ပိုင်း၊ ဝူဟန်မြို့ကနေ စတင် ပျံ့နှံ့လာတဲ့ ကိုရိုနာ ဗိုင်းရပ်စ် အမျိုးအစားသစ်ကြောင့် ကမ္ဘာ့ကပ်ရောဂါကြီး အစပြုခဲ့ပြီး ၃ နှစ်လောက် ကာလအတွင်း လူပေါင်း ၆.၈ သန်းကျော် သေကြေ ပျက်စီးခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံဟာ စစ်ရေးပဋိပက္ခနဲ့ ကူးစက်ရောဂါဆိုး တပြိုင်နက် ထိုးနှက်တဲ့ဒဏ်ကို ကြုံတွေ့နေရပြီလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကွန်ဂို နိုင်ငံမှာ ဖြစ်ပွားနေတဲ့ အီဘိုလာ ရောဂါဟာ ကူးစက်နှုန်း အရရော၊ ကူးစက်မှု အတိုင်းအတာတွေ အရပါ အရမ်းစိုးရိမ်စရာ အခြေအနေမျိုးလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ရဲ့ အကြီးအကဲက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အာဖရိက နိုင်ငံနှစ်ခုမှာ ဖြစ်ပွားနေတဲ့ အီဘိုလာရောဂါ ကူးစက်မှုတွေကို ကမ္ဘာ့ ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေ တစ်ခုအဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ကြေညာလိုက်ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ရဲ့ နှစ်ပတ်လည် ကမ္ဘာ့ကျန်းမာရေး ညီလာခံ (WHA)ဆီ ထိုင်ဝမ် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဖို့ ခွင့်ပြုမှာ မဟုတ်ကြောင်း တရုတ် အစိုးရက သတိပေး ပြောကြားလိုက်ပါတယ်။